Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

တရုတ်မြို့တော် ကျောက်ဖြူ


ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ တရုတ်နိုင် ငံရွှေလီ မြို့ အထိ လမ်းမကြီးဖောက်လုပ်ခြင်းဟာ ရခိုငိပြည်နယ်မှ သယံဇာတ တွေကို တရုတ်သို့ရောင်းချသွားမှာ သေချာနေပြီ ဖြစ် သလို လမ်းကြောင်းပေါ် ကျရောက်တဲ့နေအိမ်များ လယိမြေများ ကို ပိုင်ဆိုင်သူများ အနေနှင့်စိုးရိမ်နီကြသည်။

ကျောက်ဖြုမြို့ ဟာ ရခိုင်ပြည် နယ်ရဲ့ တောင်ဘက်ပိုင်း ဘင်္ဂလား ပင်လယ် ကမ်းစပ် မြို့ တစ်မြို့ ဖြစ်ပါတယ်။ ဒီနှစ်အတွင်းမှာ ထွက်ပေါ်လာတဲ့ သတင်းအရ ဆိုရင် ကျောက်ဖြုမှာ အထူးစက်မှုဇုန် တည်ဆောက်မယ့် ရေနံတင် ပိုက်လိုင်;သွယ်တန်းမယ် ၊ကျောက်ဖြုကနေ တရုတ်ပြည်ရွှေလီအထိ ကားလမ်းရထားလမ်းတွေဖောက်လုပ်မယ်လို့ သိရ ပါတယ်။

ကျောက်ဖြူမြီု့ နယ်မှာ နေထိုင်နေကြတဲ့ ပြည်သူတွေဟာဝမ်းသာရမယ့်အစား စိုးရိမ်မှုတွေုဖြစ်လာခဲ့ကြပါတယ်၊ အကြောင်း ကတော့ လယ်ယာမြေတွေ အသိမ်းခံ့ရမှာ ကို ကြောက်လာကြတာပါဘဲ ၊ တပြားတချက်မှ လျောင်ကြေးမရဘဲ အရင်က ဒီလိုသိမ်းခဲ့ဖူးတာတွေရှိတယ်ဆိုတော့ မစိုးရိမ်လို့မရတောဘူးလေ အားလုံးကို အစိုးရကပိုင်တယ်ဆိုပြီး သိမ်းသွာရင် ပြည်သူတွေ ဘာမှ တတ်နိုင်မှာ မဟုတ်တာ၊ ဒီအကြောင်းတွေနဲ့ပတ်သက်ပြီးကျောက်ဖြူမြို့ခံသားယောက်ကတော့
“ အခုအချိန်ထိတော့ လမ်းအူကြောင်း မသတ်မှတ်သေးတဲ့အတွက် ဘယ်နေရာကနေ ဖောက်မယ်ဆိုတာမသိရသေးပါဘူး လက်ရှိကားလမ်းကိုဘဲသုံးမလား လက်ရှိကားလမ်းကို တို့ချဲ့ မယ်ဆိုဦးတော့ ရထားလမ်းအတွက် လမ်းအူကြောင်း လိုဦးမယ် ဆိုတောကျောက်ဖြူမြို့နယ်အတွက်ကပြည်သူတွေ ဟာ ကျိးလန် စာဖြစ်နေကြတာပါဘဲ၊ ဘယ်သူ့မြေတွေပါသွားမလဲ
ဘယ်သူ့အိမ်တွေ ပါသွားမလဲဆိုတာမျိုးပေါ့ ၊ခေတ်ကမကောင်းတော့ဘူးလေ၊ အုပ်ချုပ်သူလူတန်းစားတွေက လည်း သူတို့အာဏာတည်မြဲရေး စည်းစိမ်ဥစ္စာတိုးပွားရေ ကိုသာအလေးထားနေကြတော့ ပြည်သူတွေအပေါ် ဘယ်သူတွေသေသေ ငတေမာရင် ပြီးရော့ မျက်နှာလွဲခဲပစ် ဖြစ်ချင်ရာဖြစ် လုပ်နေကြတော့ တကယ့်ရင်နာစရာပါ ၊ရခိုင်ကမ်းလွန် ရေနံလုပ်ကွက်တွေက ထွက်တဲ့ရေနံတွေကို တရုတ်ပြည်ကိုရောင်းပေမယ့်ကျောက်ဖြူမှာလျပ်စစ်မီးအတွက် တစ်မီတာကို (၇၀၀)ကျပ်အထိ ပေးဆောင်နေရတယ်၊ ရေနံဆီ တဂါလံသုံးလေးသောင်း ပေးရတယ်။ ဒါတွေဟာ ပြည်သူအပေါ် စေတနာမရှိဆိုတာကို ဖော်ပြနေတာပါဘဲ၊ တွေးကြည်ရင်အသဲနာတယ်ဗျာ။ သူခံစားချက်ကို ပြောပြပါတယ်။

နိုင်ငံပိုင်သတင်းစာတွေထဲမှာ ရေးသားထားတာတွေက လည်း တရုတ်ကို အဖေတော်ချင်တဲ့အကြောင်းရေးထားတာ မွှန်းနေတာဘဲ။ တရုတနိုင်ငံနဲအကျိုးတူပူုးပေါင်း ဆောင်ရွက်ရေးကဏ္ဍ တွေမှာလည်း အရှိန် အဟုန် မြင့်ဆောင်ရွက်ရေးနဲ့  နိုင်ငံတကာ ဆက်ဆံရေးကိစ္စတွေမှာလည်း နှစ်နိုင် ငံပူးပေါင်းဆောင်ရွက်ရေးကို သဘောတူညီ ထားကြတာဟာ မြန်မာနိုင်ငံအပေါ် တရုတ်ဟာ ကျောထောကိနောက်ခံ ပြုသွားမယ်ဆိုတာကိုပြ သနေတာပါဘ ပြီးတောဒီ တဆယ်စုနှစ်တွေမှာ စွမ်းအင်ကဏ္ဍ ရေနံသဘာသ၀ ဓါတ်ငွေ့  ကဏ္ဍ အပြင် ရေနံတင်ပိုက်လိုင်း တည်ဆောက်သွယ်တန်း ရေး တွေကိုလည်း အကျယ် တ၀င့် ရေးသားဖော်ပြလာတာကိုတွေရပါတယ် ။အခုဆိုရင် မြန်မာနိုင်ငံအနှံ့ အပြားမှာ ရထားလမ်းတွေ ဖောက်လုပ် လာတဲ့ အထဲနေပြည်တော်ကို ဗဟိုပြူပြီး ဖောက်လုပ်နေတာတွေ့လာရပါတယ်။

ဒါကြောင်းကျောက်ဖြူ မြီ့နယ် တစ်ခုလုံး ကိုတရုတ်ပြည်ကို ရောင်းစားတော့မှာလားဆိုတဲ့ မေးခွန်းတွေ ကိုလည်း ပြည်သူတွေ မေးလာကြပါပြီ ။ ရထားလမ်းကို ဘယ့်နေဘယ်လမှာ ဖောက်လုပ်မယ် ဆိုတာမသိသေး ပေမယ့် သိပ်တော့ကြာမယ် မထင်ပါဘူး ၊ တခုတောရှိတာပေါ့လေ နောက်တက်လာမဲ့ အစိုးရလက်ထက်မှာ ပြောင်းလဲမှုတွေ ရှိကောင်းရှိလာနိုင် သလို တရုတ် ကိုတစ်ပါတ်ရိုက်ဖို့ ပြင်ဆင် တာလည်း မဖြစ်နိုင်ဘူး လို့ မြေကြီး လက်ခက်မလွဲ ဘယ်သူမှ မပြောနိုင်ပါဘူုး ၊ လက်ရှိအခြေအနေအရ လောက်ဆိုးလာနိုင်စရာ အကြောင်းတော့မရှိနိုင်ဘူးလို့ထင်ပါတယ် ။

တကယ်တမ်းဒီအကြောင်းအရာတွေကို ဆက်စပ်ကြည့်မယ်ဆိုရင် မကြာခင် က ဗိုလ်သန်းရွှေ တရုတ်နိုင်ငံကိုသွားရောက်ခဲ့တဲ့နေ့ရက်တွေကအပြီးမှာ ပေါ်ပေါက်လာတာဖြစ်ပြီး တရုတ်ကိုချည်နှောင်နဲ့ကြိုးတစ်ချောင်း အပေါ်ပြည်သူတွေရဲ အကျိုးရလာဒ်ကဲ တိုးတက်ဖို့အတွက်လား ဆုတ်ယုတ်ဖို့အတွက်လား ဆိုတာကိုစောင်ကြည်ရဦးမှာ ဖြစ်ပါတယ်၊

ဒီအခြေ အနေ အပေါ် မှာအဆိုးဆုံး သက်ရောက် မှုတွေရှိလာရင် ပြည်သူတွေဘာတွေဆက်လုပ်ကြမလည်း ဆိုတဲ့ မေးခွန်းကတော့ အသင့်ကြိုဆိုနေပါပြီ ။ တကယ်တော့ကျောက်ဖြုမြို့ဟာ သေးငယ်တဲ့မြို့ဖြစ်တာကြောင်း စက်မှုဇုန်တွေ အခြားအဆောက်အဦးတွေဆောက်လုပ် လာမယ်ဆိုရင် မြို့သူမြို့သားတွေ ဘယ်ကိုပြောင်းရွှေ့ရမလည်း ဆိုတာတွေးစရာပါ ၊ ရထားလမ်း ဖောက်လုပ်ရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲပိုဆောင်ရေး ၀န်ကြိးဌာန ဒုတိယ ၀န်ကြီး MR- Feng Zheng Lin ဦးဆောင်တဲ့ အဖွဲ့ဟာ နေပြည်တော်ကို ရောက်ရှိလာခဲ့ပြီး နှစိ နိုင်ငံ ဆွေးနွေး မှုတွေ လုပ်ခဲ့တယ် လို့ နိုင်ငံပိုင် သတင်းစာတွေ မှာဖော်ပြထားပါတယ် ။ဒါကြောင်း ကျောက်ဖြူ ဟာ ရခိုင်ပြည်နယ်ထဲက အခြားမြို့ တွေနဲ့ မတူဘဲ စက်မှု ဇုန်တွေ ပေါ်ထွန်းလာခဲ့မြို့ တစ်မြို့ဖြစ်လာနိုင်သလို ပြည်သူတွေ ဘယ်လောက် အတိုင်းအတာအထိ ဖွံဖြိုးမှု တွေ ဖြစ်လာမလဲ ဆိုတာ တင်ပြ ရင်း…..



( လင်းလင်း-) http://www.rakhaingroma.com

ကျောက်ဖြူလီဆိပ်ကို နောက်သုံးနှစ်အကြာ အပြည်ပြည်ဆိုင်ရာ လီဆိပ်တခုအဖြစ် တွိ့မြင်ရနိုင်

ကျောက်ဖြူ။          ။ရီနက်ဆိပ်ကမ်းဆောက်လုပ်နိန်ရေ ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်မှာရှိရေ လီဆိပ်ကို လာဖို့နှစ်နှစ်အတွင်းမှာ ဒေသတွင်းနိုင်ငံ တိကိုပါ လားလို့ရနိုင်ရေ ခရီးသယ် ၇၀ ကနိန် ၈၅ ယောက်ဆန့် F28 အမျိုးအစား လီယာဉ်ပျံတိ အတက်အဆင်းလုပ်နိုင်ဖို့ ဗျာလ်ဖြစ်တေအတွက် အပြည်ပြည်ဆိုင်ရာ လီဆိပ်တခုအဖြစ် တွိမြင်ရဖို့ဗျာလ်လို့ သိရသည်။

ကိုယ်ပိုင်ရဟတ်ယာဉ်နန့် တကိုယ်ရေ ခရီးလားနီရေ ဗြိတိန်နိုင်ငံသားတဦး ရာသီဥတုမကောင်းလို့ June 10, 2011 ရက်နိ့က ကျောက်ဖြူလေယာဉ်ကွင်းမာ ရပ်နားခစွာကို တွိ့ရစိုင်(ဓါတ်ပုံ-ရခိုင်ရိုးမ)
မြန်မာ့လီကြောင်းဦးစီးဌာနက တာဝန်ယူဆောက်လုပ်နိန်ရေ အဆိုပါစီမံကိန်းကို ၂၀၁၁ခု နှစ်ဆန်းပိုင်းက စတင်ခခြင်းဖြစ်ပြီး ကေ လာဖို့နှစ် ၂၀၁၂ ခုနှစ်မှာ အဂုထက် ပိုတိုးချဲ့ဆောက်လုပ်ပနာ ၂၀၁၃ မှာ အပြီးသတ်နိုင်ဖို့ဖြစ်ကြောင်း မြန်မာ့လီကြောင်း တာဝန် ရှိသူတယောက်က ပြောသည်။
လီဆိပ် တိုးချဲ့ဆောက်လုပ်ရခြင်းနဲ့ ပတ်သတ်ပြီးကေ မြန်မာ့လီကြောင်း တာဝန်ရှိသူတယောက်က “ရီနက်ဆိပ်ကမ်းရှိနိန်ရေ အတွက် အဂုပိုင်တိုးချဲ့ဆောက်လုပ်ရစော်ပါ” လို့ ဆိုသည်။
ကျောက်ဖြူလီဆိပ်မှာ အလျား ၄၆၂၀ ပေ၊ အနံ ၁၀၀ ပေရာရှိရေအတွက် ပြည်တွင်းလားလာနိန်ရေ ခရီးသယ် ၄၀ ကျော်၊ ၅၀ နီးပါးဆန့်ရေ ပုဂံအဲယားနန့် မြန်မာ့အဲယားဝေး လီယာဉ်ပျံတိရာ ဆိုက်ရောက်တေလီဆိပ်တခုဖြစ်သည်။
အဂုနှစ်အတွင်းမှာ အယင်ကရှိခရေ အလျားထက် ပေ ၁၀၀၀ တိုးချဲ့ဆောက်လုပ်လားဖို့ဖြစ်တေအတွက် လီယာဉ်ပြီးလမ်း အရှည်ပေ ၅၆၂၀ ရှိ လာပနာ လာဖို့ ၂၀၁၂ ခုနှစ်မှာလေ့ အလျားပေ ၁၄၀၀ ထိထပ်မံတိုးချဲ့ဖို့ဖြစ်တေအတွက် စုစုပေါင်းအလျားပေ ၇၀၂၀၊ အနံ ၁၀၀ ပေရှိလာဖို့ ဖြစ်သည်။
“ကျောက်ဖြူမြို့နယ်အတိုင်းအရာအရ စက်မှုစုံဖြစ်လာဖို့စော်ဆိုခါ ဒေနီရာကို နိုင်ငံတကာက လီကြောင်းအမျိုးမျိုးတိရောက်ဖို့ စော်မနားယေ” လို့ ကျောက်ဖြူ ဒေသခံ တယောက်က သုံးသပ်သည်။
ယကေလေ့ အဂုပိုင် ဆောက်လုပ်နိန်စော်ရေ ဒေသခံပြည်သူတိအတွက် မဟုတ်ကြောင်းကို “ဒေဂနိအချိန်မှာ နိုင်ငံတကာ စီး ပွားဖြစ်မြောက်ဖို့အတွက်၊ အပြည်ပြည်စီးပွားရေး ဖြစ်ဖို့အတွက် ကျောက်ဖြူသားတိက ဓါးစာခံတိပိုင် မြီဇာပင်တိပိုင်ဖြစ်နိန် ကတ်ရဗျာလ်” လို့ ကျောက်ဖြူက ပြည်နယ် လွှတ်တော်အမတ် ဦးတင်ဖေက ရခိုင်ရိုးမကို ပြောသည်။
အယင်က လီယာဉ်ကွင်းပတ်လည်မှာ ပေ ၃၀၀ ကျော်မက မြီလွတ်တိဟိခစော်ကို ဘေးတဖက်တချက်က ပိုနိန်ရေ မြီကွက် တိကို အာဏာပိုင်တိက မလိုအပ်လို့ဆိုပနာ ခွဲဝီလို့ အကွက်ချ ရောင်းစားထားကတ်ဗျာလ်ဖြစ်သည်။ အလျား ၆၀ x အနံ ၄၀ ဟိရေ မြီကွက်တကွက်ကို နှစ်ဆန်းပိုင်းက ကျပ်ငွေ ၃၀,၀၀၀ ကနိန် ၅၀,၀၀၀ ထိရာ ဈီးနှုန်းဟိခရေလို့ ဒေသခံတိက ဆိုသည်။
မြို့တွင်းမှာဟိရေ အိမ်ခြံမြီတိမှာလည်း အဂုအချိန် သိန်းထောင်ချီဈီးပေါက်နိန်ပြီးကေ အိမ်ခြံမြီပွဲစားတိ၊ မြီတိုင်းစရေးတိ၊ ရှေ့ နေတိ၊ အိမ်ခြံမြီအရောင်းအဝယ်စုံစမ်းရေလူတိနန့် ခြီချင်းလိမ်နိန်ပနာ ယင်းအထဲ ရပ်ကွက် အုပ်ချုပ်ရေးမှူးတိပါ ပါဝင်နိန် ကတ်သိမ့်ရေလို့ ဒေသခံတိအပြောအရ သိရသည်။
“တချို့က လမ်းကြောင်းကျဖို့နီရာတိကို တရုတ်ကို ရောင်းစားဖို့အတွက် ဈီးအများကြီးပီးပနာ လိုက်ဝယ်နိန်ကတ်တေ။ ယင်း ပိုင်လိုက်နိန်ကတ်စော်က တခြားနီရာက၊ တခြားဒေသကလူတိလေ” လို့ ကျောက်ဖြူမြို့ခံ တယောက်က ဆိုသည်။
မြို့ထဲပိုင်းက အယင် သိန်း ၅၀၀၊ ၆၀၀ တန်ရေ ခြံနန့်အိမ်ရေ အဂု သိန်း ၃,၀၀၀ နန့် အဝယ်တည့်လားခရေလို ထိုဒေသခံက ထပ်ပြောသည်။ ဇာနီရာမှာ အိမ်ခြံမြီရောင်းဖို့ဟိရေလို့ ကြားစော်နန့် အပြီးအလွှားရောက်လာကတ်ပြီးသား ဖြစ်နိန်ကတ်တေ လို့လဲ ဆိုသည်။
“ဒေက ဒေသခံတိ ဘဝပျက်နိန်ကတ်ယာ၊ လယ်ကွင်းမှာတောင် လယ်မလုပ်နိုင်ရေ အဆင့်ကို ရောက်လားကတ်ယာ။ မြီ တလက်မ တကွက်ချေတောင် ထိုးဖို့အကွက်မဟိလေ။ အပ်ချထားဖို့ အကွက်တောင်မဟိ။ အားလုံး ပိုင်ဆိုင်မှုတိနန့်။ တိုင်းနန့် ပြည်နယ် အသီးသီးက၊ နိုင်ငံအရပ်ရပ်က၊ အာဏာပိုင်အဖွဲ့အစည်းတိက လာကတ်ပြီးကေ ဂရမ်ဖောက်တေ။ ဟိုချင့်လုပ်တေ၊ ဒေချင့်လုပ်တေနန့်။ လယ်ကွင်းတိထဲမှာ၊ နွားကျောင်းဖို့ နီရာတောင်မဟိ၊ နွားတက်ဖို့ နီရာတောင်မဟိယာ။ ယင်းလောက်ထိ ဖြစ်လာနိန်ရေယေ” လို့ ဦးတင်ဖေက ပြောသည်။
လူဦးရေ ၂၀၀,၀၀၀ ခန့်ဟိရေ ကျောက်ဖြူမြို့နယ်မှာ အဂုခါ ဒေသခံလူထုတိပိုင်ဆိုင်ထားရေ လယ်ယာခြံမြီအများစုရေ အာ ဏာပိုင်တိနန့် ရင်းနှီးရေ ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်တိ၊ နိုင်ငံခြားသား တရုတ်လူမျိုးတိလက်ထဲ ရောက်ရှိလားဗျာလ်ဖြစ် သည်။

နဂါးမော်မှာ ၂၀၁၀ခုနှစ်ကစလို့ ကျောက်ဖြူမြို့နယ်ဓည၀တီရီတပ်စခန်းက လှို့ဝှက်ဆောက်လုပ်နိန်ရေ သံကူကွန်ကရစ် ဆိပ်ခံတန်းတားလုပ်ငန်းခွင်ကို မြင်တွိရစိုင်
၂၀၀၉ ခုနှစ် အောက်တိုဘာ ၃၁ ရက်နိ့ကနိန် စတင်ခရေ ကျောက်ဖြူမြို့ အရှေ့တောင်ဘက် (၆) မိုင်အကွာမှာ တည်ဟိရေ မဒေးကျွန်းမှာ ရီနံစိမ်း တန်ချိန် ၃၀၀,၀၀၀ ဆန့် သဘောင်္တိဆိုက်ကပ်နိုင်ရေ Crude Oil Terminal ရီနက်ဆိပ်ကမ်းကို တရုတ် နိုင်ငံက အကြီးဆုံး ကုမ္ပဏီတခုဖြစ်တေ တရုတ်အမျိုးသားရီနံကော်ပိုရေးချန်း (China National Petroleum Corporation) CNPC နန့် မြန်မာနိုင်ငံက အေးရှားဝေါလ်၊ မြန်မာ့ ရွှေသရဖူ၊ သန္တာနဂါး၊ 7-Star, PSC, Myint and Association အပြင် ကိုးရီး ယားနိုင်ငံက ဒေ၀ူးကုမ္ပဏီ၊ ဟွန်ဒိုင်း စရေ ပြည်တွင်း ပြည်ပ ကုမ္ပဏီတိက စီမံကိန်းအတွင်း ပူးပေါင်း ပါဝင် ဆောင်ရွက်လျှက် ဟိသည်။
အဆိုပါ ရီနက်ဆိပ်ကမ်းပြီးစီးပါက အာဖရိကနန့် အရှေ့အလယ်ပိုင်းက တင်ပို့ရေ ရီနံတိကို ယင်းဆိပ်ကမ်းကတဆင့် တရုတ်ပြည်ကို ပိုက်လိုင်းတိနန့် သွယ်တန်း တင်ပို့လားဖို့ဖြစ်သည်။