Showing posts with label ရခိုင်ပြည်နယ်သတင်း. Show all posts
Showing posts with label ရခိုင်ပြည်နယ်သတင်း. Show all posts

ကျောက်ဖြူလီဆိပ်ကို နောက်သုံးနှစ်အကြာ အပြည်ပြည်ဆိုင်ရာ လီဆိပ်တခုအဖြစ် တွိ့မြင်ရနိုင်

ကျောက်ဖြူ။          ။ရီနက်ဆိပ်ကမ်းဆောက်လုပ်နိန်ရေ ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်မှာရှိရေ လီဆိပ်ကို လာဖို့နှစ်နှစ်အတွင်းမှာ ဒေသတွင်းနိုင်ငံ တိကိုပါ လားလို့ရနိုင်ရေ ခရီးသယ် ၇၀ ကနိန် ၈၅ ယောက်ဆန့် F28 အမျိုးအစား လီယာဉ်ပျံတိ အတက်အဆင်းလုပ်နိုင်ဖို့ ဗျာလ်ဖြစ်တေအတွက် အပြည်ပြည်ဆိုင်ရာ လီဆိပ်တခုအဖြစ် တွိမြင်ရဖို့ဗျာလ်လို့ သိရသည်။

ကိုယ်ပိုင်ရဟတ်ယာဉ်နန့် တကိုယ်ရေ ခရီးလားနီရေ ဗြိတိန်နိုင်ငံသားတဦး ရာသီဥတုမကောင်းလို့ June 10, 2011 ရက်နိ့က ကျောက်ဖြူလေယာဉ်ကွင်းမာ ရပ်နားခစွာကို တွိ့ရစိုင်(ဓါတ်ပုံ-ရခိုင်ရိုးမ)
မြန်မာ့လီကြောင်းဦးစီးဌာနက တာဝန်ယူဆောက်လုပ်နိန်ရေ အဆိုပါစီမံကိန်းကို ၂၀၁၁ခု နှစ်ဆန်းပိုင်းက စတင်ခခြင်းဖြစ်ပြီး ကေ လာဖို့နှစ် ၂၀၁၂ ခုနှစ်မှာ အဂုထက် ပိုတိုးချဲ့ဆောက်လုပ်ပနာ ၂၀၁၃ မှာ အပြီးသတ်နိုင်ဖို့ဖြစ်ကြောင်း မြန်မာ့လီကြောင်း တာဝန် ရှိသူတယောက်က ပြောသည်။
လီဆိပ် တိုးချဲ့ဆောက်လုပ်ရခြင်းနဲ့ ပတ်သတ်ပြီးကေ မြန်မာ့လီကြောင်း တာဝန်ရှိသူတယောက်က “ရီနက်ဆိပ်ကမ်းရှိနိန်ရေ အတွက် အဂုပိုင်တိုးချဲ့ဆောက်လုပ်ရစော်ပါ” လို့ ဆိုသည်။
ကျောက်ဖြူလီဆိပ်မှာ အလျား ၄၆၂၀ ပေ၊ အနံ ၁၀၀ ပေရာရှိရေအတွက် ပြည်တွင်းလားလာနိန်ရေ ခရီးသယ် ၄၀ ကျော်၊ ၅၀ နီးပါးဆန့်ရေ ပုဂံအဲယားနန့် မြန်မာ့အဲယားဝေး လီယာဉ်ပျံတိရာ ဆိုက်ရောက်တေလီဆိပ်တခုဖြစ်သည်။
အဂုနှစ်အတွင်းမှာ အယင်ကရှိခရေ အလျားထက် ပေ ၁၀၀၀ တိုးချဲ့ဆောက်လုပ်လားဖို့ဖြစ်တေအတွက် လီယာဉ်ပြီးလမ်း အရှည်ပေ ၅၆၂၀ ရှိ လာပနာ လာဖို့ ၂၀၁၂ ခုနှစ်မှာလေ့ အလျားပေ ၁၄၀၀ ထိထပ်မံတိုးချဲ့ဖို့ဖြစ်တေအတွက် စုစုပေါင်းအလျားပေ ၇၀၂၀၊ အနံ ၁၀၀ ပေရှိလာဖို့ ဖြစ်သည်။
“ကျောက်ဖြူမြို့နယ်အတိုင်းအရာအရ စက်မှုစုံဖြစ်လာဖို့စော်ဆိုခါ ဒေနီရာကို နိုင်ငံတကာက လီကြောင်းအမျိုးမျိုးတိရောက်ဖို့ စော်မနားယေ” လို့ ကျောက်ဖြူ ဒေသခံ တယောက်က သုံးသပ်သည်။
ယကေလေ့ အဂုပိုင် ဆောက်လုပ်နိန်စော်ရေ ဒေသခံပြည်သူတိအတွက် မဟုတ်ကြောင်းကို “ဒေဂနိအချိန်မှာ နိုင်ငံတကာ စီး ပွားဖြစ်မြောက်ဖို့အတွက်၊ အပြည်ပြည်စီးပွားရေး ဖြစ်ဖို့အတွက် ကျောက်ဖြူသားတိက ဓါးစာခံတိပိုင် မြီဇာပင်တိပိုင်ဖြစ်နိန် ကတ်ရဗျာလ်” လို့ ကျောက်ဖြူက ပြည်နယ် လွှတ်တော်အမတ် ဦးတင်ဖေက ရခိုင်ရိုးမကို ပြောသည်။
အယင်က လီယာဉ်ကွင်းပတ်လည်မှာ ပေ ၃၀၀ ကျော်မက မြီလွတ်တိဟိခစော်ကို ဘေးတဖက်တချက်က ပိုနိန်ရေ မြီကွက် တိကို အာဏာပိုင်တိက မလိုအပ်လို့ဆိုပနာ ခွဲဝီလို့ အကွက်ချ ရောင်းစားထားကတ်ဗျာလ်ဖြစ်သည်။ အလျား ၆၀ x အနံ ၄၀ ဟိရေ မြီကွက်တကွက်ကို နှစ်ဆန်းပိုင်းက ကျပ်ငွေ ၃၀,၀၀၀ ကနိန် ၅၀,၀၀၀ ထိရာ ဈီးနှုန်းဟိခရေလို့ ဒေသခံတိက ဆိုသည်။
မြို့တွင်းမှာဟိရေ အိမ်ခြံမြီတိမှာလည်း အဂုအချိန် သိန်းထောင်ချီဈီးပေါက်နိန်ပြီးကေ အိမ်ခြံမြီပွဲစားတိ၊ မြီတိုင်းစရေးတိ၊ ရှေ့ နေတိ၊ အိမ်ခြံမြီအရောင်းအဝယ်စုံစမ်းရေလူတိနန့် ခြီချင်းလိမ်နိန်ပနာ ယင်းအထဲ ရပ်ကွက် အုပ်ချုပ်ရေးမှူးတိပါ ပါဝင်နိန် ကတ်သိမ့်ရေလို့ ဒေသခံတိအပြောအရ သိရသည်။
“တချို့က လမ်းကြောင်းကျဖို့နီရာတိကို တရုတ်ကို ရောင်းစားဖို့အတွက် ဈီးအများကြီးပီးပနာ လိုက်ဝယ်နိန်ကတ်တေ။ ယင်း ပိုင်လိုက်နိန်ကတ်စော်က တခြားနီရာက၊ တခြားဒေသကလူတိလေ” လို့ ကျောက်ဖြူမြို့ခံ တယောက်က ဆိုသည်။
မြို့ထဲပိုင်းက အယင် သိန်း ၅၀၀၊ ၆၀၀ တန်ရေ ခြံနန့်အိမ်ရေ အဂု သိန်း ၃,၀၀၀ နန့် အဝယ်တည့်လားခရေလို ထိုဒေသခံက ထပ်ပြောသည်။ ဇာနီရာမှာ အိမ်ခြံမြီရောင်းဖို့ဟိရေလို့ ကြားစော်နန့် အပြီးအလွှားရောက်လာကတ်ပြီးသား ဖြစ်နိန်ကတ်တေ လို့လဲ ဆိုသည်။
“ဒေက ဒေသခံတိ ဘဝပျက်နိန်ကတ်ယာ၊ လယ်ကွင်းမှာတောင် လယ်မလုပ်နိုင်ရေ အဆင့်ကို ရောက်လားကတ်ယာ။ မြီ တလက်မ တကွက်ချေတောင် ထိုးဖို့အကွက်မဟိလေ။ အပ်ချထားဖို့ အကွက်တောင်မဟိ။ အားလုံး ပိုင်ဆိုင်မှုတိနန့်။ တိုင်းနန့် ပြည်နယ် အသီးသီးက၊ နိုင်ငံအရပ်ရပ်က၊ အာဏာပိုင်အဖွဲ့အစည်းတိက လာကတ်ပြီးကေ ဂရမ်ဖောက်တေ။ ဟိုချင့်လုပ်တေ၊ ဒေချင့်လုပ်တေနန့်။ လယ်ကွင်းတိထဲမှာ၊ နွားကျောင်းဖို့ နီရာတောင်မဟိ၊ နွားတက်ဖို့ နီရာတောင်မဟိယာ။ ယင်းလောက်ထိ ဖြစ်လာနိန်ရေယေ” လို့ ဦးတင်ဖေက ပြောသည်။
လူဦးရေ ၂၀၀,၀၀၀ ခန့်ဟိရေ ကျောက်ဖြူမြို့နယ်မှာ အဂုခါ ဒေသခံလူထုတိပိုင်ဆိုင်ထားရေ လယ်ယာခြံမြီအများစုရေ အာ ဏာပိုင်တိနန့် ရင်းနှီးရေ ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်တိ၊ နိုင်ငံခြားသား တရုတ်လူမျိုးတိလက်ထဲ ရောက်ရှိလားဗျာလ်ဖြစ် သည်။

နဂါးမော်မှာ ၂၀၁၀ခုနှစ်ကစလို့ ကျောက်ဖြူမြို့နယ်ဓည၀တီရီတပ်စခန်းက လှို့ဝှက်ဆောက်လုပ်နိန်ရေ သံကူကွန်ကရစ် ဆိပ်ခံတန်းတားလုပ်ငန်းခွင်ကို မြင်တွိရစိုင်
၂၀၀၉ ခုနှစ် အောက်တိုဘာ ၃၁ ရက်နိ့ကနိန် စတင်ခရေ ကျောက်ဖြူမြို့ အရှေ့တောင်ဘက် (၆) မိုင်အကွာမှာ တည်ဟိရေ မဒေးကျွန်းမှာ ရီနံစိမ်း တန်ချိန် ၃၀၀,၀၀၀ ဆန့် သဘောင်္တိဆိုက်ကပ်နိုင်ရေ Crude Oil Terminal ရီနက်ဆိပ်ကမ်းကို တရုတ် နိုင်ငံက အကြီးဆုံး ကုမ္ပဏီတခုဖြစ်တေ တရုတ်အမျိုးသားရီနံကော်ပိုရေးချန်း (China National Petroleum Corporation) CNPC နန့် မြန်မာနိုင်ငံက အေးရှားဝေါလ်၊ မြန်မာ့ ရွှေသရဖူ၊ သန္တာနဂါး၊ 7-Star, PSC, Myint and Association အပြင် ကိုးရီး ယားနိုင်ငံက ဒေ၀ူးကုမ္ပဏီ၊ ဟွန်ဒိုင်း စရေ ပြည်တွင်း ပြည်ပ ကုမ္ပဏီတိက စီမံကိန်းအတွင်း ပူးပေါင်း ပါဝင် ဆောင်ရွက်လျှက် ဟိသည်။
အဆိုပါ ရီနက်ဆိပ်ကမ်းပြီးစီးပါက အာဖရိကနန့် အရှေ့အလယ်ပိုင်းက တင်ပို့ရေ ရီနံတိကို ယင်းဆိပ်ကမ်းကတဆင့် တရုတ်ပြည်ကို ပိုက်လိုင်းတိနန့် သွယ်တန်း တင်ပို့လားဖို့ဖြစ်သည်။

ဓာတ်ငွေ့ပိုက်လိုင်း ထားရှိရန် ယာယီငှား မြီကွက်တိကို လျှော်ကြေးပီးရေလို့ ဆောက်လုပ်ရေး ၀န်ထမ်းတဦးက ပြောဆို (ရခိုင်ရိုးမ)


ဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းဖို့ အတွက် ပိုက်လိုင်းတိ ထားရှိရန် ယာယီမြီကွက် ငှားရမ်းခကို ဒေသခံတိအား လျှော်ကြေး ပီးကြောင်း ဆောက်လုပ်ရေး ကုမ္ပဏီ ၀န်ထမ်းတဦးက ရခိုင်ရိုးမကို ပြောပါရေ။

ကျောက်ဖြူမြို့ အနောက်တောင်ဘက်  ၅-မိုင်ခန့်ရှိ ကံ့ကော်တောဘုရား အနီးတ၀ိုက်ရှိ မြီကွက် တချို့ကို  ယာယီ ဓာတ်ငွေ့ ပိုက်လိုင်း ထားရှိရန် အတွက် ငှားရမ်းလိုက်ပြီး ဒေသခံ မြီပိုင်ရှင်တိကိုလဲ လျှော်ကြေးပီးကြောင်း ပါရမီကုမ္ပဏီက ၀န်ထမ်းတဦးက ရခိုင်ရိုးမကို အခုပိုင်ပြောပါရေ။

“ တန်ရာတန်ကျေးကိုကျနော်ရို့ပီးပါရေ။ မပီးစွာ မဟုတ်ပါ၊ ဖေချာတိ အပြည့် မရစွာက ကျနော်ရို့နန့် မဆိုင်ပါ၊ ကျနော်ရို့က သတ်မှတ်ထားအတိုင်း ပီးစွာပါ”လို့ အမည်မဖော်လိုရေ ၀န်ထမ်းတဦးက ရခိုင်ရိုးမကိုပြောပါရေ။

ကံ့ကော်တော့ဘုရား အနီးရှိ မြီကွက်တိကို ဂုံးချိန်ရွာသားတိ ပိုင်ဆိုင်ကြပြီးကေ  ပိုက်လိုင်း ယာယီထားရှိဖို့ အတွက် ကုမ္ပဏီတိက ဓာတ်ငွေ့ပိုက်လိုင်းတိ ထားရှိဖို့အတွက် ယာယီသုံးစွာဖြိုက်တေလို့သိရပါရေ။

အဆိုပါ မြီကွက်ရေ ပိုင်ရှင် ဆယ်ဦးရှိပြီး အဓိက ဥယိုင်ခြံမြီဖြိုက်ကြောင်း သီဟို၊ သရက်ပင်တိကို စိုက်ပျိုးရေမြီ ကွက်ဖြိုက်ကြောင်း သိရပါရေ။
မြီကွက် ပိုင်ရှင်တဦးက မြီခအစား အပင်ခတိကိုရာ ပီးကြောင်း၊ တပင်ကို ကျပ်ငွေလေးသောင်းစီရကြောင်း ပြောပြပါရေ။

“အပင်ခ ပီးပါရေ၊ မြီခကား မပီးပါ၊ အပင်တပင်ကို နေပြည်တော်က ရှစ်သောင်းပီးရေ၊ ငါ့ရို့ရခါ လေးသောင်းယာ ရရေ၊  မြီကွက် ပိုင်ရှင် တကျိတ်ပါ၊ ကုန်ဘောင်တိပါ၊ ဒေမြီတိကို ငှားရမ်းခါ ၊ကံ့ကော်တော ဘုရားဂေါပက လူကြီးနန့် မြို့လူကြီးတိရို့က စာချုပ်နန့် ငှားစာပါ၊ ဖေချာက ပိုင်ရှင်တိ  အပြည့်မရပါ ၊ ဂေါပကလူကြီးတိ ဖြတ်စားထားရေ၊ အပင်တိက သီဟိုပင် သရက်ပင်တိပါ”လို့ ဒေသခံတဦးက ပြောပါရေ။

ယင်း မြီကွက်တိကို ဆောက်လုပ်ရေးကုမ္ပဏီတိက ကံ့ကော်တော ဂေါပက လူကြီးတိနန့် ညိနိုင်းပနာ စာချုပ်နန့် ငှားရမ်းခစွာ ဖြိုက်တေလို့ သိရပါရေ။

အဂု အခါ အဆိုပါနိန်ရာတိမှာ ပိုက်လိုင်း ယာယီထားဖို့အတွက် အမာခံမြီတိ ဖို့နိန်ပြီးကေ ဒေလ အကုန် ဓာတ်ငွေ့ ပိုက်လိုင်း ရောက်ရှိဖို့ဖြိုက်တေလို့ သိရပါရေ။

စာချုပ်အရ မြီကွက်တိကို ငှားရမ်းဒါလဲ ပြည်သူပိုင်ကံ့ကော်တော ဘုရားလမ်းကို အသုံးပြုခွင့် မပါရှိကြောင်း၊ သို့သော်လည်း ဆောက်လုပ်ရေးက ကားတချို့ရေ အဆိုပါလမ်းကို အသုံးပြုနိန်ရေ အတွက် လမ်းပျက်စီိးနိန် ကြောင်းသိရပါရေ။

ကံ့ကော်တော ဘုရားအနီးရှိ မြီကွက်တိရေ မလကျွန်းရှိ ဓာတ်ငွေ့သန့်စက် စက်ရုံနန့် ပါးရေအတွက် ဘုရားအနီးတ၀ိုက်ပတ်လည်ရှိ
မြီကွက်တိကို ငှားရမ်းအသုံးပြူနိန်စွာ ဖြိုက်တေလို့ သိရပါရေ။
မြီကွက်တိရေ ကံ့ကော်တောဘုရား အ၀င်မြီကွက်နန့် ဘုရားပွဲတော် ကျင်းပရေ နိန်ရာတိ ဖြိုက်ပါရေ။
ဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းတချို့ကို ပြည်တွင်းကုမ္ပဏီ တချို့က တာဝန်ယူ ဆောင်ရွက်နိန်စွာ ဖြိုက်ကြောင်း ပိုက်လိုင်းကို ဒေလ အကုန် သွယ်တန်းဖို့ ဖြိုက်ကြောင်း သိရပါရေ။

ယင်းအပြင် နိန်ရာ အများအပြားမှာ စီမံကိန်းနယ်မြီတိ ဖြိုက်လာရေ အတွက် ကျွဲနွားတိ အတွက် စားကျက်မြီလဲ ရှားပါးလာကြောင်း ဂုံးချိန်ရွာသားတိက ပြောပြပါရေ။

ရခိုင်ပြည်တော်လှန်ရေးပေါ်ပေါက်လာရခြင်း

အေဒီ ၁၇၈၄ ရခိုင်သက္ကရာဇ် ၁၁၄၆ ရခိုင်ပြည်ကို ဗမာကသိမ်းထားသည့်နောက်ပိုင်းကာ လ တွင် ဗမာဘုရင်ဘိုးတော်မောင်ဝိုင်း သည် ရခိုင်လူထုကို ပုံစံအမျိုးမျိုးဖြင့် မျိုးတုံးအောင် ပြုကျင့် လျှက်ရှိသည့်ဖြစ်ရပ်ကို ရခိုင်လူထုက မြင်လာသည့်အခါ တံလျပ်ရေထင်ခဲ့သည့် ရခိုင်ပြည် ၏သစ္စာဖောက် မောင်သံတွေသည် ကိုယ်ဖော်သည့်ဆေးကို ကိုယ်မစားနိုင်သည့် အနေအထား သို့ ရောက်ရှိလာကာ နောက်ဆုံးကာလတွင် ရရာလူများကို စည်းရုံးကာ ဗမာမင်းကို တော်လှန်ခဲ့ရသည်။ သို့သော် ရခိုင်ပြည်ကို အပိုင်သိမ်းထားသဖြင့် တော်လှန်ရေး မအောင် မြင်ခဲ့ချေ။ မောင်သံတွေ၏သားဖြစ်သူ ဗိုလ်ချင်းပျံက တော်လှန်းရေးကို ဆက်လက်ဦးဆောင်ခဲ့ သည်။ ဗိုလ်ချင်းပျံသည် လက်ရုံးရည်ပြည့်ဝသော်လည်း နိုင်ငံရေးဘက်၌ စည်းရုံးရေးအားနည်း ခဲ့လေသည်။ ဗိုလ်ချင်းပျံသည် နိုင်ငံရေးဆက်လက် လှုပ်ရှားမှုမရှိတော့ဘဲ ချင်းတောင်တန်း ဒေသ၌ ခိုလုံနေရပြီး ၁၈၁၅ ခုနှစ်တွင် နာမကျန်းဖြစ်ကာ သေဆုံးခဲ့သည်။

သို့သော် ရခိုင်တော်လှန်ရေးသည် ကျဆင်းသွားခြင်းမရှိပါ။ ရခိုင်ပြည်အတွက် တိုက်ပွဲဝင်နေ ကြသည့် ရခိုင်ပြည်တောင်ပိုင်း၌ ဗိုလ်သာဦး၊ ဇော်ဂျီဗိုလ်၊ တိမ်ကြားဗိုလ် စသည့် ရခိုင့်တော် လှန်ရေး အင်အားစုများကလည်း ရခိုင်ပြည်မြောက်ပိုင်းတွင်ရှိသည်။ ဗိုလ်ချင်းပျံ၏ ယောက်ဖ ဖြစ်သူ ဒေဒ၀န်းကြီးအောင်ကျော်ရွှီနှင့် ရခိုင်မင်းဆွေမျိုးများဖြစ်သည့် မင်းသားကြီးရွှေဗန်း၊ မြို့သူကြီး အောင်ကျော်ဇံ စသော ရခိုင်ခေါင်းဆောင်များက ရခိုင်တော်ရေးကို ဆက်ခံကြသည်။

ဗမာကိုမောင်းထုတ်ရန် မဟာမိတ်ဖွဲ့

ဗမာတနိုင်ငံလုံး အင်္ဂလိပ်လက်အောက်သို့ ရောက်သွားသည့်အချိန်တွင်လည်း ရခိုင်တော်လှန် ရေးသည် အင်္ဂလိပ်စစ်ကူဖြင့် ဗမာကိုတိုက်ရန် စီစဉ်ရသည်။ ထိုစဉ်က အင်္ဂလိပ်နှင့် ရခိုင်တို့ သည် ဗမာတို့ကို တိုက်ရန် အချက်(၁၀)ချက်ပါသည့် စာချုပ်ကို ချုပ်ဆိုခဲ့သည်။ ထိုစာချုပ်ကို ရခိုင်ခေါင်းဆောင်နှင့် အင်္ဂလိပ်ခေါင်းဆောင်တို့က သဘောတူခဲ့ကြသည်။
ထိုပုဂ္ဂိုလ် များသည်
ရခိုင်ဘက်မှ-
(၁) မင်းသားကြီးရွှေဗန်း
(၂) မြို့သူကြီးအောင်ကျော်ဇံ
(၃) ဒေးဝန်းကြီးအောင်ကျော်ရွှီ
အင်္ဂလိပ်တို့ဘက်မှ
(၁) မင်းကြီး ဒိန်သျှန်
(၂) ယ၀ါသတ်ခေါ် ရာပသိန်သတ် တို့ဖြစ်ကြပြီး အောက်ပါသဘောတူ အချက်(၁၀)ချက်ကို ချုပ်ဆိုခဲ့သည်။
(၁) ဗမာကို ရခိုင်ပြည်မှ မောင်းထုတ်ရန်။
(၂) အင်္ဂလိပ်ထဲမှ လက်နက်အကူအညီပေးရန်၊ စစ်သားအချို့ ကူညီရန်။
(၃)စစ်ကာလအတွင်း အင်္ဂလိပ်တို့ထံမှ စစ်စရိတ်ထုတ်သုံးရန်။
(၄) ရန်သူဗမာထွက်သွားပြီးနောက် ရခိုင်ပြည်ကို ရခိုင်အကြီးအကဲ(မင်းသား)များသို့ ပြန်အပ်ရန်။
(၅) စစ်ပြီးသွားပါက စစ်အတွင်း အသုံးစရိတ်(၂)ဆကို ရခိုင်တို့က အင်္ဂလိပ်တို့အားပေးရန်။
(၆)အင်္ဂလိပ်တို့သည် ရခိုင်ပြည်သူတို့အား မရက်စက်မစော်ကားရန်နှင့် စာချုပ်ပါ ကတိများ တည်ရန်။
(၇) စစ်ပြီးလျှင် အင်္ဂလိပ်အစိုးရသည် ရခိုင်ပြည်မှ လုံးဝဥဿုံ ထွက်ခွါပေးရန်။
(၈) စစ်တိုက်လျှင် ရခိုင်တို့က ရှေ့ဆောင်လမ်းပြချီတက်ရန်။
(၉) ကုန်းတပ်ရေတပ်တို့၌ နှစ်ဦးနှစ်ဖက် တာဝန်ယူရန်၊ တူညီမျှတ အားသွန်ခွန်စိုက် ရွပ်ရွပ်ချွန်ချွန် တိုက်ထုတ်ရန်။
(၁၀) စစ်အတွင်းရိက္ခာကို ရခိုင်တို့က လုံးဝတာဝန်ယူရန် တို့ဖြစ်သည်။
ထိုသို့ စာချုပ်ချုပ်ဆိုပြီးနောက် ရခိုင်နှင့်အင်္ဂလိပ်တို့က ပူးတွဲတပ်ဖြင့် ၁၈၂၄ ခု မတ်လတွင် စတင်ခဲ့သည်။ ယင်းနောက်ပိုင်းတွင် ရခိုင်ကို စိုးမိုးနေသည့် ဗမာတို့လည်း ရခိုင်ပြည်မှ ဆုတ်ခွါသွားရသည်။ နောက်ပိုင်းတွင် ရန္တပိုစာချုပ်ဖြင့် ပြေငြိမ်းလိုက်ရသည်။

အင်္ဂလိပ်အကြံ

သို့သော် ရခိုင်ပြည်မှ ဗမာများကို ရခိုင်-အင်္ဂလိပ်ပူးတွဲစစ်ဆင်ရေးလုပ်ကာ အောင်မြင်စေကာမူ စာချုပ်ပါ ကတိအတိုင်း အင်္ဂလိပ်တို့က ရခိုင်ပြည်ကို ရခိုင်ခေါင်းဆောင်များလက်ထဲသို့ ပြန်မ အပ်ဘဲ ၄င်းတို့၏ လက်အောက်ခံအဖြစ် သိမ်းပိုက်ထားသည်။ ရခိုင်ခေါင်းဆောင်များကိုလည်း ဖမ်းဆီးကာ ထောင်ချလိုက်သည်။ ရခိုင်ခေါင်းဆောင်များ ဖြစ်ကြသည့် မင်းသားကြီးရွှေဗန်းနှင့် တခြားခေါင်းဆောင်များကိုလည်း ထောင်ထဲတွင် သေဆုံးသွားကြသည်။ ၁၈၈၅ ခုနှစ်တွင် ဗမာပြည်ကို အင်္ဂလပ်တို့သိမ်းယူနိုင်ခဲ့လေသည်။ ထိုအထဲတွင် တော်လှန်ရေးနှစ်မျိုး ပေါ်ပေါက် လာသည်။ ရခိုင့်တော်လှန်ရေးနှင့် ဗမာ့တော်လှန်ရေးပင် ဖြစ်သည်။ အင်္ဂလိပ်တို့သည် အာရှတ တိုက်လုံးအထိ သိမ်းပိုက်နိုင်လေသည်။ ထိုအချိန်တွင် တော်လှန်ရေးကာလသည် မှေးမှိန်သွား လေသည်။
အင်္ဂလိပ်တို့၏ ရန်ဘက်နိုင်ငံတခုအဖြစ် ဂျပန်က စတင်လာသည်။ အင်္ဂလိပ်က အာရှကို သိမ်းထားချိန်တွင် ဂျပန်ကလည်း အနောက်နိုင်ငံများကို သိမ်းပိုက်လာခဲ့သည်။

လွတ်လပ်ရေးမီးရှူးတန်ဆောင် ဆရာတော်အသျှင်ဦးဥတ္တမ

ဆရာတော်ဦးဥတ္တမ၏ နိုင်ငံရေးတရားဟောပြောလာမှု၊ လမ်းပြပေးမှုတို့ကြောင့် နောက်ပိုင်း ၁၉၂၀ ခုနှစ်ကာလတွင် ကျောင်းသားသပိတ်၊ လယ်သမားအရေးတော်ပုံတို့ ပေါ်ပေါက်လာ ခဲ့သည်။ ထိုအချိန် ဂျပန်ကလည်း စစ်ရေးအရ တစတစကြီးထွားလာခဲ့သည်။ ၁၉၄၂ ခုနှစ်တွင် ဗမာပြည်သည် ဂျပန်လက်အောက်သို့ ရောက်ရှိသွားသည်။ ထိုအချိန်တွင် ရခိုင်တို့လည်း ဂျပန်ကို တော်လှန်ရေးစတင်ရလေသည်။ ရခိုင့်ခေါင်းဆောင်များဖြစ်ကြသည့် ဦးဘစော၊ ဦးသာထွန်းအောင်၊ ဗိုလ်ကြီးကြာလှအောင်၊ ဘုံပေါက်သာကျော် စသည့် ရခိုင့်ခေါင်းဆောင် တို့က ဂျပန်တို့ကို တိုက်ပွဲဝင်ခဲ့ကြသည်။
၁၉၄၅ ခုနှစ်တွင် ရခိုင်ပြည်မှ ဂျပန်တပ်များဆုတ်ခွါသွားခဲ့ရာ ရခိုင်ပြည်တွင်(စီ-အေ-အက်စ် (ဘီ)ခေါ် စစ်အုပ်ချုပ်ရေး စတင်လာခဲ့သည်။ ယင်းကာလတွင် စစ်အုပ်ချုပ်ရေးသည် ပြည်သူ များကို နိုင်ထက်စီးနင်းကာ ဆိုးသွပ်ခဲ့သည်။ အမျိုးသမီးများကို မုဒိန်းကျင့်မှုများလည်း ရှိလာ သည်။ နောက်တွင် ဗမာဦးစီးဖွဲ့စည်းထားသည့် ဖက်ဆစ်ဆန့်ကျင်ရေးအဖွဲ့သို့ ရခိုင်ခေါင်း ဆောင်များလည်း ၀င်သွားကြသည်။ ယင်းအချိန်တွင် ဆရာတော် ဦးစိန္တာ၊ ဘုံပေါက် သာကျော် စသည့်ခေါင်းဆောင်များကလည်း အင်္ဂလိပ်အစိုးရထံ လက်နက်မအပ်ဘဲ လက်နက်ကိုင် တော်လှန်ရေးအတွက် ပြင်ဆင်ရလေသည်။

ရခိုင့်တော်လှန်ရေးဂယက်

၁၉၈၄ ခုနှစ် ဇန်န၀်ရီလ(၄)ရက်နေ့တွင် ဗမာပြည်ကို အင်္ဂလိပ်တို့က လွတ်လပ်ရေးပေးပြီး နောက်ပိုင်းတွင်မူ ဗမာတို့က ရခိုင်သူပုန်ချေးမုန်းရေး ကျဆင်းလာသည်။ ရခိုင့်ခေါင်းဆောင် တချို့လည်း လက်နက်ချ အလင်းဝင်ခဲ့ကြသည်။ လက်နက်နှင့်ဒီမိုကရေစီလဲသည် ဆိုသည့် ၀ါဒကြောင့် ရခိုင့်တော်လှန်ရေး အဖွဲ့တို့သည် လက်နက်ချခဲ့သည်။
မည်သို့ဆိုစေကာမူ ရခိုင့်ခေါင်းဆောင်များ လက်နက်ချသွားသော်လည်း နောက်တွင်ကျန်ခဲ့ သည့် ကျော်ဇံရွှီဦးဆောင်သည့် ရခိုင်ပြည်ကွန်မြူနစ်ပါတီ(အေစီပီ)နှင့် မောင်စိန်ညွန့် ဦးဆောင် သည့် ရခိုင်ပြည်အမျိုးသားလွတ်မြောက်ရေးပါတီ၊ ထွန်းရွှေမောင်ဦးဆောင်သည့် ရခိုင်ပြည် လွတ်မြောက်ရေးတပ်မတော်နှင့် ခိုင်မိုးလင်းဦးဆောင်သည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ တို့လည်း တော်လှန်ရေးလက်ဆင့်ကမ်းခဲ့ကြသည်။
နောက်ပိုင်း ၁၉၉၈ တွင်ဖွဲ့စည်းသည့် ရခိုင်ပြည်အမျိုးသားညီညွတ်ရေးတပ်ဦးနှင့် ရခိုင်ပြည် အမျိုးသားညီညွတ်ရေးပါတီ၊ ဗိုလ်ရာဇာဦးဆောင်သည့် ရခိုင့်တပ်မတော် တို့ကလည်း လက်ဆင့်ကမ်းခဲ့ကြသည်။
ကိုလတ်(ခိုင်ရိုးမ)