Showing posts with label ရခိုင့်စာပီ. Show all posts
Showing posts with label ရခိုင့်စာပီ. Show all posts

ရခိုင်လူမျိုးနန့် ယင်းရို့၏ အနာဂတ်ပြဿနာ



တင်ပြသူ- မောင်လှအောင်
(ရခိုင်ရိုးမ)       07,july,2011
တိုင်းနန့် ပြည်နယ် (၁၄)ခုမှာ  အနိမ်ခံရဆုံးပြည်နယ် တခုဖြိုက်တေ ရခိုင်ပြည်။ နှစ်ပေါင်း (၂၂၆)နှစ်တာ ကျွန်သက်တမ်းနန့် မွီးဖွားလာရရေ ရခိုင်လူထုနန့် ရခိုင်မြီကို ဗစဖြဲပနာ လက်ညိုးထိုးပြီးကေ တရုတ်ကို ရောင်းစားနိန်ရေ ဗမာခေါင်းဆောင်တိ။

ရလာရေ ဖေ့ချာကို ၂၁-ရာစုသစ်မှာ နေပြည်တော်နန်းအဖြိုက် အသက်သွင်းလာဖို့ဖြိုက်တေ။ တော်လှန်ရေး ကာလဆိုရေစကားချေ တခွန်းနန့် ခရီးဆက်နိန်ရရေ ရခိုင်လူထု။

လမ်းစိုင်ကို ဂနိန့်ထိ ၀ိုးတ၀ါးဖြိုက်နိန်ရေ ရခိုင်နိုင်ငံရေးလမ်းစိုင်။ တခုလိုအပ်နိန်ဗျာယ် ဖြိုက်တေ။ ရခိုင့်ခေါင်းဆောင်တိ အနိန်နန့်ပြတ်သားရေ မူဝါဒတိရှိဖို့ လိုအပ်လာရေ။ ဘရေးဘ မက္ကလာကို ဆောင်းချင်ရေ စိတ်ဓာတ်တိကို ဖျောက်ဖို့ လိုအပ်လာဗျာယ်ဖြိုက်တေ။
ဗမာတိ သူရို့ အချင်းချင်း စည်းရုံးလာဗျာယ်။ မြန်မာတနိုင်ငံလုံးဗမာစကား ဖြိုက်ရမည်။ ဗမာစာကို ရွိးရမေ ဆိုရေ စီမံကိန်းကို မကြာမီ အကောင်အထည်ဖော်လာနိုင်ရေ။

နောက်ဆုံး ရခိုင်လူမျိုးရို့၏ မူလဇာတ်မြစ် ယိုင်ကျေးမှုတိလဲ ၀ါးမျိုခံရဖိုဖျြိက်တေ။  ဂနိလူငယ်တိကြား မိခင်ဘာသာစကားကို အသုံး မများဘဲ။ ဗမာစာကို ပိုရွီလားကတ်ဗျာယ်။

ရခိုင်စာနန့် ဗမာစာ အတူတူုရာဆိုရေ  စကားချေ တခွန်းနန့် နှစ်ပေါင်း ရာကျော် ဖြတ်သန်းလာရေ ရခိုင်စာပီကို ချောင်းထဲကို ပစ်ချလိုက်ရဖို့ ကိန်းဖြိုက်လာရေ။

အင်္ဂလိပ်တိ ကြိုးစားမှုကြောင်း တကမ္ဘာလုံး အင်္ဂလိပ်စာ အင်္ဂလိပ်စကားကို သုံးလာကတ်ဗျာယ်။ အင်္ဂလိပ် ဘာသာဆိုကေ အားလုံးနီးပါး နားလည်ရေ။

လူမျိုးတမျိုး၏ စာပီကို ယင်းလူမျိုးက မဖော်ထုတ်ကေ တခြားလူမျိုးက ဖော်ထုတ်လာဖို့မဟုတ်ပါ။  ရခိုင်သားရို့ကြားမှာ အများစု ထွက်နိန်ရေ စကားတခုရှိရေ ရခိုင်စာ အရွိးအသားပြဿနာ ၊ တချို့ကလဲ စံနန့် ရွီးရဖို့ တချို့လဲ ဒေသိယ စကားနန့် အမျိုးမျိုး ကွဲပြားနိန်ရေ။ ရခိုင်စာ အရွိအသားစံ တရပ်ကို စောင့်နိန်ဖို့ဆိုကေ မကြာမီမာ ရခိုင်စာ ၀ါးမျိုးခံရဖို့ ဖြိုက်တေ ၉၉% ရာခိုင်နှုန်းက ဗမာစာကို သုံးနိန်ကတ်ဗျာယ်။

ကိုယ့်စာ ရှိယင့်သားနန့် သူများစာကို အငှားသုံးရရေ အဆင့်ဆိုစွာ သူများစာကို အထင်ကြီးလို့ ဖြိုက်တေ ။ ရခိုင်စာပီရေ ရခိုင်လူမျိုး၏ အသက်၊ ရခိုင်လူမျီုး၏ အသည်းနှလုံး၊  ရခိုင်စာရာ ဒေပိုင်တစတစပျောက်လားဖို့ဆိုကေ နောက်ဆုံးရခိုင်လူမျိုးဇာက ဆင်းသက်လာရေလဲဆိုစွာ မိန်းခွန်းထုတ်လာကတ်ဖိုဖြိုက်တေ။

ကမ္ဘာတ၀ှမ်း စပိန် ၊ပြင်သစ်၊ ဂျာမန်၊ တရုတ်၊ဂျပန်၊ စရေ လူမျိုးတိက မိမိရို့ဘာသာနန့် အင်္ဂလိပ်ဘသာ တထပ်တည်းကျအောင် စိုင်းပြင်းနိကတ်ဗျာယ်။  ကိုယ်လူမျိုးစာပီ မပျောက်ရအောင် ကြိုးစားနိန်ကတ်ဗျာယ်။
အလားတူ ကရင်၊ချင်း ၊ရှမ်းရို့လဲ မိမိရို့စာပီမပျောက်အောင် ကြိုးစားနိန်ကတ်ဗျာယ်၊ အင်တာနက် စာမျက်နှာတိ မှာလဲ သူရို့ဘာသာတိနန့် လွှင့်တင်ထားစွာကိုလဲ အားလုံးအသိပင်။ ဆိုကေ ဂနိ ရခိုင်ရို့မှာ စာလုံးပေါင်း သတ်ပုံ၊ သဒ္ဒါဆိုရေ မူဝါဒနန့် ရခိုင်စာကိုကျောခိုင်းလားဗျာယ်။

ရခိုင်စာ အရွီးအသားမှန်မှ ရခိုင်စာကိုဖော်ထုတ်ရဖို့ဆိုကေ  ရခိုင်စာလုံးပေါင်း ဇာနိမှန်လာဖို့၊ ရခိုင်စံ အရွီးသား စံတရပ် ဇာနိ ပေါ်လာဖို့လဲ၊ ယင်းပိုင် ပေါ်လာစွာကို ထိုင်ပနာစောင်နီရဖို့လား လို့ မိန်းခွန်း ထုတ်စရာတိ ဖြိုက်လာပါရေ။ ယင်းပိုင်ဆိုကေ အဂုသုံးနိန်ကတ်တေ ဒေသိယစကားတိကား ရခိုင်စကားမဟုတ်လား ဆိုစွာတိ မိန်းစရာ ဖြိုက်လာပါရေ။

ဂနိ ရခိုင်လူထုရေ စစ်မှန်ရေ လွတ်လပ်မှုကို ရဗျာယ်လား၊  တကယ်လို့ ဗမာခေါင်းဆောင်တိဗမာ တပြည်နယ်လုံး ဗမာစာ ဗမာစကားကို ရွီးရဖို့လို့ သြဇာပီးလာကေ ရခိုင်တိ ဇာပိုင်လုပ်ကတ်ပါဖို့လဲ။

ရခိုင်အမျိုးသားတိ စိုင်းစားစရာအချက်တိ အများအပြားဖြိုက်လာနိန်ပါဗျာယ်။ စီးပွားရေး ၀ါးမျို၊ လူမျိုးရေး ၀ါးမျို၊ နောက်ဆုံး ဘာသာစာပီပါ ၀ါးမျိုးလာနိုင်ပါရေ။ ဗမာအစိုးရ  ဒေသခံ ရခိုင်လူထု အကျိုးစီးပွားထက် မိမိရို့ ဗမာလူမျိုး ၀မ်းဝရေးကို ပိုမိုဦးစားပီးနိန်စွာကို ရခိုင်ရို့ အသိပင် ဖြိုက်တေ။

ရခိုင်ပြည် နယ်ထွက် သယံဇာတနန့် ရောင်းရငွေတိကိုတောင်  နေပြည်တော်အပါအ၀င် မန္တလေးနန်းကိုပင် ရွီချလာဖို့ ဖြိုက်တေ။
ပြည်နယ် ပြည်ပ မခွဲခြားဘဲ တပြည်းညီထားရေ ဆိုရေ ဗမာခေါင်းဆောင်တိ မူဝါဒ ကား အဂုလက်ရှိမှာ ဇာလဲဆိုစွာပေါ်လွင်နိန်ရေ ။
မိုးရီချိန် လက္ခ၂၀၀တောင် မပြည့်ရေ စစ်ကိုင်းနန့် တခြားနိန်ရာတိမှာ သီးထပ် စပါး စိုက်နိုင်ဗျာယ်။ ရခိုင်ပြည်မာကား ၀ီးလီစွ။

ရခိုင်ပြည်ကို ဘဏ္ဍာတိုက်လို့ ဗမာ စစ်ခေါင်းဆောင်တိက သတ်မှတ်ထားရေပိုင် ရခိုင်ပြည်မာ ကျလာရေ ဗိုလ်ချုပ်တိ၊ တိုင်းမှုတိရေ အပြန်ခရီးမှာ သောတ္တာ အပြည့် ထမ်းလားရေ။ ယင်းဖေ့သာတိ ဇာကရလဲ မီန်းစရာကား အများကြီး။ ရခိုင်လူမျိုးကိုဂုတ်သွီးစုပ်ပနာ ယူလားရေ ဖေ့သာတိနန့် ယာရှင်ကို မျောက်နှင်ဖို့ လုပ်နိန်ရေ လူတိလဲ မျိုဆို့ လားလီယင့်။။

နောက်ဆုံး အနိန်နန့် ပြောရကေ ရခိုင် အမျိုးသားတိုင်း တိကျ ပြတ်သားမှု တခုကို လိုအပ်နိန်ဗျာယ် ဖြိုက်တေ၊ လူမျိုးရေး ၀ါးမျိုခံ ဘ၀နန့် နိန်လားရဖို့လားဆိုစွာ စိုင်းစားကတ်စီလိုပါရေ။

ဒေပိုင် တိကျရေ လမ်းစိုင်းကို မလိုက်ခဆိုကေ သရက်ရင်ဆိုးသီး ဘ၀နန့် ခရီးဆက်ရဖို့ကိန်း သေချာပါရေ။ အမိကရခိုင် အဖကဗမာ  ပေါက်လာရေသားသမီးက သရက်ရင်ဆိုးသီး ပိုင်ဖြိုက်လားပါလိမ့်မေ။ မိမိဇာလူမျိုးလဲဆိုစော် လမ်းစ ပျောက်တေကိန်း ဆိုက်လာဖို့ဖြိုက်တေ။

ရခိုင်သားအားလုံးကိုလေးစားလျှက်...................http://www.rakhaingroma.com

စံ ရခိုင်စာပီပန်းတိုင်ကို လားရောက်ခြင်း

ရခိုင်စာပီအကြောင်းကို စဉ်းစားကေ အလွန်စိတ်မကောင်းဖြစ်ရပါရေ။ အေနိ ရခိုင်စာပီအရီးအသားပြဿနာစွာ တရက်ထက်တရက် ကြီးမားလာပါရေ။ စာပီပညာသျှင်တိက ယင်းပြသနာတိကို တင်ပြကတ်ကေလေ့ ဇာနည်းဇာပုံ ဖြေယှင်းရဖို့လို့ ဆိုကတ်စွာကိုတော့ခါ အဂုထက်ထိ မတွိရသီးပါ။
ရခိုင်လူမျိုးရို့ကို 'ရခိုင်စာပီ ရီးသားကတ်ပါ' လို့ပြောလိုက်တိုင်း 'စံအရီးအသား ဇာမာလေ' ဆိုရေ မီးခွန်းတိနန့်ဂျေး ကြုံတွိရပါရေ။ လက်ဟိရီးသားနီရေလူတိကလေ့ ရပ်စွဲရွာစွဲတိကို ရှိတန်းတင်ပနာ ရီးသားကတ်တေအတွက်ရခိုင်စာပီတိုး
တက်အောင်လုပ်စွာနန့်မတူဘဲ ရခိုင်စာပီကို ဖျက်ဆီးနီကတ်စွာနန့် တူနီပါရေ။အေပိုင်ရီးသားကတ်စွာရေ။
ရှီးခေတ်အဆက်ဆက်ကပင် ရီးသားလာကတ်တေ ဂန္ထဝင်ရခိုင်စာပီကို ဂျောင်ထိုးပစ်စွာနန့် တူရေပိုင် ရခိုင်စာပီမဟိခရေအတွက် ရခိုင်စာပီအသစ်တစ်ခု တီထွင်ရဖို့ ဆိုရေ အဓိပါယ်လေ့ သက်ရောက်လားပါရေ။
အေနိ ရခိုင်စာပီရီးသားကတ်သူ အများစုရေ ရခိုင်စာပီကို ကိုယ်ရို့ဒေသမာပြောဆိုကတ်တေ စကားသံအတိုင်း ရီးသားကတ်ပါရေ။ အေပိုင်ရာရီးသားနီကတ်ဖို့ဆိုကေ နောက်မကြာခင်မာ ရခိုင်စာပီ အရီးအသားပေါင်း သောင်းနန့် သိန်းနန့် ချီပနာ ဖြစ်လာနိုင်ပါရေ။
ဇာဖြစ်လို့ဆိုပါကေ ရခိုင်လူမျိုးတစ်ယောက်နန့် စကားသံကွဲပြားကတ်တေ အတွက်ကြောင့် ဖြစ်ပါရေ။ မြို့နယ်ဒေသကြီးတိကို ထားပါဖိ၊ ရွာချေတစ်ရွာတည်းမာတောင် တစ်ယောက်နန့်တစ်ယောက် ပြောစွာမတူကတ်ပါ။

ယင်းမတူကတ်စွာတိကို တရားသီဆုပ်ကိုင်ထားပနာ စာအဖြစ်ချရီးရေခါ ရခိုင်စာပီအဖြစ် နာမည်တပ်လာကတ်ပါရေ။ အေကြားထဲမာ အောက်သားဝေါဟာရတိကလေ့ တရက်ထက်တရက် တိုးဝင်လာကတ်တေ။
ယင်းအောက်သားဝေါယာရတိရေ အငြိမ်နီစွာမဟုတ်ပါ။ စစ်တကောင်းကုလားတိ ရိုဟင်ဂျာ နာမည်ခံလာရေပိုင် ယင်းအောက်သားဝေါဟာရတိလေ့ ' အမျိုးအစားကွဲပြားရေ ရခိုင်စကား' ဆိုရေ နာမည်ကို ကျော်ပနာ ဘုံရခိုင်စကား ဆိုရေ နီရာကို ယူလာစွာက ကောင်းရင်နာဖို့ ကောင်းပါရေ။
ရခိုင်လူမျိုးတိမာ အချင်းချင်းအသိအမှတ်မပြု၊ အောက်သားတိနန့်ကျကေ ပု နီကတ်တေဆိုစွာ အေနီရာမာလေ့ တွိနိုင်ပါရေယေ။ ဥပမာအဖြစ်နန့် ဝေါဟာရတစ်ခုကို ပြရဖို့ဆိုပါကေ "မေမေ" ကို ကြည့်ပါ။ ရခိုင်ရို့မာ အမင်၊ အမိ၊ မိမိ၊
အမိုင်း၊ အီးယောင်၊ အီးယေ ဆိုရေ အသုံးအနှုန်းချေတိ မကန်ဟိယင့်သားနန့်  အေ 'မေမေ' ဆိုရေအောက်သားစကားကို ခြီခြီငံငံ ပြောလာကတ်စွာ ကောင်းအံ့သြဖို့မကောင်းပါလား။ အေ မေမေ စွာ အယင်က ရခိုင်ပြည်ဇာနီရာမာလေ့ မသုံးခကတ်ပါ။

အေနိ အေစကားကို သုံးလာကတ်စွာရေ အောက်သားတိကို အထင်ကြီးရေအတွက်ကြောင့် လို့ စွပ်စွဲရဖို့ပိုင်ဖြစ်နီပါရေ။ နောက်နောင်အေပိုင် မဖြစ်ရအောင် ဇာပိုင်လုပ်ကတ်ကေ ကောင်းပါဖို့လေး။

(ဇာလောက်ပင် မိရိုးဖလာ ရခိုင်စကား ဖြစ်လီပတ်စီ၊ ရခိုင်တစ်မျိုးသားလုံးအတွက်မဖြစ်နိုင်ပါကေ ယင်းစကားကို အရီးအသားထဲမာာတင်ပနာမရီးသင့်ပါ။ ရခိုင်ရို့မာ ဗျာလ်၊ ဗျာ၊ ယာလ်၊ယာ အားလုံးတတူတူပါ။ အဂေါင့်ဂေါင့်၊ အဂုန့်ဂုန့်၊ အဂင့်ဂင့် အားလုံးတတူတူပါ။ ယကေလေ့သော့၊ ယကေလေ့သွင့်၊ ယကေလေ့သင့်၊ယကေလေ့သောက် အားလုံးတူပါရေ။ ယင်းအထဲက အများသုံးရေစကားစွာ ကိုယ်ရို့ဒေသမာ သုံးနှုန်းပြောဆိုကတ်တေ စကား ဖြစ်ချင်မှဖြစ်ပါဖို့။ ကိုယ့်စကားမဟုတ်ပတ်စီ အများသုံးတစ်ခုကိုယူပနာရီးသင့်ပါရေ။ မဟုတ်ကေ ရခိုင်ဝေါဟာရတိ ဇာလောက်ပင်ကြွယ်ဝပတ်စီ အောက်သားစကားကဝင်ရောက် အမြတ်ထုတ်လားနိုင်စွာကို အထက်က 'မေမေ' က သက်သီပြနီပါရေ။)

လက်ဟိအနီအထားရေ ရခိုင်တစ်မျိုးသားလုံး၏ အဆိုးရွားဆုံး အနီအထားဖြစ်ပါရေ။ အေပိုင် အနီအထားမာ စံအရီးအသားကို လက်ဝါးဖြန့်တောင်းနီလို့ကား ရဖို့မဟုတ်ပါ။ စံအရီးအသားအတိအကျ ဖြစ်လာဖို့အတွက် ရခိုင်နိုင်ငံပေါ်ပေါက်လာဖို့ လိုအပ်ပါရေ၊ စစ်မှန်ရေရခိုင်အစိုးရတစ်ရပ် လိုအပ်ပါရေ။ ယင်းပိုင်ဆိုကေ ကောင်းရှည်လားပါဗျာလ်။
ရခိုင်လူမျိုးလွတ်မြောက်ဖို့ ရခိုင်လူမျိုးတိ စည်းလုံးဖို့လိုပါရေ။ ရပ်စွဲရွာစွဲ ပုဂ္ဂိုလ်စွဲ ထားနီလို့မရပါ။ လက်ဟိအနီအထားအရ ရခိုင်စာပီကို ရီးသားရေ နီရာမာလေ့ ရပ်စွဲရွာစွဲတိကို ဘေးမာထားပနာ 'ရခိုင်လူမျိုးအတွက်ရခိုင်စာပီ' ဆိုရေ အယူအဆကို နှလုံးသားထဲမာ စွဲမှတ်ထားကတ်ဖို့လိုပါရေ။
ရခိုင်စာပီကို လက်ဟိအနီအထားအတိုင်းရီး နီကတ်ဖို့ဆိုကေတော့ခါ  ရခိုင်လူမျိုးအချင်းချင်း  ပြဿနာ ဖြစ်လာဖြစ်လာနိုင်ပြီးကေ နောက်ဆုံး အောက်သားစာပီမာ အဆုံးသတ်လားနိုင်ပါရေ။ အေပိုင်မဖြစ်ရအောင်  ရခိုင်လူမျိုးတိုင်း ကိုယ်ရီးထားရေစာကို မှန်မမှန် ပြန်ပနာ ဆန်းစစ်သင့်ပါရေ။
ရပ်စွဲရွာစွဲနန့် ရီးသားထားရေ ရခိုင်စာပီစွာ ရပ်ရွာလောက်မာ အသုံးဝင်ပနာ ရခိုင်တစ်မျိုးသားလုံး အတွက်ရည်ရွယ်ပမာ ရီးသားဖို့ဆိုကေတော့ခါ ရခိုင်လူမျိုးတိ အများဆုံးသုံးရေ သတ်ပုံနန့် ဝေါဟာရကို အသုံးပြုပနာ ရီးသားသင့်ပါရေ။
အေပိုင်ရီးသားကတ်ဖို့အတွက် ရခိုင်စာပီတိကို ဖတ်ကတ်ဖို့၊လေ့လာကတ်ဖို့လိုပါရေ။ လက်ဟိ ရခိုင်စာပီတော်လှန်ရေးကို ဇာသူရို့က ဂေါင်းဆောင်နီတေဆိုစွာကို တိတိကျကျလေ့လာကတ်ဖို့ လိုပါရေ။ လက်ဟိ အဝီးရောက်ရခိုင်အများစုရေ ရခိုင်စာပီတော်လှန်ရေးကို အဝီးရောက် ပညာတတ်တိ၊ပညာသျှင်တိက ဦးဆောင်နီကတ်တေလို့ ယူဆကတ်ပါရေ။
ရခိုင်လူမျိုးတစ်ယောက်ပါရဂူဘွဲ့(ဒေါက်တာဘွဲ့) ရစွာရေ ရခိုင်စာပီကို တတ်ကျွမ်းစွာနန့် မဆိုင်ပါ။ ဒေါက်တာဘွဲ့ရပနာ ရခိုင်စာပီရီးသားစွာကို အားမပီးရေ ရခိုင်ပညာတတ်တိမကန်ဟိနီရေအတွက် ရခိုင်စာပီအရီးအသားနန့် ပတ်သက်ကေ သူရို့ကို အားကိုလို့မရပါ။
ရခိုင်စာပီကို တစိုက်မတ်မတ် ဇောက်ချ ရီးသားရေလူကရာ ရခိုင်စာပီကို ချစ်တေလူဖြစ်တေပိုင် ရခိုင်စာပီတိုး တက်အောင် လုပ်ဆောင်နီကတ်တေ လူတိလေ့ဖြစ်ပါရေ။
မျက်မှောက်ကာလ ရခိုင်စာပီပညာသျှင်တစ်ယောက်ကို လက်ညှိုးထိုးပြရဖို့ဆိုပါကေ ' ဆရာကြီး မောင်ဗသိန်း' ကို ပြရပါဖို့။ သူပြီးကေ ဆရာတော်ဇယန္တာဗောဓိ၊ ဆရာနောင်ဧ၊ ဆရာမောင်ခိုင်အောင်ရို့ အစီအသင့်ဟိပါရေ။
အေပုဂ္ဂိုလ်ရို့ရီးရေ ရခိုင်စာပီအရီးအသားတိရေ တစ်ယောက်နန့်တစ်ယောက် စကေတပွေ မတူစွာကလွဲပနာ အရီးအသားအားလုံးစွာ ရခိုင်တစ်ပြည်လုံးစံအဖြစ် အသုံးပြုဖို့ဆိုကေ သုံးလို့ ရနိုင်ရေ အနီအထားမာဟိပါရေ။
ယင်းကြောင့် ရခိုင်စာပီကို ကိုယ်တိုင်မရီးတတ် ပါကေ ယင်းဆရာရို့ အရီးအသားတိထဲကတစ်ခုခုကို ယူနာ ရီးသားသင့်ပါရေ။ မလေးသျှားနိုငံ က ရက္ခဝံလက်ရခိုင်အမျိုးသားမဂ္ဂဇိန်း က ရခိုင်စာပီအရီးအသားတိရေ ယင်းဆရာရို့၏ အရီးအသား(ဆရာမောင်ဗသိန်း အစဟိရေ.....) နန့် တူရေပိုင် အမေရိကနိုင်ငံက အကိုဦးသိန်းမောင် ထုတ်တေ နိုင်ငံတကာရခိုင်အမျိုးသားသတင်းစဉ် က ရခိုင်စာပီ အရီးအသားတိလေ့သော့ ယင်းဆရာရို့၏ အရီးအသားတိနန့် တတူတူဖြစ်ပါရေ။
အေချင့်တိစွာ ရပ်စွဲရွာစွဲတိနန့် ရီးသားကတ်စွာမဟုတ်ဘဲ ရခိုင်တစ်မျိုးသားလုံးအသုံးပြုနိုင်ရေ ဘုံစာပီ(စံစာပီ) ပန်းတိုင်ကိုလားနီကတ်စွာဖြစ်ပါရေ။ လက်ဟိ နာမည်ကြီးအဆိုတော်တိဖြစ်တေ ကိုဝင်းကိုခိုင်နန့် ကိုစံမော်သိန်း ရို့ရေ တောင်ဂုတ်မြို့နယ်သားတိဖြစ်ပါရေ။
ယေလေ့ သူရို့တေးခြင်းဆိုရေခါ တောင်ဂုတ်စကားသံနန့်မဆိုကတ်ပါ။ အေချင့်သည်ပင် ဘုံရခိုင်စကား၊ ဘုံစာပီ ပန်းတိုင်ကို ပန်းတိုင်ကို လားနီကတ်စွာဖြစ်ပါရေ။
အခြီအနီအရပ်ရပ်ကို သုံးသပ်ပနာ ရပ်စွဲရွာစွဲအယူအဆတိကို ဝေးသတ်ပြီးကေ တူရာတူရာ အရီးအသားချေတိကို
ဟူပနာရီးသားကတ်ကေ စံအရီးအသားဖြစ်မလာကေတောင်မှ စံအရီးအသားနီးပါးအဆင့်ကို ရောက်နိုင်လိမေလို့ ယုံကြည်မျှော်လင့်ပါရေ။
ရခိုင်လူမျိုးတိုင်း ရပ်စွဲရွာစွဲ ကင်းကင်းနန့် ရခိုင်စာပီကို ရီးသားနိုင်ကတ်ပါစီ


http://www.rakhaingroma.com

ရခိုင်စာ အရွီးအသား ပြဿနာ



ဂနိရခိုင်ပြည်နယ်အတွင်းမှာ ဟိကတ်တေ မြို့နယ်အင်တန်များများနန့် အသင်းအဖွဲ့တိ တစ်ချို့မဂ္ဂဇင်း ထုတ်လုပ်လာနိုင် ကတ်ပါဗျာလ်။ ပုဂ္ဂလိကအဖြစ် ရခိုင်သားကြီးစာပေကလဲ စာအုပ်စာတမ်းတိ ထုတ်နိန်ရုံမက မပြောခင်မှာပင် မဂ္ဂဇင်းတစ်အုပ်ကို ထုတ်ဖို့ဆိုစွာ သိရပါရေ။ ၀မ်းမြောက်စရာတိပါ။
သမိုင်းဆိုင်ရာ ယိုဉ်ကျေးမှုနန့် ရိုးဓလေ့ဆိုင်ရာ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ ဆောင်းပါးတိကို မကန်မကန် ဖတ်ရှုလေ့လာ ရပါရေ။ အကြောင်းအရာတိ စုံလင်လာရေပိုင် စာဖတ်သူတိကြားမှာ ထိတွိခံစားမှုတိလဲ စူးရှလာကတ်တေ။ မြင်ကွင်းကျယ်ပြန့် လာရေ။ တွေးစရာ၊ ဆင်ခြင်စရာတိကိုလဲ နှိုးခတ်လာရေ။ စာပီတစ်ရပ်မှာ ဆောင်းပါး၊ စာတန်းနန့်ချည်း မပြည့်စုံပါ။ ကဗျာ၊ ၀တ္ထု၊ ရသစာတန်း စရေ ရသစာပီပါ သူ့နီအထားနန့်သူ ပိုင်ပိုင်နိုင်နိုင် ရပ်တည်နီဖို့ပါ လိုအပ်ပါရေ။ ဇာဖြစ်လို့လဲဆိုကေ၊ ဒေရသစာပီ တိရေ ခေတ်ပြိုင်ခံစားမှုကို အရိပ်ထိုးပြလို့ ဖြစ်ပါရေ။ လူမျိုးတစ်မျိုးပိုင် စာပီယိုဉ်ကျေးမှုကို တန်းဖို့ဖြတ်ကတ်စွာမှာ ဒေရသစာ ပီတိရေ တခန်းတနား ပါဝင်ပါရေ။

ဒေပိုင် တခန်းတနား ဟိရေရသစာပီဆိုင်ရာ ကျွန်ရို့ရခိုင်စာ အရွီးအသားရေ တနိထက် တနိ ဖွဲ့ဖြိုးတိုးတက်မလာဘဲ အာဟာရချို့တဲ့နီရေ အသျှေသူငယ်ပိုင် ၀မ်းပူနံကားနန့် အားနည်းချက်တိဟိနီစွာ တွိနီရပါရေ။ ဒေအားနည်းချက်တိကို ကုသဖို့လွန်ခရေ ၁၉၅၀ ခုနှစ်တိကထဲက ကြိုးပမ်းလာကတ်တယ်လို့ ဆရာမောင်ဗသိန်းတင်ပြရေ "ရခိုင်စာ အရီးအ သား ပြဿနာ"ဆောင်းပါးထဲမှာ ဆိုထားပါရေ။ တွက်ကြည့်လေ နှစ်ပေါင်း(၄၅)နှစ် လောက်ပါဗျာယ်။ မျိုးဆက်သစ်တစ်ဆက်(New Generation)မကပါ။ ကာလမနည်းပါ။ အကျွန်ရို့က ၁၉၆၀ ကျော်နှစ်ထဲမှာမှ ဒေပြဿနာနန့် စတိတွိလာကတ်ပါရေ။ အေချင့်တောင် အနှစ်သုံးဆယ်ကျော်ပါဗျာယ်။ One Generation ဟိပါဗျာယ်။ ရှိအနှစ်သုံးဆယ်လုံးလုံး "ရခိုင် စာ အရီးအသား ပြဿနာ" ရေ "ပြဿနာ"ဆိုစွာက လွဲဗျာယ် တစ်ခုမှလဲ ထူးခြားမလာပါ။

ထူးခြားလာရေ အချက်တစ်ချက်က ၁၉၈၀ ခုနှစ်ပတ်ဝန်းကျင်ကနီဗျာယ် ၁၉၉၅ခို" ရခိုင်စာ အရီးအသားပြသနာ လှုပ်ရှားမှု"ကွင်းဆက်ပြတ်နီခရပါရေ။ အဓိကက စာအုပ်စာတမ်း ထုတ်ဝီမှု အဆက်ပြတ်လို့ပါ။ ခုစာအုပ်စာတမ်းတိ ထုတ်ဝီလာကတ်ရလို့ ဒေ"ပြဿနာ" သမိုင်း ပီးတာဝန် တစ်ရပ်အနီနန့် ပြန်လည်ပေါ်ထွက်လာရစွာ ဖြစ်ပါရေ။ ကာလအခိုက် အတန့်တစ်ခုမှာ "လှုပ်ရှားမှု အစဉ်ပြတ်ခရစွာ" နန့် "ရခိုင်တစ်မျိုးသားလုံး လက်ခံနိုင်ရေ" စံဘာသာစကား(Standard Language) တစ်ရပ်မဟိသီး " ဆိုရေ အားနည်းချက်တီကြောင့် ဒေနိ " ပြဿနာ" က ဆီးမမီဝါးမမီနန့် ရောဂါပြန်ထလာပါရေ။
"စံဘာသာစကား" နန့် ပတ်သက်လို့ ကနိထိဇာတစ်ခုမှလဲ ထိထိရောက်ရောက် မစွမ်း ဆောင်နိုင်ကတ်သီးပါ။ ယေကေလဲ ရခိုင်စာအရီးအသားတစ်မျိုးကို မြောက်ပိုင်းသုံးရခိုင် ဘာသာစကား(အထူးသဖြင့် စစ်တွေအပြောစကား)ကို အခြီခံရီးသားနီ ကတ်စွာကို တွိနီရပါရေ ။ ယာယီသဘောဖြစ်ပါရေ။ ယေနန့် "ရခိုင်စာ စံအရီးအသား"(Standard writing)လို့ အကျွန်ပြတ်ပြတ် သားသား မဆိုဝံ့သီးပါ။ ယင်းပိုင်ပြတ်ပြတ်မဆိုဝံ့ကေလဲ အခု မဂ္ဂဇင်းတိမှာ ရီးသားနီကတ်တေ အရီးအသားနန့် ပတ်သက်လို့ ပြောလာဆိုလာစွာတွိရပါရေ။ မြောက်ပိုင်းသုံး စကားကို အသုံးပြုရီးသားနီရေ ဆောင်းပါး၊ ၀တ္ထု အရီးအသားတိရေ နည်းစနစ် မှန်မမှန် အကဲဖြတ်နီကတ်ပါရေ။

ဒေပိုင်အကဲဖြစ်မှုကို ဘာသာဗေဒ၊ သဒ္ဒဗေဒတိမှာ အခြွီခံ တင်ပြကတ်ပါရေ။ ယေနန့် အခု အခါ ဆက်စပ်မိကတ်ဖို့ ဆောင်ပါးအချို့ကိ အညွှန်းအဖြစ် တင်ပြလိုက်ပါရေ။ "ရခိုင်ဝတ္ထုအရီးအသားပြဿနာ" အားသစ်(စစ်တွေ) ရခိုင်မဂ္ဂဇင်း အမှတ်(၃) ၁၉၇၆ ခုနှစ်၊ "ရခိုင်စာပေဆိုတာဘာလဲ" သန္တာမြေ- မင်းမြတ်မော်၊ ရခိုင်တန်ဆောင် မဂ္ဂဇင်း၊ အမှတ်(၁၄)၊ ၁၉၇၅-၇၆ ခုနှစ်၊ "ရခိုင်စာအရီးအသားပြဿနာ" မောင်ဗသိန်း၊ ရခိုင်မဂ္ဂဇင်း အမှတ်(၅)၊ ၁၉၇၇ ခုနှစ်။

ဒေဆောင်းပါးတိရေ ဘာသာဗေဒကို(Linguistic) အဓိက အခြွီခံတင်ပြထားတတ်ပါ ရေ။ဇာလို့ စာအရီးအသားတစ်ခုရေ ဘာသာဗေဒကို အခြွေီခံရစွာလဲ ယင်းချင့်ကရှင်းပါရေ။ စာအရီးအသားတစ်ခုမှာ အဓိက အခြွီခံတိဖြစ်ကေ အက္ခရာ (Latter or Alphabet)၊ ဂဏန်း(Syllable)၊ စာလုံးဖွဲ့ထုံး(morphomies)၊ ၀ါကျဖွဲ့ထုံး(syntax) တိရေအပြော ဘာသာစကား(spoken language) ကို အဓိက အခြွီခံရလို့ပါ။ "Literature is language well-used" စာပီဆိုစွာ မှန်မှန်ကန်ကန် စနစ်တကျ အသုံးပြုထားရေ ဘာသာစကားဖြစ်တေ လို့ အခြွီခံမူတစ်ရပ် ဟိပါရေ။ ဒေအခြွီခံမူကြောင့် အကျွန်ရို့ ခိုင်ခိုင်မာမာ ယုံကြည်ထားစွာက" စာအရီးအသား"ဆိုစွာ ဘာသာစကားကို အခြွီခံရရေ ဆိုရေ အချက်ပါ။ ဒေအခြွီခံက သွေဖီလို့မရပါ။ အတိမ်းအစောင်းလဲ မခံနိုင်ပါ။ "ဟုတ်တာပေါ့၊ သူပေါ့၊ စွပ်ကျယ်တစ်ထည်ကို ဈီးခက်ခက်နန့် ၀ယ်လာစွာ" ဆိုရေ အပြောစကား၊ သို့မဟုတ် စာအရီးအသားရေ၊ ရခိုင်ဘာ သာ စကားကို အခြွီခံထားစွာ ဟုတ်မဟုတ် ဆန်းစစ်ကြည့်ကတ်ပါ။ (ပေါ့)ဆိုစွာ ရခိုင် သုံးနောက်ဆက်စကားလုံး(particles) လား။ (စွပ်ကျယ်) ဆိုစွာ ရခိုင်သုံးစကားလုံး(words) လား။ မဟုတ်လို့ဆိုကေ ရခိုင်စကား သို့မဟုတ် ရခိုင်စာ မပီသလို့ ဆိုရဖို့ရာဟိရေ။

ယေနန့် ရခိုင်အရီးအသားပီပြင်ဖို့ ဇာတိလိုအပ်ပါလဲ၊
(၁) ရခိုင်ဘာသာစကားလုံး ဝေါဟာရတိကို သုံးရဖို့။
(၂) သဒ္ဒါနည်းစနစ်ကျကျ ရီးဖွဲ့ရဖို့။
(၃) ရခိုင်အမျိုးသားလက္ခဏာ၊ စရိုက်၊ ဟန်ပေါ်လွင် ထင်ရှားနိန်ရဖို့
ဆိုရေဒေအနည်းဆုံး အချက်သုံးချက်လောက်နန့် ပြည့်စုံနိုင်ဖို့ လိုအပ်ပါရေ။
----------------------------------------------------------------------------
          လွန်ခရေ အနှစ်(၄၀)လောက်ကစဗျာယ် ကနိအထိအကျွန်ရို့တိ တွိနီရရေ  ရခိုင်ဆောင်ပါး၊ ၀တ္ထုတိုတိမှာအထက်က အချက်သုံးချက်နန့် ညီညွတ်ယင့်လား။ မညီညွတ် ကေ ဇာပိုင်အရီးအသားမျိုးတိနန့် ရီးဖွဲ့ခကတ်တေဆိုစွာ ခြီရာကောက်ကြည့်လိုက်တေခါ အရီးအသား(၆)မျိုးကို တွိရပါရေ။ ဒေ(၆)မျိုးကို ဆရာမောင်ဗသိန်း တင်ပြခရေ "ရခိုင်စာ အရီးအသား ပြသနာ"ဆောင်းပါးနန့် ရခိုင်မဂ္ဂဇင်း အမှတ်(၄) ၁၉၇၇ ခုနှစ်မှာ အောင်မြတ်ထွန်း(ရခိုင်ပြည်) တင်ပြရေ "ရခိုင်စာပီသစ် ဟန်နန့် သတ်ပုံ ပြဿနာ" ဆောင်ပါး နှစ်ခုကို ညှိဗျာယ် ထုတ်နှုတ်ထားပါရေ။
          (၁) ရခိုင်နန့်ဗမာ အတူတူ ဖြစ်လို့ဗမာစာရာရီးရဖို့။ ယေချင့်ကရှင်းပါရေ။ ဒေနိမြန်မာ စာ အရီးအသားအတိုင်း ရီးဖို့ပါ။
          (၂) စကားပြော(conversation) ကို ရခိုင်ပိုင်ရီးဗျာယ် စကားပြန် (စကားပြေ Prose) ကို ဗမာပိုင်ရီးရဖို့။
"အဖသည် ပြန်လာခါ ဆန်ဝယ်ခ၊ ဈီးပါပြုယူခဖိ။ ယင်းခါမှ ထမင်းချက်ရဖို့ယေ" (ရခိုင်စကား ပြော) ဇနီးသည် အားကိုးတကြီးနန့် ပေးအပ်လိုက်သော တာဝန်ကို ကျေပွန်ဖို့ ယခုအထိ မသေချာသေး(ဗမာစကား)
(တီ-ညီပေါက်။ မြောက်ဦးမဂ္ဂဇင်း အမှတ်(၁၊ စာအမှတ် ၈၈)
          (၃) စကားပြောကိုရော စာအရီးအသားကိုပါ ရခိုင်အရီးအသားနန့် ရီးရဖို့။
"ထ…ထ…ဟီး..ဟီး၊ ကျောင်းဆက်တက်ဖို့ အောင်လက်မှတ် ယူခီထော အောင်မိုး။ အဘာ လေး…ဘာလေး…မေမေရို့ ဇာသူ့ကို အားကိုးဗျာယ် ကျန်လိုက်ရဖို့လဲ ဟီး… ဟီး" (ရခိုင်စကားပြော)
          ကျွန်တော်က မိုးကြိုးပစ်ခံရရလူပိုင် နားကလည်း မကြားတစ်ချက် ကြားတစ်ချက်။ အောက်နှုတ်ခမ်းကိုကိုက်၊ မျက်ရည်တရဟော။ (ရခိုင်စကားပြော အရီးအသား)
          (တစ်ပွဲဟင် ပတ်စာထိုး) ခိုင်ထွန်းစိုး(မြောက်ဦး) မြောက်ဦးမဂ္ဂဇင်း အမှတ်(၁)၊ စာ-၇၅)
          (၄) နောက်ဆက်သုံးပစ္စည်း(particles) တိကို ရခိုင်ဂန္တ၀င် စာအရီးအသားက အမွီဆက်ခံရယူဗျာယ် ရခိုင်စကားပြင် အရီးအသား(prose)နန့် ရီးရဖို့။ "တွေးလီတွေးလီ ကျယ်ဝန်းလီရေ အတွက်၊ အတွေးကို ရုပ်လို့တဖန်၊ လယ်ယာကျီးငှက်စရေ သဘာဝ အာရုံတို့ တလှည့်ကျက်စား ပြောင်းလိုက်မိ၏။ ငါ၏၀ါဆိုနီရာ ငခူရ မြို့သစ် တောင်ထိပ်ဖျားမှာ ၀ါးရုံးများ ညွတ်လျှက်ရှိ၏။( အေတ၀ါတွင် အတွေးအမြင်၊ အသျှင်စဏိန္ဒ၊ ရခိုင်ယဉ်ကျေးမှုများ၊ အမှတ်(၃)၊စာ-၁၁၁)
          (၅) ရခိုင်စကားပြောနန့် ရခိုင်စကားဖြင့် သုံးဗျာယ် ရီးရဖို့ "ဝေး ငါ့ကို စောင့်နီဦးသီး" (စကားပြော) ဆိုကာ သောကြာအောင်သည် အိမ်ထက်က ကမန်းကတန်း ဆင်း၍ လလှဖြူသံပါးကို အလျင်လျင် ပြီးလာသည်။
          (၆) အသံထွက်အတိုင်း စာလုံးပေါင်း သတ်ပုံတိနန့် ရီးရဖို့ " စိုက်တွေ ဒီဂရီကောလိပ် မှာ သဟိမဲ့ဟိမဲ့ စာလာသင်စွာ ချိုက်သူရဲစားထားလို့ဖြိုက်ဖို့လား။ ခိုင်းစားကြေ့။ မင်းယိုင်ယိုင် ချေနန့် ရူးနီစွာမလားယေ။"
အထက်က အချက်(၆)ချက်ထဲမှာ ဒေအချက်တိက ရခိုင်ဘာသာ စကားနန့် အညီအညွတ်ဟိရေ၊ ရခိုင်စာပီသရေ၊ ရခိုင်စရိုက်၊ ရခိုင်ဟန်နန့် အမျိုးသားလက္ခဏာ(တစ် နည်း ရခိုင်လီ၊ ရခိုင်အငွေ့အသက် Arakanese atmosphere) ပီပြင်ရေ၊ ဒေအချက်က ဒေပိုင်ဖောက်ပြန် ချွတ်ယွင်းနီရေဆိုစွာကို ဆက်ဗျာယ် ဆန်းစစ် သုံးသပ်ဖို့လိုပါရေ။
          ဒေပိုင်ဆန်းစစ်ရာမှာ ဘာသာဗေဒကို အဓိကအခြီခံရဖို့ဖြစ်ပါရေ။ ဘာသာဗေဒဆိုစွာ "ဘာသာစကားတစ်ရပ်" ကို နည်းးစနစ်တကျ သရုပ်ခွဲဗျာယ်၊ အားသာချက်၊ အားနည်းချက်တိနန့် အတူ ထူးခြားသိမ်မွေ့ရေလက္ခဏာတိကို သိပံနည်းကျကျ သရုပ်ဖော်ချက်(a scientific description of language)တိ ဖြစ်ပါရေ။ အသံ ဖြစ်ပေါ်လာပုံ တိပါပါရေ။ စကားလုံးဖွဲ့ပုံ တိပါပါရေ။ ၀ါကျဖွဲ့စည်းပုံတိ ပါပါရေ။ ဒေအသံ၊ စကားလုံးဖွဲ့ ၀ါကျတိရေ ဘာသာစကား တစ်ခုမှာရှိရေ စရိုက်တိ ထူးခြားသိမ်မွိရေ လက္ခဏာတိ ဖြစ်ပါရေ။ ယေဇူးနန့် ဘာသာစကားကို အခြီခံပြီးမှ စာအရီးအသားကို ဖန်တီးကတ်စ့ာ ဖြစ်ပါရေ။
          "Language is sound. Writing or literature is symbol of language" လို့ ဘာသာဗေဒမှာ အခြီခံစကားတစ်ရပ်ဟိပါရေ။ ဘာသာစကားဆိုစွာ စကားသံ၊ စာအရီးအသား(၀ါ) စာပီဆိုစွာ ဘာသာစကား၏ သင်္ကေတလို့ ဆိုစွာပါ။ ဒေချင့်ရေ အခြေခံမူပါ။ ယေနန့် စာအရီးအသားတစ်ရပ်ကိ ဒေအခြီခံကူနန့် ညီမညီ ယှဉ်ဗျာယ် အကဲဖြတ်ရပါမေ။
          (၁)ကို ကြည့်၊ ရခိုင်ဘာသာစကားနန့်ဗမာဘာသာစကားဇတိတူဗျာယ် ဇာတိကွဲပြား နိရေဆိုစွာကို စဉ်းစားဖို့ လိုပါရေ။ ဘာသစကားတစ်ခု အခြီခံဖြစ်ကေ စကားလုံး တူလား၊ အသံထုတ်ပုံထုတ်နည်းတူလား၊ စကားဖွဲ့ပုံတူလား၊ ၀ါကျတည်ဆောက်ပုံတူလား။ ဝေါဟာရ တစ်ချို့တူပါရေ။ ဒေတူရေ ဝေါဟာရတိကို အသံထုတ်ပုံထုတ်နည်း(၀ါ)သံရင်းမတူပါ။ "မင်း" "ဆန်" "ဆေး" "ချစ်" " ခေတ်" "ပညာ" "ပျဉ်" စရေ ဝေါဟာရကို အနက်တိ တူကတ်ပါယင့်။ အသံထုတ်ပုံထုတ်နည်း လုံးဝကွဲပြားနီစွာကို တွိရပါလိမ့်မေ။
          စကားလုံးဖွဲ့စည်းပုံ၊ ၀ါကျတည်ဆောက်ပုံ တူကတ်ပါရေ။ ဒေချင့်က မူရင်းဘာသာစကား တစ်ခုတည်းက ဆင်းသက်လာလို့ပါ။ ယေကေလဲ အဆက်ပစ္စည်း (particles) တိမတူပါ။

ရခိုင်                                          ဗမာ
မောင်လှ(ရေ)                              မောင်လှ(ဟာ)(သည်)
စား(ရေ)                                     စား(တယ်)
လား(ပနာ)                                  သွား(ပြီး)
-ဗျာယ်လား၊ ရာလား                       ပြီလား
သောက်(ဗျာယ်          )                 သောက်(ပြီ)
နောက် အာမေဋ္ဋိတ်သံ၊ အာလုပ်သံတိလဲ ကွဲပြားပါရေ။
ဘာသာစကားနှစ်ခုဒေပိုင် ဝေါဟာရ(အများအပြား) အဆက်သုံး စကားလုံး၊ အာမေဋ္ဋိတ်၊ အာလုတ်သံတိ ကွဲပြားစွာလာ သီခြားလက္ခဏာကိုယ်စီ ဟိကတ်တယ်ဆိုစွာကို ပြနီစွာမဟုတ်ပါလား။ဗမာစကားကို ရခိုင်က အလွယ်နန့်နားလည်နိုင်တာလဲ၊ ရခိုင်စကားကို ဗမာ သေဘာပေါက်ဖို့တောင် လက်ပါလိမ့်မေ။ ဇာကြောင့်ဆိုကာ ဘာသာစကားကွဲပြားလို့ ဆိုစွာ ရှင်းနီပါရေ။ တူရေလို့ အငြင်းပွားနီစွာက ဘာသာစကားသဘောနန့်အနှစ်သာရတိကို နားမလည် သဘောမပေါက်လို့ ဖြစ်ပါရေ။ တစ်ခုဟိပါရေ။ မြန်မာတစ်ပြည်လုံး တိုင်းရင်းတိနားလည်ဖို့၊ ခံစားနိုင်ဖို့၊  ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ဖို့ ဗမာစာ(ရုံးသုံး မြန်မာစာ) နန့် ရီးရေဆိုကေ ဇသူကလဲ မကန့်ကွက်မရှုတ်ချပါ။ အကျွန်ရို့ အများအပြားရီးပါရေ။ ဇာဖြစ် လို့လဲဆိုကေ ရခိုင်တောင်ပိုင်းက လူတိ နားလည် ခံစားနိုင်ဖို့ ဖြစ်ပါရေ။ (စံဘာသာစကား မသီးစွာလဲ ပါပါရေ)။
          (၂) အမျိုးအစားက "တောင်မရောက် မြောက်မရောက်" "ကပြားအရီးအသား" မျိုးဖြစ် ပါရေ။ တစ်ချို့ဆရာတိက "လင်းမြွီတစ်ပိုင်း၊ မြွီဟောက်တစ်ပိုင်း အရီးအသား" လို့ ရှုတ်ချ ကတ်ပါရေ။ ဘာသာစကားနှစ်မျိုးကို ကမောက်ကမ ပေါင်းစပ်ထားလို့ဖြစ်ပါရေ။ အထက်ပိုင်က ခေါင်းပေါင်း၊ ပြင်ခံဝတ်ဗျာယ်၊ အောက်ပိုင်းကျကာ ဂျိမ်းပန်ဝတ်ထားစွာ မျိုးနန့်တူပါရေ။ ဒေပိုင် ဖြစ်ရစွာက ဘာသာစကားဆိုစွာဇာလဲ၊ စာအရီးအသားဆိုစွာ ဇာလဲ၊ စာပီဆိုစွာ ဇာလဲ ဆိုရေ အဓိက အချက်တိကို သဘောမပေါက်၊ နားမလည်လို့ပါ။ ၁၉၆၀ ကျော်နှစ်တိက တစ်ခါဒေပိုင် " ကပြားအရီးအသားမျိုး" ကို တစ်ယောက်စ၊ နှစ်ယောက်စ ရီးခ ကတ်လို့ ရခိုင်စာပီ ပညာရှင်တိ စာပီသမားတိက ၀ိုင်းရှုတ်ချခကတ်ပါရေ။ တစ်ယောက်လဲ ယင်းအရီးအသားမျိုးကို ဆက်မရှါ်ခကတ်ပါ။ ခုတစ်ခါ ရခိုင်မင်း ဘုန်းတောက်ခရေ မြို့ကထုတ်တေ မဂ္ဂဇင်းထဲ ပါလာစွာတွိရပါရေ။ ယင်းအရီးအသားရေ ရခိုင်စာပီသစ် လှုပ်ယှားမှုကို အတားအဆီး ဖြစ်စီရေလို့ ခံစားမိပါရေ။
          (၃)(၄)(၅)တိထဲက ကိုယ်ကြိုက်စွာ တစ်ခုခုကို ဖြစ်ဖြစ်၊ သုံးမျိုးစလုံးကို ဖြစ်ဖြစ် သုံးစွာ က ရခိုင်စာပီသရေလို့ အကျွန်ရို့လက်ခံထားကတ်ပါရေ။ ဒေသုံးမျိုးရေ ရခိုင်ဘာသာစကား လဲဖြစ်တေ။ ဘာသာဗေဒ နည်းပညာနန့်လဲ ကိုက်ညီရေ။ အမျိုးသားလက္ခဏာ ပေါ်လွင်ရေ၊ ပြောရကေ ရခိုင်ရနံ့သင်းမွှီးနီရေ။ ရခိုင်ဟန် ထင်ရှားနီရေ။ နောင်တချိန်ချိန်မှာ ဒေသုံးမျိုးထဲ က ရခိုင်အမျိုးသားလက္ခဏာနန့်အညီညွတ်ဆုံး " ရခိုင်စာ အရီးအသားတစ်မျိုး" ကို "စံ" အဖြစ် သတ်မှတ်လားကတ်ဖို့လို့ယူဆ မိပါရေ။ ယေကေလဲ ဒေသုံးမျိုးထဲက အမှတ်စဉ်(၄)အမျိုး အစားရီးရာမှာ မှားတတ်တေ ဒေအချက်တစ်ချက် ဟိပါရေ။ ယင်းအချက်က ရခိုင်အပြော ဘာသာစကားမှာသုံးရေ နောက်ဆက်(particles) တိကို စာအရီးအသားမှာသုံးရေ နောက် ဆက်တိနန့် အတူတူမှတ်ယူဗျာယ် ရီးသားနီကတ်သော အချက်ပါ။
"လမ်းမကြီးဘက်သို့ရောက်(စွာနဲ့) တပြိုင်နက် လက်နှစ်ဖက်က ဆွဲလာ(ရေ)အထုပ်အပိုးကို ချလိုက်သည်။ (တစ်ခါသုံး- ဂနိုင်မောင်(မြောက်ဦး)၊ ပြိုင်ပွဲ ဒုတိယဆုရ ၀တ္ထုတို၊ ရခိုင်ညွန်ဖူး၊ အမှတ်-၃) ဒေ၀ါကျမှာပါရေ(စွာနန့်) (ရေ) ဆိုရေ နောက်ဆက်တိက ရခိုင်အပြော ဘာသာ စကား(spoken language) သုံးနောက်ဆက် စကားလုံးတိ ဖြစ်ပါရေ။ (သည်) တစ်လုံးတည်း ရာ ရခိုင်စကားပြင်(prose)သုံး နောက်ဆက်စကားလုံး ဖြစ်ပါရေ။ ဒေပိုင်စကားဖြင့် နန့်ရီးသား ရေ ၀ါကျထဲမှာပါရေ ကြားနောက်ဆက်တိ ဇာပိုင်နောက်တိ ဖြစ်တေဆိုစွာ ဂရုမမူဘဲ ၀ါကျအဆုံးမှာ (သည်၊ ၏၊ တည်း) ထည့်လိုက်ရုံနန့် ရခိုင်စကားပြင်ဖြစ်ဗျာယ်ရေ ရမ်းဗျာယ် ရီးချလိုက်စွာ ဖြစ်ပါရေ။ ဒေ၀ါကျကို ရခိုင်စကာဖြင့် ပီသစီချင်ကေ
"လမ်းမကြီးထက်သို့ရောက်(သည်နှင့်)တပြိုင်နက် လက်ကဆွဲလာ(သော အထုပ်ကို ချလိုက် သည်) " လို့ ဖြစ်ရပါမေ။
          ကြည့်ကေဗမာစကားပြေ၀ါကျနန့်ထပ်တူဖြစ်နီစွာကို တွေ့ရပါမေ။ အေ မတူစွာဟိပါ ရေ။ အသံထုတ်ပုံထုတ်နည်း(၀ါ) သံရင်းမတူပါ။ ဗမာက ဗမာအသံထုတ်နန့် ဖတ်ဗျာယ်၊ ရခိုင် က ရခိုင်အသံထုတ်နန့်ဖတ်ကတ်ပါလိမ့်မေ။ ယေတာလဲ ကွဲပြားစွာကို ပိုထင်ရှားအောင် နောက်က၀ါကျတိက ပြလာပါရေ။ "မြင်းဂါရီဆိပ်နှင့် လှညွန်စိန်အိမ်မှာ အနီးချေ(အပါးချေ)ဖြစ် သည်။ လက်ကြားများသဖြင့် ခရီးမတွင်ဖြစ်နီသည်" ဆိုရေ၀ါကျမှာ ရခိုင်သုံး ဝေါဟာရ(မြင်းဂါ ရီ)(အပါးချေ)(နီ)(လက်ကြား)ရို့ အထင်အရှားပါနီလို့ ဇာဗမာ၊ ဇာတိုင်းရင်းသား( ရခိုင်ကပယ် ကေ) ကလဲ "ယေချင့်မြန်မာစာ"လို့ပြောကတ်ဖို့မဟုတ်ပါ။ ဖတ်ရေရေ ရခိုင်တိကရာ "ရခိုင်စာ" လို့ ချက်ချင်းသိပါရေ။
          အဓိကပြောလိုစွာက ရခိုင်စကားပြင်နန့် ရီးဖို့လား၊ စကားပြင် နောက်ဆက်တိနန့် ပီပီ ပြင်ပြင် ရီးသားပါ။ စကားပြောသုံးနောက်ဆက်တိကို လုးဝမသုံးပါကေ။ နောက်ဆုံးဖြစ်သော (၆) အမျိုးအစားက စာအရီးအသားနန့်မဆိုင်ပါ။ စာလုံးပေါင်းသတ်ပုံဆိုင်ရာ အဘိဓာန်နန့်ရာ အကျုံးဝင်ပါရေ။ ယေကောလဲ့လိုရင်းတိုရှင်း ပြောချင်ပါရေ။
"ရီးအမှန်၊ ဖတ်အမှန်" ဆိုရေစကား။
"ပြောသလိုရေးလျှင် လူမိုက်၊ ရေးသလိုပြောလျှင်လူဖျင်း" ဆိုရေ ကင်းဝန်မင်းကြီး အဆိုအဆဲ စစွာတိကို သဘောပေါက်ယောင် နားစိုက်စီချင်ပါရေ။
တစ်ခါ(စ်)(ဉ်=ညချေသတ်)(ည်) စရေ ဂန္ထ၀င် အစဉ်အလာရှိရေ အသတ်တိ၊ ကာရန်တိ မ ပျောက်ပျက်အောင် ထိန်းသိမ်းဖို့လိုပါရေ။ ဘာသာစကားတိုင်းမှာ စာလုံးပေါင်း သတ်ပုံကွဲဗျာယ်၊ အသံတူစွာ တိရှိပါရေ။ ဥပမာ- ဗမာဘာသာစကားမှာ (သည်=သီ)၊(စင်=စဉ်) ရို့ဖြစ်ကတ်ပါရေ။ သူ့အနက်နန့်သူ စာလုံးပေါင်းသတ်ပုံကွဲ ခွဲထားပါ ရေ။
          အထက်က တင်ပြခစွာတိကို ခြုံဗျာယ်ပြောရကေ-
          (၁)မိမိဘာသာစကားကို မှန်မှန်ကန်ကန် သုံးနိုင်ဖို့
          (၂) သဒ္ဒါနည်းစနစ်ကျကျ ရီးသားနိုင်ရဖို့။
          (၃) ရခိုင်အမျိုးသားလက္ခဏာ ဟိနိုင်ရဖို့။
ဆိုရေ အချက်တိမှာ အခြွီခံဗျာယ် ရခိုင်စာ၊ သို့မဟုတ် ရခိုင်စာအရီးအသားကို ဖော်ထုတ်ရဖို့ ဖြစ်ပါရေ။ စာအရီးအသား(Writing) စနစ်တကျ ဖြစ်လာမှ ရခိုင်စာပီ(Literature) ပီပြင်လာ ဗျာယ် အဆင့်မြင့်လာစရာဟိပါရေ။
          ဆက်ပြောချင်စွာက တစ်ခုစဟိပါရေ။ ဒေချင့်က "မဂ္ဂဇင်း ထုတ်လုပ်မှုပိုင်း" နန့်ဆိုင်ပါ ရေ။ စာစီသူ(ယခု ကွန်ပျူတာစာစီသူ) တိရေ ရခိုင်တိမဟုတ်ပါ။ ရခိုင်ဖြစ်ပါစီ စာနန့်ပီနန့်နီး စပ်သူ ဖြစ်ဖို့လိုပါရေ။ စာစီစဉ်သူက ရခိုင်ဘာသာစကားကို မကျွမ်းကျင် မထိတွိကေ စကားလုံး၊ ပုဒ်၊ ပါဒရို့မှာ Space (စပိတ်)ကို ခြားချင်ပိုင်ခြားတတ်ကတ်ပါရေ။ ထိုတစ်လုံး၊ ဒေတစ်လုံး၊ ထို ကစု ဒေတစ်ခုနန့် ပြန့်ကြဲနီပါရေ။ အဓိပါယ်ပေါက်အောင် စာဖတ်သူက ပြန်ပြန်စုဗျာယ် ဖတ်နီ ရပါရေ။ ပင်ပန်းရေ၊ အချိန်ကုန်ရေ။
          ရခိုင်စာအရီးအသားကို စာဖတ်သူတိလက်ခံလာအောင် ကြိုးစားနီရရေ ခုပိုင်ကာလမှာ မဖြစ်သင့်စွာ မဖြစ်ရအောင် တာဝန်ရှိသူတိက ကြိုးပမ်းရပါဖို့။ မဟုတ်ကေ စာဖတ်သူတိရေ ရခိုင်စာပီနန့် ၀ီးသထက်ဝီးအောင် လုပ်လိုက်ရေပိုင်ဖြစ်လားပါလိမ့်မေ။
          ရခိုင်သဟာယအသင်း(ရန်ကုန်) စာစောင်/ အမှတ်(၂)မှာ ရခိုင်ဆောင်းပါး၊ ၀တ္ထုတိုတိ ကို စကားလုံး ပုဒ်ဖြတ်ပုဒ်ရပ်တိ သေသေ သပ်သပ်နန့်ဖတ်ရစွာ ချောချောချူချူ ဖြစ်ရလို့ တခြားမြို့နယ်မဂ္ဂဇင်းတိက အတုယူသင့်ပါရေ။ ကြိုးစားသင့်ပါရေ။ ယင်းနန့် စာရီးသူတိနန့် ထုတ်လုပ်သူတိပါ သာမန်အဆင့်က ဖောက်ထွက်ကတ်ပါ။ ဇာတိချွတ်ယွင်းနီလဲ။ ဇာတိလိုအပ် နီလဲ၊ ဇာသီးလုပ်ရဖို့သီးလဲ…စရေ မဂ္ဂဇင်းစာစောင်တိ ဖွံ့ဖြိုးတိုးတက်ဖို့ဒေ(လဲ) ပေါင်းများစွာ ကို ကျော်ဖြတ်နိုင်ကတ်ပါစီလို့………။

        မှတ်ချက်။ (   -၁၉၉၆ခု နှစ်ထုတ် ရခိုင်ရိုးမ မဂ္ဂဇင်းမှ ကုးယူဖော်ပြပါသည်။)