ရခိုင်ပြည်တော်လှန်ရေးပေါ်ပေါက်လာရခြင်း

အေဒီ ၁၇၈၄ ရခိုင်သက္ကရာဇ် ၁၁၄၆ ရခိုင်ပြည်ကို ဗမာကသိမ်းထားသည့်နောက်ပိုင်းကာ လ တွင် ဗမာဘုရင်ဘိုးတော်မောင်ဝိုင်း သည် ရခိုင်လူထုကို ပုံစံအမျိုးမျိုးဖြင့် မျိုးတုံးအောင် ပြုကျင့် လျှက်ရှိသည့်ဖြစ်ရပ်ကို ရခိုင်လူထုက မြင်လာသည့်အခါ တံလျပ်ရေထင်ခဲ့သည့် ရခိုင်ပြည် ၏သစ္စာဖောက် မောင်သံတွေသည် ကိုယ်ဖော်သည့်ဆေးကို ကိုယ်မစားနိုင်သည့် အနေအထား သို့ ရောက်ရှိလာကာ နောက်ဆုံးကာလတွင် ရရာလူများကို စည်းရုံးကာ ဗမာမင်းကို တော်လှန်ခဲ့ရသည်။ သို့သော် ရခိုင်ပြည်ကို အပိုင်သိမ်းထားသဖြင့် တော်လှန်ရေး မအောင် မြင်ခဲ့ချေ။ မောင်သံတွေ၏သားဖြစ်သူ ဗိုလ်ချင်းပျံက တော်လှန်းရေးကို ဆက်လက်ဦးဆောင်ခဲ့ သည်။ ဗိုလ်ချင်းပျံသည် လက်ရုံးရည်ပြည့်ဝသော်လည်း နိုင်ငံရေးဘက်၌ စည်းရုံးရေးအားနည်း ခဲ့လေသည်။ ဗိုလ်ချင်းပျံသည် နိုင်ငံရေးဆက်လက် လှုပ်ရှားမှုမရှိတော့ဘဲ ချင်းတောင်တန်း ဒေသ၌ ခိုလုံနေရပြီး ၁၈၁၅ ခုနှစ်တွင် နာမကျန်းဖြစ်ကာ သေဆုံးခဲ့သည်။

သို့သော် ရခိုင်တော်လှန်ရေးသည် ကျဆင်းသွားခြင်းမရှိပါ။ ရခိုင်ပြည်အတွက် တိုက်ပွဲဝင်နေ ကြသည့် ရခိုင်ပြည်တောင်ပိုင်း၌ ဗိုလ်သာဦး၊ ဇော်ဂျီဗိုလ်၊ တိမ်ကြားဗိုလ် စသည့် ရခိုင့်တော် လှန်ရေး အင်အားစုများကလည်း ရခိုင်ပြည်မြောက်ပိုင်းတွင်ရှိသည်။ ဗိုလ်ချင်းပျံ၏ ယောက်ဖ ဖြစ်သူ ဒေဒ၀န်းကြီးအောင်ကျော်ရွှီနှင့် ရခိုင်မင်းဆွေမျိုးများဖြစ်သည့် မင်းသားကြီးရွှေဗန်း၊ မြို့သူကြီး အောင်ကျော်ဇံ စသော ရခိုင်ခေါင်းဆောင်များက ရခိုင်တော်ရေးကို ဆက်ခံကြသည်။

ဗမာကိုမောင်းထုတ်ရန် မဟာမိတ်ဖွဲ့

ဗမာတနိုင်ငံလုံး အင်္ဂလိပ်လက်အောက်သို့ ရောက်သွားသည့်အချိန်တွင်လည်း ရခိုင်တော်လှန် ရေးသည် အင်္ဂလိပ်စစ်ကူဖြင့် ဗမာကိုတိုက်ရန် စီစဉ်ရသည်။ ထိုစဉ်က အင်္ဂလိပ်နှင့် ရခိုင်တို့ သည် ဗမာတို့ကို တိုက်ရန် အချက်(၁၀)ချက်ပါသည့် စာချုပ်ကို ချုပ်ဆိုခဲ့သည်။ ထိုစာချုပ်ကို ရခိုင်ခေါင်းဆောင်နှင့် အင်္ဂလိပ်ခေါင်းဆောင်တို့က သဘောတူခဲ့ကြသည်။
ထိုပုဂ္ဂိုလ် များသည်
ရခိုင်ဘက်မှ-
(၁) မင်းသားကြီးရွှေဗန်း
(၂) မြို့သူကြီးအောင်ကျော်ဇံ
(၃) ဒေးဝန်းကြီးအောင်ကျော်ရွှီ
အင်္ဂလိပ်တို့ဘက်မှ
(၁) မင်းကြီး ဒိန်သျှန်
(၂) ယ၀ါသတ်ခေါ် ရာပသိန်သတ် တို့ဖြစ်ကြပြီး အောက်ပါသဘောတူ အချက်(၁၀)ချက်ကို ချုပ်ဆိုခဲ့သည်။
(၁) ဗမာကို ရခိုင်ပြည်မှ မောင်းထုတ်ရန်။
(၂) အင်္ဂလိပ်ထဲမှ လက်နက်အကူအညီပေးရန်၊ စစ်သားအချို့ ကူညီရန်။
(၃)စစ်ကာလအတွင်း အင်္ဂလိပ်တို့ထံမှ စစ်စရိတ်ထုတ်သုံးရန်။
(၄) ရန်သူဗမာထွက်သွားပြီးနောက် ရခိုင်ပြည်ကို ရခိုင်အကြီးအကဲ(မင်းသား)များသို့ ပြန်အပ်ရန်။
(၅) စစ်ပြီးသွားပါက စစ်အတွင်း အသုံးစရိတ်(၂)ဆကို ရခိုင်တို့က အင်္ဂလိပ်တို့အားပေးရန်။
(၆)အင်္ဂလိပ်တို့သည် ရခိုင်ပြည်သူတို့အား မရက်စက်မစော်ကားရန်နှင့် စာချုပ်ပါ ကတိများ တည်ရန်။
(၇) စစ်ပြီးလျှင် အင်္ဂလိပ်အစိုးရသည် ရခိုင်ပြည်မှ လုံးဝဥဿုံ ထွက်ခွါပေးရန်။
(၈) စစ်တိုက်လျှင် ရခိုင်တို့က ရှေ့ဆောင်လမ်းပြချီတက်ရန်။
(၉) ကုန်းတပ်ရေတပ်တို့၌ နှစ်ဦးနှစ်ဖက် တာဝန်ယူရန်၊ တူညီမျှတ အားသွန်ခွန်စိုက် ရွပ်ရွပ်ချွန်ချွန် တိုက်ထုတ်ရန်။
(၁၀) စစ်အတွင်းရိက္ခာကို ရခိုင်တို့က လုံးဝတာဝန်ယူရန် တို့ဖြစ်သည်။
ထိုသို့ စာချုပ်ချုပ်ဆိုပြီးနောက် ရခိုင်နှင့်အင်္ဂလိပ်တို့က ပူးတွဲတပ်ဖြင့် ၁၈၂၄ ခု မတ်လတွင် စတင်ခဲ့သည်။ ယင်းနောက်ပိုင်းတွင် ရခိုင်ကို စိုးမိုးနေသည့် ဗမာတို့လည်း ရခိုင်ပြည်မှ ဆုတ်ခွါသွားရသည်။ နောက်ပိုင်းတွင် ရန္တပိုစာချုပ်ဖြင့် ပြေငြိမ်းလိုက်ရသည်။

အင်္ဂလိပ်အကြံ

သို့သော် ရခိုင်ပြည်မှ ဗမာများကို ရခိုင်-အင်္ဂလိပ်ပူးတွဲစစ်ဆင်ရေးလုပ်ကာ အောင်မြင်စေကာမူ စာချုပ်ပါ ကတိအတိုင်း အင်္ဂလိပ်တို့က ရခိုင်ပြည်ကို ရခိုင်ခေါင်းဆောင်များလက်ထဲသို့ ပြန်မ အပ်ဘဲ ၄င်းတို့၏ လက်အောက်ခံအဖြစ် သိမ်းပိုက်ထားသည်။ ရခိုင်ခေါင်းဆောင်များကိုလည်း ဖမ်းဆီးကာ ထောင်ချလိုက်သည်။ ရခိုင်ခေါင်းဆောင်များ ဖြစ်ကြသည့် မင်းသားကြီးရွှေဗန်းနှင့် တခြားခေါင်းဆောင်များကိုလည်း ထောင်ထဲတွင် သေဆုံးသွားကြသည်။ ၁၈၈၅ ခုနှစ်တွင် ဗမာပြည်ကို အင်္ဂလပ်တို့သိမ်းယူနိုင်ခဲ့လေသည်။ ထိုအထဲတွင် တော်လှန်ရေးနှစ်မျိုး ပေါ်ပေါက် လာသည်။ ရခိုင့်တော်လှန်ရေးနှင့် ဗမာ့တော်လှန်ရေးပင် ဖြစ်သည်။ အင်္ဂလိပ်တို့သည် အာရှတ တိုက်လုံးအထိ သိမ်းပိုက်နိုင်လေသည်။ ထိုအချိန်တွင် တော်လှန်ရေးကာလသည် မှေးမှိန်သွား လေသည်။
အင်္ဂလိပ်တို့၏ ရန်ဘက်နိုင်ငံတခုအဖြစ် ဂျပန်က စတင်လာသည်။ အင်္ဂလိပ်က အာရှကို သိမ်းထားချိန်တွင် ဂျပန်ကလည်း အနောက်နိုင်ငံများကို သိမ်းပိုက်လာခဲ့သည်။

လွတ်လပ်ရေးမီးရှူးတန်ဆောင် ဆရာတော်အသျှင်ဦးဥတ္တမ

ဆရာတော်ဦးဥတ္တမ၏ နိုင်ငံရေးတရားဟောပြောလာမှု၊ လမ်းပြပေးမှုတို့ကြောင့် နောက်ပိုင်း ၁၉၂၀ ခုနှစ်ကာလတွင် ကျောင်းသားသပိတ်၊ လယ်သမားအရေးတော်ပုံတို့ ပေါ်ပေါက်လာ ခဲ့သည်။ ထိုအချိန် ဂျပန်ကလည်း စစ်ရေးအရ တစတစကြီးထွားလာခဲ့သည်။ ၁၉၄၂ ခုနှစ်တွင် ဗမာပြည်သည် ဂျပန်လက်အောက်သို့ ရောက်ရှိသွားသည်။ ထိုအချိန်တွင် ရခိုင်တို့လည်း ဂျပန်ကို တော်လှန်ရေးစတင်ရလေသည်။ ရခိုင့်ခေါင်းဆောင်များဖြစ်ကြသည့် ဦးဘစော၊ ဦးသာထွန်းအောင်၊ ဗိုလ်ကြီးကြာလှအောင်၊ ဘုံပေါက်သာကျော် စသည့် ရခိုင့်ခေါင်းဆောင် တို့က ဂျပန်တို့ကို တိုက်ပွဲဝင်ခဲ့ကြသည်။
၁၉၄၅ ခုနှစ်တွင် ရခိုင်ပြည်မှ ဂျပန်တပ်များဆုတ်ခွါသွားခဲ့ရာ ရခိုင်ပြည်တွင်(စီ-အေ-အက်စ် (ဘီ)ခေါ် စစ်အုပ်ချုပ်ရေး စတင်လာခဲ့သည်။ ယင်းကာလတွင် စစ်အုပ်ချုပ်ရေးသည် ပြည်သူ များကို နိုင်ထက်စီးနင်းကာ ဆိုးသွပ်ခဲ့သည်။ အမျိုးသမီးများကို မုဒိန်းကျင့်မှုများလည်း ရှိလာ သည်။ နောက်တွင် ဗမာဦးစီးဖွဲ့စည်းထားသည့် ဖက်ဆစ်ဆန့်ကျင်ရေးအဖွဲ့သို့ ရခိုင်ခေါင်း ဆောင်များလည်း ၀င်သွားကြသည်။ ယင်းအချိန်တွင် ဆရာတော် ဦးစိန္တာ၊ ဘုံပေါက် သာကျော် စသည့်ခေါင်းဆောင်များကလည်း အင်္ဂလိပ်အစိုးရထံ လက်နက်မအပ်ဘဲ လက်နက်ကိုင် တော်လှန်ရေးအတွက် ပြင်ဆင်ရလေသည်။

ရခိုင့်တော်လှန်ရေးဂယက်

၁၉၈၄ ခုနှစ် ဇန်န၀်ရီလ(၄)ရက်နေ့တွင် ဗမာပြည်ကို အင်္ဂလိပ်တို့က လွတ်လပ်ရေးပေးပြီး နောက်ပိုင်းတွင်မူ ဗမာတို့က ရခိုင်သူပုန်ချေးမုန်းရေး ကျဆင်းလာသည်။ ရခိုင့်ခေါင်းဆောင် တချို့လည်း လက်နက်ချ အလင်းဝင်ခဲ့ကြသည်။ လက်နက်နှင့်ဒီမိုကရေစီလဲသည် ဆိုသည့် ၀ါဒကြောင့် ရခိုင့်တော်လှန်ရေး အဖွဲ့တို့သည် လက်နက်ချခဲ့သည်။
မည်သို့ဆိုစေကာမူ ရခိုင့်ခေါင်းဆောင်များ လက်နက်ချသွားသော်လည်း နောက်တွင်ကျန်ခဲ့ သည့် ကျော်ဇံရွှီဦးဆောင်သည့် ရခိုင်ပြည်ကွန်မြူနစ်ပါတီ(အေစီပီ)နှင့် မောင်စိန်ညွန့် ဦးဆောင် သည့် ရခိုင်ပြည်အမျိုးသားလွတ်မြောက်ရေးပါတီ၊ ထွန်းရွှေမောင်ဦးဆောင်သည့် ရခိုင်ပြည် လွတ်မြောက်ရေးတပ်မတော်နှင့် ခိုင်မိုးလင်းဦးဆောင်သည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ တို့လည်း တော်လှန်ရေးလက်ဆင့်ကမ်းခဲ့ကြသည်။
နောက်ပိုင်း ၁၉၉၈ တွင်ဖွဲ့စည်းသည့် ရခိုင်ပြည်အမျိုးသားညီညွတ်ရေးတပ်ဦးနှင့် ရခိုင်ပြည် အမျိုးသားညီညွတ်ရေးပါတီ၊ ဗိုလ်ရာဇာဦးဆောင်သည့် ရခိုင့်တပ်မတော် တို့ကလည်း လက်ဆင့်ကမ်းခဲ့ကြသည်။
ကိုလတ်(ခိုင်ရိုးမ)

တောင်ကုတ်မြို့

 

 

တောင်ကုတ်မြို့

တောင်ကုတ်ချောင်းဝမှ ၁၂ မိုင်အကွာတွင်ရှိသည်။ တောင်ကုတ်လမ်းကြောင့်ကုန်သွယ်မှုကြားစခန်း
အဖြစ်ထင်ရှားသည်။ စစ်တွေသို့ ရေလမ်း ၂၂၄ မိုင်၊ သံတွဲသို့ ကားလမ်း ၄၃ မိုင်ဝေး သည်။ ပြည်မြို့သို့ 103 မိုင်၊ ကျောက်ဖြူမြို့သို့ 120 မိုင်၊ အမ်းမြို့ တို့ကို အလွယ်တကူသွားလာနိုင်သော .. နယ်စပ်မြို့တစ်မြို့ဖြစ်သည်။
မြို့ဧရိယာသည် စတုရန်းမိုင် ၁၉၀၇ မိုင်မျှရှိသည်။ တောတောင်ထူသည်။ အနောက်ဘက်တွင် ကျွန်း ကြီးများရှိသည်။ မြို့နယ်လူဦးရေမှာ တစ်သိန်းကျော်ရှိသည်။
ရခိုင်ပြည်နယ် နှင့် ဗမာပြည် ကူးသန်းရောင်းဝယ်ရေးအတွက် အဓိကကျသော နယ်စပ်မြို့ တစ်မြို့ ဖြစ်ပါသည်။ စီးပွားရေးအချက်အချာကျသော မြို့တစ်မြို့ဖြစ်ပြီး အလွန်စည်ကားသော မြို့ဖြစ်ပါသည်။
အဓိက စီးပွာရေးမှာ ရေလုပ်ငန်း၊ စပါး၊ ၀ါးနှင့် သစ်များဖြစ်သည်။

တောင်ကုတ်တောင်ကြားလမ်း

တောင်ကုတ်မြို့မှ ဧရာဝတီကမ်းရှိ ပန်းတောင်းမြို့အထိ ၁၀၂ မိုင်ရှည်လျားသည်။ တောင်ပေါ်ပိုင်း ၇၂ မိုင်ခရီးတွင် တံတားတစ်ခုမျှ မရှိချေ။ အမြင့်ဆုံးအပိုင်းသည် မိုးထိတောင် ဖြစ်သည်။
မူလက လူသွားလမ်း သပ်သပ်သာဖြစ်သည်။ တခါတရံ စစ်ရေးအရ အသုံးပြုခဲ့ကြ သည်။ မဟာမုနိဆင်းတုကို အမရပူရသို့ ပင့်ရာတွင် ဤလမ်းကို ချဲ့ထွင်ခဲ့၍ ဘုရားလမ်းဟူ၍လည်း တွင်သည်။ ၁၈၅၄ ခုတွင် လမ်းအဖြစ် စတင်ဖေါက်လုပ်ခဲ့ပြီး ဤလမ်းပေါ်မှ တယ်လီဖုန်းလိုင်း ဆက်သွယ် ခဲ့သည်။ လမ်းတလျှောက် စခန်းကြီး ၃၄ ခုရှိသည်။
ယခုအခါ ခေတ်မှီတိုးတက်သော လမ်းမကြီးအဖြစ် ဆက်သွယ်ရေးအတွက် အလွန်အရေးပါသော လမ်းတစ်ခုဖြစ်လာပါပြီ။။။။။
ဤလမ်းရှိ နေပူတောင်မှာ လွန်စွာထင်ရှားသည်။

တောင်ကုတ်ချောင်း

ရခိုင့်တောင်ပိုင်း ရိုးမရှိ မိုးထိတောင်(၃၈၂၈ ပေ) မှ မြစ်ဖျားခံကာ ပင်လယ်ထဲသို့ စီးဝင်သည်။
မိုင် ၆၀ မျှ ရှည်သည်။ အ၀ပိုင်းတွင် တောင်ကုတ်မြို့ရှိသည်။

တောင်ကုတ်မြို့တွင် ထင်ရှားသော နေရာများနှင့် သမိုင်းဝင် စေတီပုထိုးများလည်း ရှိသည်။ စီးပွားရေးကောင်းမွန်သော မြို့တစ်မြို့ဖြစ်ပါသည် ။ တောင်ကုတ်မြို့နေ လူများ၏ အဓိက လုပ်ငန်းမှာ သစ်လုပ်ငန်း-ဆန်လုပ်ငန်းနှင့် ကူးသန်းရောင်းဝယ်ရေးတို့ဖြစ်သည်။

.......................


G-talk ဘာသာပြန် အကောင့်တိ

G-talk ဘာသာပြန် အကောင့်တိ ( Copy ကူးပြီးဂေ Add လုပ်လိုက်ဂေ သိချင်ယေ Language ကိုဘာသာပြန်ပီးပါယေ)


fr2en@bot.talk.google.com (ပြင်သစ်ကနေ အင်္ဂလိပ်ကိုပြောင်းပေးပါတယ်)
en2fr@bot.talk.google.com (အင်္ဂလိပ်ကနေ ပြင်သစ်)
hi2en@bot.talk.google.com (ဟင်ဒီကနေအင်္ဂလိပ်)
en2hi@bot.talk.google.com (အင်္ဂလိပ်ကနေဟင်ဒီ)
it2en@bot.talk.google.com (အီတလီကနေအင်္ဂလိပ်)
it2en@bot.talk.google.com (အင်္ဂလိပ်ကနေအီတလီ)
ja2en@bot.talk.google.com (ဂျပန်ကနေအင်္ဂလိပ်)
ko2en@bot.talk.google.com (ကိုရီးယားကနေအင်္ဂလိပ်)
en2ko@bot.talk.google.com (အင်္ဂလိပ်ကနေကိုရီးယား)
nl2en@bot.talk.google.com (နယ်သာလန်ကနေအင်္ဂလိပ်)
en2nl@bot.talk.google.com(အင်္ဂလိပ်ကနေနယ်သာလန်)
no2en@bot.talk.google.com (နော်ဝေးကနေအင်္ဂလိပ်)
en2no@bot.talk.google.com (အင်္ဂလိပ်ကနေနော်ဝေး)
pl2en@bot.talk.google.com (ဒါကတောကျွန်တော်လဲမသိဘူးဗျအတ်သာအတ်ထားတာကျွန်တော်မသ
ုံးဘူးဗျ)
en2pt@bot.talk.google.com (အင်္ဂလိပ်ကနေပေါတူဂီ)
ar2en@bot.talk.google.com (အာရေဗျကနေအင်္ဂလိပ်)
en2ar@bot.talk.google.com (အင်္ဂလိပ်ကနေအာရေဗျ)
ro2en@bot.talk.google.com (ရိုမေးနီးယားကနေအင်္ဂလိပ်)
en2ro@bot.talk.google.com(အင်္ဂလိပ်ကနေရိုမေနီးယား)
ru2en@bot.talk.google.com (ရုရှားကနေအင်္ဂလိပ်)
en2ru@bot.talk.google.com (အင်္ဂလိပ်ကနေရုရှား)
sv2en@bot.talk.google.com (ဆွီဒင်ကနေအင်္ဂလိပ်)
en2sv@bot.talk.google.com (အင်္ဂလိပ်ကနေဆွီဒင်)
zh2en@bot.talk.google.com (တရုတ်ကနေအင်္ဂလိပ်)
en2zh@bot.talk.google.com (အင်္ဂလိပ်ကနေတရုတ်)
zh-hant2en@bot.talk.google.com (ရိုးရာတရုတ်ကနေအင်္ဂလိပ်)
en2zh-hant@bot.talk.google.com (အင်္ဂလိပ်ကနေရိုးရာတရုတ်)
zh-hant2zh@bot.talk.google.com (ရိုးရာတရုတ်ကနေနိုင်ငံတကာတရုတ်)
zh2zh-hant@bot.talk.google.com (နိုင်ငံတကာတရုတ်ကနေရိုးရာတရုတ်)
bg2en@bot.talk.google.com (ဘယ်ဂျီလယံကနေအင်္ဂလိပ်)
en2bg@bot.talk.google.com (အင်္ဂလိပ်ကနေဘယ်ဂျီလယံ)
cs2en@bot.talk.google.com (ချက်စကိုလိုဗီးယားကနေအင်္ဂလိပ်)
en2cs@bot.talk.google.com(အင်္ဂလိပ်ကနေချက်)
en2da@bot.talk.google.com (ဒါလဲဘာလဲမသိဘူးဗျသုံးဘူးဘူး)
de2en@bot.talk.google.c(ဂျာမန်ကနေအင်္ဂလိပ်)
en2de@bot.talk.google.com (အင်္ဂလိပ်ကနေဂျာမန်)
de2fr@bot.talk.google.com (ဂျာမန်ကနေပြင်သစ်)
fr2de@bot.talk.google.com(ပြင်သစ်ကနေဂျာမန်)
el2en@bot.talk.google.com (ဂရိကနေအင်္ဂလိပ်)
en2el@bot.talk.google.com (အင်္ဂလိပ်ကနေဂရိ)
es2en@bot.talk.google.com (စပိန်ကနေအင်္ဂလိပ်)
en2es@bot.talk.google.com(အင်္ဂလိပ်ကနေစပိန်)
fi2en@bot.talk.google.com (ဖင်နစ်ရှ်ကနေအင်္ဂလိပ်)
en2fi@bot.talk.google.com (အင်္ဂလိပ်ကဖင်လန်ရှ်)
en2mm5@mmgeeks.org <en2mm5@mmgeeks.org>(အင်္ဂလိပ်ကနေမြန်မာ)
en2mm10@mmgeeks.org (အင်္ဂလိပ်ကနေမြန်မာ)
en2mm3@mmgeeks.org (အင်္ဂလိပ်ကနေမြန်မာ)
en2mm6@mmgeeks.org (အင်္ဂလိပ်ကနေမြန်မာ)   

ရခိုင်ရာဇ၀င် ၀တ္တု

ဤဇတ်လမ်းကို အနာဂါတ် ရခိုင်ရင်သွီးငယ်ချေရို့ သင်္ခန်းစာရစီဖို့ တစုံတယောက်သောသူက အနုပညာလက်ရာမြောက်စွာ ဗွီဒီယိုဇတ်လမ်းတခွေ ဖန်တီးသင့်သည်။ သို့သော် ရခိုင်ဘုရင်သည် မြန်မာဘုရင်ပုဏ္ဏားဂေါင်းပေါင်း မဆောင်းသင့်ပေ။ ရခိုင်ဘုရင် မကိုက်သရဖူကိုရာ ဆောင်းသင့်ပါသည်။
တနိသောအခါ ပြည့်သျှင်မင်းဖလောင်းကြီးသည် မဟာမုနိဘုရားကို ဖူးမြော်ကြည်ညိုရန်ထွက်တော်မူသည်။ မင်းကြီးဝတ်ဆင်တော်မူသော ပတ္တမြားလက်စွပ်သည်ကျွတ်၍ ရီထဲသို့ကျလတ်သည်။ လက်စွပ်ကို ငါးတကောင်ရ၍မျိုသည်။ တလမျှဟိလတ်သောအခါ ထိုငါးကို တံငါတယောက်ရသည်။ ငါးဝမ်းမှလက်စွပ်ကို တံငါရသည်။ တံငါယောက်ျားသည် ကြောက်လန့်ခြင်းကြောင့် လက်စွပ်နှင့်အတူ ငါးကိုပါဆောင်ယူလာပြီးမင်းကြီးထံဆက်သည်။ မင်းကြီးက အမတ်ပညာကျော်ကိုမီးတော်မူရာ အမတ်ကြီးလျှောက်ထုံးမူကား-
အသျှင်မင်းမြတ်။ လက်စွပ်တော်ရီသို့ကျသောအခါ၌ ငါးသည်မျိုယူသိမ်းထားသည်။ ထိုငါးသည် မိမိအသက်ကို အသီခံလျှက် တံငါထံဝင်ရောက်သည်။ ထိုငါးမှ လက်စွပ်ကို တံငါရ၍ ဆက်သလာရသည်။ ဤအရာကိုထောက်၍ မှန်တိုင်းလျှောက်ရပါသော် ဥာဏ်နည်းသူရို့ ငြိုငြင်ရာသောအကြောင်းဟိပါသည်။
အသျှင်မင်းကြီး။ ဘုန်းကျက်သရေကြီးကျယ်ကြောင်းကို ပြည်သူအများသိထင်စီပြီးမှ ခုနှစ်လနှင့်ပြီးအောင် စီစဉ်ပါမည်- လျှောက်လတ်သော် ပတ္တမြားကိုယူလျှက် သားတစ်အတွင်း၌မြှုပ်သည်။ ထိုပတ္တမြားသားတစ်ကို အရွယ်သင့်တော်အောင်လှီးပြီး အခြားသားတတုံးများနှင့်အတူရော၍ ကြဲထားလတ်သည်။ ထိုသားတများကို ကျီးစွန်များချီယူကြလီရာ ပတ္တမြားဟိသောသားတစ်လည်းပါလားသည်။ ဆယ်ရက်ခန့်ကြာသောအခါ ထိုစွန်ငှက်ကို ငှက်ခတ်သားရို့ရဟိသည်။ စွန်ဝမ်းမှပတ္တမြားကိုရ၍ ငှက်ခတ်သားသည် စွန်ကောင်နှင့်အတူတကွ ပတ္တမြားကို မင်းထံဆက်သရောက်လာပြန်သည်။ ယင်းသို့နောက်မှ မထင်ရှားသူတယောက်အား ပတ္တမြားကိုအပ်၍ ရောင်းစီသည်။ ကုလားတယောက်သည် အသပြာတရာပီးပြီး ထိုပတ္တမြားကိုဝယ်ယူသည်။ ထိုကုလားသည် ပတ္တမြားကိုရွှေနှင့်ကွင်းရန် ပန်းတိမ်သည်တဦးထံအပ်သည်။ ထိုလက်စွပ်ကွင်း၍ပြီးလျှင် ပန်းထိမ်အိမ်၌ ကုလားသို့မအပ်မှီ သူခိုးခိုး၍ပါလားသည်။ ကုလားသည် လက်စွပ်ကိုရလိုမှုနှင့် မင်းထံလျှောက်ထားလာသည်။ မင်းကြီးက အမှုကိုအမတ်ကြီးသို့အပ်သည်။ အမတ်ကြီးလည်း အမှုကိုစစ်ဆီးရာ လက်စွပ်အကြောင်းကိုသိရသည်။ အမတ်ကြီးလည်း ပြီးအောင်စီရင်မည်ဟုဆိုလျှက် ဆိုင်းငံ့၍နီလတ်သည်။
ပန်းထိမ်အိမ်မှ လက်စွပ်ခိုးယူသောသူသည် မြစ်ဆိပ်၌ရီချိုးသောအခါ လက်စွပ်ကိုချွတ်၍ တနီရာ၌ထားလတ်သည်။ ထိုလက်စွပ်ထားရာအပါး၌ ကြွက်တွင်းတခုဟိသည်။ ကြွက်သည် တွင်းမှထွက်လာပြီးအစာရှာရာ လက်စွပ်ကိုတွိပြီး ယူလားလျှက် တွင်းသို့ဝင်လားသည်။ တရားသူကြီးကျွန်တယောက်သည် ကြွက်သားစားလို၍ ကြွက်ရှာရန်လားသည်။ ထိုသူသည် အဆိုပါကြွက်တွင်းကိုတွိ၍ တူးလတ်သည်။ ကြွက်တွင်းဟိ ပတ္တမြားလက်စွပ်ကို ရလတ်သည်။ ထိုသူသည် ပတ္တမြားလက်စွပ်ကိုမထားဝံ့သဖြင့် မိမိသခင်ဖြစ်သူ တရားသူကြီးထံ အပ်နှံထားလတ်သည်။ တရားသူကြီးသည် လက်စွပ်ကိုမြင်လျှင် ပြည့်သျှင်မင်းကြီးလက်စွပ်ဖြစ်သည်ကိုသိပြီး အကြံဖြင့် ၀မ်းသာအားရသည်။ အမတ်မဟာပညာကျော်သည် ခုနှစ်လနှင့် တံငါမှု၊ ဌက်ခတ်မှု၊ ကုလား ပန်းတိမ်မှုများကို စီရင်မည်ဟု မင်းထံလျှောက်ထားသူဖြစ်သည်။ အထက်အမွီမှုတွင်လည်း ဓမ္မသတ်ကိုပယ်၍ ငါရို့စီရင်သောအမှုကိုဖျက်ခသည်။ တရားသူကြီးသည် မဟာပညာကျော်ကို အငြိုးဖြင့်အရှက်ခွဲရန် အကြံဖြစ်လတ်သည်။ သို့နှင့်လက်စွပ်ကို ခုနှစ်လလွန်ပြီးမှ မင်းထံဆက်မည်ကြံလျှက် လုံခြုံစွာ ထုပ်သိမ်းထားလတ်သည်။ တရားသူကြီး အခြားအိမ်သို့ထွက်လားခိုက် မယားဖြစ်သူသည် လက်စွပ်ကို ထုတ်ယူကြည့်သည်။ အိပ်ချင်သည်ဖြစ်၍ လက်စွပ်ကိုအနီးတွင်ထား၍ အိပ်ပျော်လားသည်။
ထိုအခိုက်
ကျီးတကောင်ရောက်လာပြီး လက်စွပ်ကိုချီယူလားကာ အသိုက်၌ထားသည်။ တရားသူကြီးသည် အိမ်သို့ပြန်ဝင်လာပြီးလက်စွပ်ကို ကြည့်ရှုစစ်ဆေးရာ မိမိထားရာတွင်မတွိ၍ မယားကိုမီးသည်။ မယားလည်း ကွယ်၍သာဆိုသဖြင့် လင်မယားရန်ရှက်တင်ဖြစ်ကြသည်။ သို့ကြောင့် လင်မယားကွာယှင်းလိုကြောင်း မင်းကြီးထံလျှောက်ထားသည်။ မင်းကြီးလည်းအမှုကို အမတ်ကြီးသို့အပ်၍စီရင်စီသည်။ အမတ်ကြီးသည် တရားသူကြီးမယားအား အမှုရင်းကို စုံစိအောင်စစ်ဆေးမီးမြန်းသည်။ လက်စွပ်ပျောက်လီသော အကြောင်းဖြစ်သည်ကိုသိရသည်။
ထိုအခါအမတ်ကြီးက အမှုကိုစီရင်ပီးပါမည်။ ဆိုင်းငံ့ပါဦးဆို၍နီလတ်သည်။ ထိုသောကာလ တနိတွင် ကျောင်းသားသူငယ်တဦးသည် ကျီးသိုက်ကိုမြင်သဖြင့်တက်ပြီး၊ ကျီးသိုက်ကိုနှိုက်ရာ လက်စွပ်ကိုရသည်။ ကျောင်းသားငယ်သည် လက်စွပ်ကို ဆရာဘုန်းကြီးသို့ပီးအပ်သည်။ ထိုဘုန်းကြီးလည်း ရတနာဖြစ်သည်၊ မင်းနှင့်ထိုက်သောဥစ္စာရာဖြစ်သည်။ မင်းအားဆက်မည်ဟူ၍ ပြည့်သျှင်မင်းကြီးထံဆက်သသည်။ မင်းကြီးလည်း အမတ်ပညာကျော်ကိုခေါ်၍ လက်စွပ်ရကြောင်းပြသည်။ အမတ်ကြီးသည် လက်စွပ်ကို သားတစ်၌ထည့်၍ ငှက်စာကျွေးသော လက်စွပ်ရက်ကစ၍ တွက်စစ်သော်ရက်ပေါင်း (၁၉၀) ဟိပြီဖြစ်ကြောင်း သိလတ်သည်။ စီရင်ရန် ရက် (၂၀) သာလိုတော့သည်။ အမှုကိုစီရင်တော့မည့်အကြောင်း မင်းကြီးအားလျှောက်ထားသည်။
အမတ်ကြီးသည် ဘုန်းကြီးအား လက်စွပ်မည်သို့ရကြောင်းမီးလျှောက်လီသည်။ ဘုန်းကြီးက တပည့်သူငယ်ရကြောင်းပြောပြသည်။ သူငယ်ကိုမီးရာ ကျီးသိုက်မှရကြောင်း အမတ်ကြီးထံလျှောက်ဆိုသည်။ ကျီးသိုက်ကို သူငယ်ပြ၍သိလတ်လျှင် ညအခါ ကျီးဖိုကျီးမစုံကိုရအောင်ဖမ်း၍ လက်စွပ်တော်နှင့်တူသော လက်စွပ်တကွင်း လုပ်ဆောင်စီသည်။ ထိုလက်စွပ်ကို ကျီးနှုတ်သီး၌ မြဲစွာချဉ်လျှက် နံနက်သောအခါလွှတ်သည်။ ကျီးဖိုကျီးမပျံလားရာသို့ မင်းစေလုလင်များကိုကြည့်စီသည်။ ကျီးဖိုကျီးမရို့သည် စားနီကျဖြစ်သော တရားသူကြီး အိမ်တွင်နားသည်။ တရားသူကြီးမယားသည် ပျောက်လားသောလက်စွပ်ကို ကျီးနှုတ်သီးတွင်ပါလာသည်ဟူလျှက် အုတ်အုတ်ကျက်ကျက်လိုက်ကြ၍ ကျီးကိုဖမ်းကြောင်း အမတ်ကြီးထံ မင်းစေရို့လျှောက်လာသည်။ အမတ်ကြီးသည် တရားသူကြီးလင်မယားကိုခေါ်ယူပြီး မီးမြန်းလတ်သည်။ ကျီးနှုတ်သီး၌ပါလာသောလက်စွပ်ကို သင်ရို့ဇာမှာက ရသနည်းမီးရာ အိမ်မှာစေသောကျွန်ကပီးအပ်၍ ရကြောင်းပြောသည်။ ထိုကျွန်ကိုအပ်စီ၍မီးစစ်ရာ ကြွက်တွင်း တူးရာကရကြောင်းလျှောက်ထားသည်။ ထိုကြွက်တွင်းကိုပြစီ၍သိလတ်သော် ထိုအရပ်၌ လူမပြတ်ချထားစောင့်နီစီပြီး ကြည့်ရှုရန်အခိုင်းထားသည်။
ထိုအခါ အထက်ခိုးသားသည် အဖော်များနှင့်ရီချိုးရန်လာပြန်သည်တွင် သည်အရပ်၌ မိမိလက်စွပ်ချထားရာမှ ပျောက်လားကြောင်း အဖော်များသို့ပြောဆိုသည်။ ထိုစကားကို မင်းစေကြားသိသော် ထိုသူအားခေါ်ယူလားပြီး၊ အမတ်ကြီးထံပီးအပ်သည်။ အမတ်ကြီးက ထိုသူကိုစစ်မီးသည်။ ပျောက်လားသောလက်စွပ်ကို ဇာကရသနည်း။ မှန်ကန်စွာထွက်ဆိုရမည်ပြောလတ်သော် ပန်းတိမ်အိမ်တွင် ခိုးရာမှရသော လက်စွပ်ဖြစ်ကြောင်းလျှောက်ထားသည်။ ထိုပန်းတိမ်ကို ခေါ်ယူ၍မီးရာ သင်္ဘောသားကုလားအပ်သောပစ္စည်းဖြစ်ကြောင်း၊ ကုလားကိုမီးရာ- အသပြာတရာပီး၍၀ယ်ရကြောင်းများကို လျှောက်ထားကြသည်။ အမတ်ကြီးလည်း အကြောင်းစုံသိပြီးဖြစ်သောအခါ ထိုအကြောင်းများကို မင်းကြီးအားလျှောက်ထားလီပြီးမှ အမှုကိုစီရင်ထုံးသော်ကား- လက်စွပ်တော်ရီသို့အကျတွင် မြီလက်မခံ၍ ငါးသိမ်းထားသည်။ ထိုငါးကိုတံငါရသည်။ ထိုတံငါလက်စွပ်ကိုမြင်လျှင် မထားဝံ့၍ မင်းထံဆက်သလာသည်များမှာ မြီပိုင်ရီပိုင်တိုင်းနိုင်ငံအတွင်း၌ဟိသောသူရို့သည် အစိုးရအသျှင့် ကျွန်တစေသာဖြစ်ကြသည်။ လက်စွပ်တော်ကို တံငါဆက်၍ရသည့်နောက်ပိုင်း ထိုလက်စွပ် မင်းလက်သို့မရောက် ပျောက်လတ်သော် တံငါကပီး၍ရသောကြောင့် လက်စွပ်တန်ဘိုးကို တံငါသို့ မင်းကပီးသင့်သည်။ တံငါဆက်လာသည့်နောက် ထိုလက်စွပ်သည် သတ္တ၀ါမျိုးစုံထံရောက်မှ မပျောက်မဆုံး ဆက်သလာရောက်ပြန်ရသည်။ တရားကျမ်းဂန်၌ သူတော်ကောင်းရို့ဥစ္စာကို ရီမှာပစ်လည်းမနစ်။ မီးမှာပစ်လည်းမချစ်- ဟူ၍ဆိုသော ရှိဟောင်းပညာဟိရို့ဆိုသောစကားဟိသည်။ အသျှင်မင်းတရားကြီး ဘိသိက်ခံတော်မူရာ အင်္ဂါပြည့်စုံ တရားစောင့်ထိန်းတော်မူသည်ဖြစ်၍ လူနတ်ကြည်ညိုသောကြောင့် သုံးကြိမ်တိုင်အောင် လက်စွပ်တော်ကို နတ်ရို့ညွှန်ရာ လူလာ၍ပို့ဆက်လာရသည်။
ရဟန်းသော်ကား တရားနှင့်လျှော်သည်ဖြစ်၍ ပစ္စည်းလေးပါးမြဲစီသင့်ပါသည်။ တံငါနှင့်ငှက်ခတ်သမားမှာ ကိုယ်နှင့်မထိုက်သောအရာကို သိတတ်သောသဘောဟိသူဖြစ်၍ မင်းဘဏ္ဍာထိန်းအပ်သော ကျွန်ကောင်းလက္ခဏာဝင်သည်။ တရားသူကြီးမှာ ကြွက်နှင့်တူသည်။ ပန်းတိမ်မှာ စွန်နှင့်တူသည်။ ကုလားမှာ ငါးနှင့်တူသည်။ ခိုးသူမှာ ကျီးနှင့်တူသည်။ ထိုငါးစသောသတ္တ၀ါလေးကောင်ရို့ ဒဏ်ရောက်သည့်နည်းတူ ကုလားစသော လူလေးဦးရို့ မင်းပြစ်သင့်ရာသည်ဟူ၍ စီရင်လတ်သော် နွီကာလစင်ဖြစ်လျှက် မိုးကြီးသည်းထန်စွာ ရွာလီသောကြောင့် မင်းကြီးလည်းအားရတော်မူ၍ ဆင်တော်မူသောလက်ကောက်ကို မဟာပညာကျော်အမတ်သို့ တရားဆုပီးတော်မူ၏။
(မဟာပညာကျော်လျှောက်ထုံး)


ငိုနိန်သော ရွေနန်းတော်

နိရက်။…….. ။ ရခိုင်သက္ကရာဇ် ၁၁၄၁-၁၁၄၂ ၊ ပြာသိုလဆန်း (၁၀) ရက်၊ အင်္ဂလိပ်သက္ကရာဇ်: 1780AD ဒီဇင်ဘာလ။

အချိန်။…….. ။ (၂) လာ စနီ မိုးထဖက်ချိန်

နီရာ ။ ……….။ ရခိုင်နိုင်ငံ၊ မြောက်ဦးရွီမြို့တော်၊ သျှစ်သောင်းပုထိုး နှင့် ကိုးသောင်း ပုထိုးတော်ကြား ၊


“မောင်ကြီး ..မောင်ကြီး …ဒေမှာကြည့်စမ်၊ ဒေကြက်မောက်ပန်းချေ ဇာလောက် ချစ်ဖို့ကေင်းလေ၊” ဆိုကာ မင်းသမီးချေ မြကြာညိုက သူမ အကိုကြီးကို ခူးပနာပြသည်။

“အေး အေး.. နှမတော်၊ ပန်းချေတိ အများကြီးခူးထား၊ ပန်းတိအများကြီးရလာကေ နှမချေနန့်မောင်ကြီး.. ဒေ မောက်နှမ နှစ်မ နှုစ်ယောက် ဒေ ကိုးသောင်းပုထိုးတော်ကြီးမှာ လှူကတ်ဖို့ ၊ ယပြီးကေ နှမချေ ချစ်ရရေ မောင်ကြီးနန်. မောင်ကြီးချစ်ရရေ နှမချေ.. ဒေမောင်နှမနှစ်ယောက် ဘ၀ ဘ၀ ဆက်တိုင်းဆက်တိုင်းမှာ ဆုံတွိကတ်ဖို့ ဆုတောင်းကတ်ဖိုးနန်း နှမတော်” မင်းသားချေ မင်းစော စကားအဆုံးတွင် မြကြာညိုမျက်နှာပါ အပြုံးပန်းချေတိ သန်းလာသည်။

“အော်..မောင်ကြီး မောင်ကြီး..အဂုတော့ခါ ငါ့နှမ၊ငါ့နှမနန့် ၊မြကြာညို ကကောင်းမပြောချင်..၊ ထိုတစ်ရက်နိက နန်းတွင်းအနောက်ဆောင်က အမတ်ကြီးထွန်းအောင်ကျော်သမီးတော် မြစောညိုတွက် စောင်းတော်တီးလို့ ဂီတသံစဉ်တိ လားဆက်သက်တေ လို့ နှမချေ ပြောသံကြားရေ…….။ ကြင်ဖော်ရကေ မောင်ကြီးက ချစ်ရရေ ဒေနှမချေကို မိလီဖို့စွာယာ….ဟိဟိ..” ဟုမောင်သယ်ကို သွန်းလိုက်သည်။ မင်းသားမင်းစောသည် ဟြက်(ရှက်) စိတ်ဝင်လားပြီး ….

” ဟေး ….ဒေသူတစ်ယောက် အထူးထူး မပြောရ မောင်ကြီးကို ငရဲကြီးဖို့ယေ” ဟုဆိုကာ စကား ပိတ်လိုက်သည်။

မင်းသားမင်းစောနှင့်မင်းသမီး မြကြာညိုရို.သည် မြောက်ဦးမြို့တော်ကို အုပ်ချုပ်ရေးပိုင်းတာဝန်ယူထားသော အမတ်ကြီးသာထွန်းအောင်၏ သမီးတော်၊သားတော်များဖြစ်သည်။ မင်းသားမင်စောသည် အသက်အရွယ်အားဖြင့် ၂၄နှစ်ခန့်ဖြစ်ပြီး ၊သူနှမချေမြကြာညိုမှာအသက် ၂၀အရွယ်ဖြစ်သည်။ မင်းသားမင်းစောသည် မြောက်ဦးဘုရင်သမ္မတရာဇာမင်း၏ ကိုယ်ရံတော်တပ်၌ တပ်မူးတစ်ယောက်လည်းဖြစ်သည်။ မင်းစောသည် တိုက်ရီး၊ခိုက်ရီးကျွမ်းကျင်ပြီး၊မြင်းများကိုအလွန်ပင်ချစ်တတ်သည်။ သူသည် အသက် ၂၀ခန့် အရွယ်တွင် အိန္ဒိယနိုင်ငံသို့ စစ်ရေးပညာသင်ရန်စေလွတ်ခံရဖူးသည်။ စာပီ၊ဂီတ အနှပညာကိုလည်းအလွန်ပင် ခုံမင်သည်။ အချိန်ရလျှင် ရတု၊ကဗျာ များအပျော်တမ်းစပ်လေ့ဟိသည်။

မင်းသမီးချေ မြကြာညိုမှာ နန်းတွင်း အထူးဆောင်၌ ရခိုင်စာပီ ဂီတ အနှပညာများ သင်ကြားနီဆဲဖြစ်သည်။ သူမသည်ဘ၀ကို ရတုကဗျာတိစပ်ယင်းနှင့်ပင်ကုန်ဆုံးစီချင်သည်။ သူရိုမောင်နှမနှစ်ယောက်သည်တစ်ယောက်ကိုတစ်ယောက်လွန်စွာချစ်ကတ်ပြီး ၊ ၀ါသနာတူ၊ အကျင့်တူများးဖြစ်သည်။ ဘာသာတရားကိုလည်း အလွန်ပင်ကိုင်းချိုင်းကတ်ပြီး ဘုရားမြတ်စွာအား သက်ဝင်ယုံကြည်သူများဖြစ်ပါသည်။ အဂုလည်း အခြွေအရံတိနှင့် ပန်းများခူးကာ ဘုရားမှာလှူရန်ကိုသောင်းဘုရား အနောက်ဘက်တစ်နီရာကိုရောက်ဟိလာကတ်ခြင်းဖြစ်သည်။ သူရို.သည် အခြွေအရံတိကို အ၀ီးမှ စောင့်ကတ်ရန် မှာလိုက်ပြီး မောင်နှမနှစ်ယောက် လလွတ်လလပ်ပန်းများခူးကာ ကိုးသောင်းပုထိုးတော်ကြီးတွင်ကပ်လှူပှုဇော်ကတ်မည်ဖြစ်သည်။


” နှမတော် …ဒေမှာ တစ်နားချေနီလိုက်..ပန်းတိခူးထား၊ မောင်ကြီး ထိုဟြိ့က ကန်ကြီးကိုလားကြည့်ချင်ရေ၊ ယင်းကန်ထဲက ကြာဖြူ၊ ကြာနီ ချေတိကို မောင်ကြီး ကြည့်ချင်လို့” ဟု မင်းစောလှမ်းပြောလိုက်သည်။

” နှမချေလေ့ လိုက်ပါရဇီ မောင်ကြီး၊ ဒေနားမှာ တစ်ယောက်တည်း မနီဝံ့၊ နှမချေ ကြောက်တေ” ဟုမြကြာညိုပြန်ပြောသည်။

“ဇာကို ကြောက်စရာလိုလေ နှမတော်၊ ထော.. ဒေက အနောက်ဘက်ကိုကြည့်လိုက် ငါရို. အဘိုးတိတည်ထားခရေ သျှစ်သောင်း၊ထုက္ကသိမ်၊ လေးမျက်နှာဘုရားပုထိုးတိ ဟိန်းလို့၊ ထော.. အဟြိ့(ရှိ) ဘက်ကိုကြည့်လိုက်စမ်……။ ဘုရင် မင်းခမောင်တည်ခရေ ကိုးတော်ပုထိုတော်ကြီး တိ မမားမမတ်နန့်၊ အခြွေအရံတိလည်း မပါးမ၀ီးမှာ ဟိကတ်တေ မလား” ပြောသာပြောလိုက်ရသည် သူညီမ နားထောင်ဖို့လို့ မင်းစောမထင်။

” အာ.. မောင်ကြီး၊ မရ နှမတော်ကြောက်တေ” ဟုဆိုကာ ပန်းရိုင်း ခြုံပုတ်တိ ကြားထဲက ပြီးထွက်လာသည်။ မင်းစောလေ့ တားဖို့အချိန်တောင်မရလိုက်။ ” အေး ၊”အေး” နှင့် သဘောတူလိုက်ရသည်။

“နှမတော် ကန်ထဲမှာ ပေါက်နီကတ်တေ၊ ကြာဖြူ ကြာနီပန်းချေတိကိုကြည့်စမ်၊ ဇာလောက်ချစ်ဖို့ကောင်းလေ၊ နှမတော် မောင်တော်တစ်ခု ပြောပြမေ၊ ကြာပန်းဆိုစွာ လောကကို သူ့အလှတစ်ခုတည်းနန့် အလှဆင်စွာမဟုတ်၊ ဘ၀ ကိုလုံးဝ အရှုံးမပီးရေ ပန်းတိထဲမှာ ကြာပန်းရေ သတ္တိအဟိဆုံးဖြစ်တေ နှမတော်” မြကြာညို သူ့မောင်သယ်စကားကို နားမလည် ဖြစ်နီသည်။

” နှမတော်.. ကြာပန်း အလှတစ်ခုတည်းကို မကြည့်ကေ့ ၊ ကြာပန်း အောက်မှာ ရီဟိရေ၊ ယင်းရီအောက်မှာ ကျူပ်တိ ဘိတ်နန့် ပေါင်းစပ်ထားရေ ဒေကမ္ဘာမြေကြီး ၊ ယင်းပိုင် အခက်အခဲ့တိကြားထဲတိ အားလုံးကို ကျော်ဖြတ်ပြီးကေ လောကအလှဆင်ဖို့အတွက် ရုန်းထွက်ပါလတ်တေ ဒေပန်းချေတိကို ဘလောက်ချီးကျူးဖို့ကောင်းလေ ကြည့်စမ်”။ မင်းစောတစ်ယောက် အသျှေတစ်ယောက်ပိုင် နားထောင်နီသော သူ့နှမချေကို ဥပမာတိ နှင့် ချင်းပြနီသည်။

“မောင်ကြီးလည်း ကို့နှမချေကို ဒေကြာပန်းချေတိပိုင် အဖရခိုင်ပြည်ကြီးကို အလှဆင်ဖို့ မောင်ကြီး တိုက်တွန်းချင်ရေ နှမတော်”

မြကြာညိုကလည်း မောင်သယ်ကို သူမ တတ်စွမ်းသော စာပီ၊ဂီတ အနှပညာနှင့် အဖရခိုင်ပြည်ကြီးကိုအလှဆင်မည်ဖြစ်ကြောင့်ကတိပီး
လိုက်သည်။ မင်စော စကားပြန်စလာသည်။ သူသည် သူ့နှမချေအား သူကြိုက်တေ သုဝဏ္ဏဒေ၀ီ (စောပြည့်ညို) ရွီးစပ်ခသော သိန်ကန်မိန်တွင်ရတု ကို ကြားချင်ကြောင်းပြောပြသည်။ မြကြာညိုလည် သူမမှတ်မိသလောက်မှ

“လျှောက်တင်ခါပန်း၊ ရာသီဆန်းလျင်၊ နန်းမြင့်အောင်မြီ၊ ဆယ့်နှစ်လီရစ်သန်းမြူး၊ မောက်သူဇာကေ၊ ဒက္ကာဆိပ်ကမ်းဦးက၊

ကျေးဇူးဂုဏ်သျှစ်တန်၊ အမတ်လိမ္မာ၊ ထိုမြို့ရွာတွင်၊ အာဏာသုံးခယ့်ပြန်မှ၊ ပြောင်ဆဒ္ဒန်မာတင်ရိုး၊ ထွက်လျှင်မပြန်၊

မလှန်ကိုယ့်မင်းမျိုးတည့်။ ဆိုးကောင်းနှစ်ပါးတွင်၊ ရိပ်ခြည်အမျှင်၊ အသျှင်သိလျှင်းပင်တည့်။ ပညာသျှင်အုပ်ထိန်းမှ၊ မြို့ပြပြည်ရွာ၊

သာယာစည်ကားလှအယ့်။ မင်းယောက်ျားဓမ္မတာ၊ ပညာမဲ့ကွက်၊ ညာဏ်မစွက်သော်၊ ပြည်ထက်မထားရာတည့်။

ရှိယ့်ကျမ်းလာထုံးစာဟောင်း၊ ကျိုးကြောင်းသိပြန်၊ ဘွဲ့မွန်အမတ်ကောင်းကို၊ နောက်တကြောင်းကုလားရွာ၊ အပိုင်အပ်ပြီး၊ စစ်သူကြီးဟု၊ …………….”

မင်းစောလည်းလွန်စွာအားရကျေနပ်လျက် နှမချေအား ချီးကျူးစကားဆိုသည်။ ယင်းနောက် မင်းသားမင်းစောနှင့်မင်သမီးချေရို.သည် ကိုးတော်ပုထိုးတော်ကြီးသို့ ပန်းစည်းတိကိုင်ပနာ လျောက်လာကတ်သည်။ ထိုနောက် ပန်းတိကို ဘုရားတွင်ကပ်လှူပှုဇော်လျက် မောင်နှမနှုစ်ယောက် ဘ၀ဆက်တိုင်းဆက်တိုင်းဆုံတွိရပါလို.၏ဟုဆုတောင်းကတ်သည်။

“အသျှင်ဘုရား …တပည့်တော်၊တပည့်တော်မရို. မောင်နှမနှုစ်ယောက် ဘ၀ဘ၀ ဆက်တိုင်းဆက်တိုင်းမှာ ဆုံတွိရပါဇီ ဘုရား …..”

မောင်နှမနှစ်ယောက်ဆုတောင်းသံတိ ကိုးတော်ပုထိုးတော်ကြီးလှိုင်ဂူတိထဲတွင် ပဲ့အထပ်ထပ်တင်လျက်……….။

(၄)



နိရက်။…….. ။ ရခိုင်သက္ကရာဇ် ၁၁၄၄-၁၁၄၅ ၊ တန်းဆောင်မုန်း လဆန်း(၅) ရက်၊ အင်္ဂလိပ်သက္ကရာဇ်: 1783AD အောက်တိုဘာ။

အချိန်။…….. ။ (၂) လာ အင်္ဂါနခြင်းဖက်ချိန်

နီရာ ။……….။ မြောက်ဦး ရွီနန်းတော်

နန်းတွင်းညီလာခံကျင်းပနီသည်။ ရခိုင်နိုင်ငံရေး အတိမ်းအစောင့်မခံနိုင်သော အနီအထားဟိသည်။ သမ္မတရာဇာဘုရင်အား အရည်အချင်းမဟိဟုဆိုကာ ခွဲထွက်အဖွဲများပေါ်လာပြီး ဘုရင်၏ထီးနန်းကို ပုန်ကန်ခြားနားမူတိ ပေါ်ပေါက်လာသည်။

ရခိုင်နိုင်ငံ၏ စီးပွားရေး၊လူမူရေး၊နိုင်ငံရေး အဘက်ဘက်မှရီဝင်လာသည်။ ရခိုင့်ပြည့်သျှင်ဘုရင်မင်းမြတ်သည့် ပြည်တွင်းပုန်ကန်ခြားနားမူ၊ ပြည်တွင်း မိုးခေါ်မှု၊ အစာ၊ရီစာ သျှားပါးမူ၊ ၀မ်းရောဂါ ဖြစ်မူစသည့် ပြဿနာ ပေါင်းစုံနှင့်ကျင်ကိုင်နီရသည်။ စိုင်းတင်မြို့စား ငသံဒွေသည် ဘုရင်အား ဗြောင်စိန်ခေါ်မူများပြုလုပ်လာပြီး ရခိုင်ထီးနန်းကို ခြိမ်းခြောက်သည်။

နန်းတွင်း ညီလာခံ၌ ဌာန ပေါင်းစုံမှ မြို့စား၊ ၀န်ကြီး၊ မူမတ်အပေါင်းစုံရို.သည် ရင်မအီးနိုင်သော ရခိုင့်အနာဂတ်တွက် ဘုရင်ကြီးနှင့် အကြိတ်အနှယ် ဆွဲနွဲလျက်ဟိသည်။ မူးကြီး၊မတ်ကြီးရို.သည် ရာထူးအဆင့်၊အတန်းလိုက် ငွေ ကုတင်(ကုလားထိုင်) ထက်များ
တွင် သမာဓိအပြည့်နှင့်ထိုင်နီကတ်သည်။တချို.သော နန်းတွင်းသူ၊နန်းတွင်သားများသာ ဘုရင်ကြီးကို ထိုင်လျက်ခစားနီကတ်သည်။

” အေး … အဂု ပိုင် အကြံဥာဏ်တော်တိနန့်၊ အားတိုက် အင်တိုင် ဆွေးနွေးပီးကတ်တေ ၊ မူးကြီး၊ မတ်ကြီး၊ ၀န်ကြီး၊ အမတ်ပညာဟိ ရို.ကို ငါ ကိုယ်တော်မြတ် ကျေးဇုတင်ဟိတော်မူရေ၊ စိုင်းတင်မြို့စား ငသံတွေ ခြီလှမ်းတိကို သတိထား စောင့်ကြည့်ပြီးကေ
၊ ရင်ဆိုင်နီရရေ အခက်အခဲ့ တိကို ပူပေါင်း ဖြေသျှင်းကတ်ရဖို့ ၊ အမတ်ကြီးအပေါင်ရို.” နန်းတွင်ညီလာခံ ပလ္လင်ထက်က ဘုရားကြီးအသံ ဟိန်းထွက်လာသည်။

” အမတ်ကြီးသာထွန်းအောင်၊ စကားမစပ် မြောက်ဦး ရွီမြို့တော် လုံခြုံရေးကိစ္စ ငါကိုယ်တော့်မြတ် သိချင်ရေ၊” အမတ်ကြီး သာထွန်းအောင်အား ဘုရင်ကြီး မီးတော်မူသည်။

” မှန်လှပါ အသျှင်မင်ကြီး၊ မြောက်ဦးမြို့တော် လုံခြူံရေးကိုပါ ငသံဒွေ နန့်
အဖွဲ ဗြောင် စိန်ခေါ်နီကြောင့်ပါ၊ ယေဘင်ယေကေလေ့ အကျွန်မျိုး အသျှင့်သစ္စာတော် စောင့်သိတော်မူလျက် အခြေအနီပုံမှန်ရောက်အောင် ကြိုးစား နီပါရေ အသျှင် မင်းကြီး၊” ။

ဘုရင်ကြီး မျက်နှာမသာမယာဟိသည်။ ဘုရင်ကြီးသည်တိုင်းသူ၊ပြည်သားတိတွက် စိတ်မသာမယာ ဖြစ်နီဟန်ဟိသည်။

” အေး.. အေး .. အစစ အရာရာ သတိတော်ထား ၊ဆင်ခြင်တော်မူလျက် သူတော်ကောင်းထုံး နှလုံးမူပြီး ဆက်လက်လုပ်ဆောင်ကတ်ပါ အမတ်ကြီး ။ ငါ ကိုယ်တော်မြတ်၊ ဒေနိဖို့ ညီလာခံ ရပ်တော်မူမည်။ ကိုယ့်တာဝန် ကိုယ်ကို ကျေပွန်အောင် ထမ်းဆောင်နိုင်ကတ်စီ၊
အမတ်ကြီးအပေါင်း ရို.” ” မှန်လှပါ အသျှင်မင်ကြီး၊ အသျှင်မင်းကြီး သက်တော် ရာကျော် ဟြည်ပါဇီ။” နန်တွင်းသူ၊ နန်းတွင်းသား အပေါင်းရို၏ ဆုတောင်းသံ နန်းတော်တစ်လုံး ဟိန်းလားသည်။

ဘုရင်မင်းမြတ်လည်း များစွာသော အခြွေအရံတိနှင့်မိမိ ရွှေနန်းဆောင်းသို့ ကြွမြန်းတော်မူသည်။



1784AD (တစ်နှစ်တိတိ ကြာပြီးနောက်)



” ဒုန်း၊ ဒုန်း၊ ဒုန်း၊ အသျှင်မင်းသား၊ အသျှင်းမင်းသား အယင်ထတော်မူပါ၊အယင်ထတော်မူပါ၊ အောက်ပြည်က ဗမာတပ်တိ မြောက်ဦး မြို့တော်ကို ၀င်သိမ်းနီပါကြေင့်ပါ။”

ကိုယ်ရံတော် တံခါးခေါက်နိုးမူကြောင့် မင်းသားမင်းစောသည်ဗြန်းဆိုလန့်နိုးချိန်တွင် မြောက်ဦးမြို့တော်မှ အလွန်တရာမှ ကြောက်မွက် ထိတ်လန့်ဖွယ်ကောင်းသော အသံများဆက်တိုင်ကြားလိုက်ရသည်။ လူကျွီးသံ၊ အချေတိငိုသံ၊ မြင်းကျွီးသံတိ ဆက်တိုက်ထွက်ပေါ်လာသည်။ နန်းတော်အချက်ပီးနန်းဆောင်တော်မှလည်း အချက်ပီးရခိုင်စည်သံမိုးကြိုးပစ်ပိုင်ပေါ်ထွက်လာသည်။

မင်းစောသည် သူ၏ လက်စွဲတော်ဓားကို ကျစ်ပါအောင်ဆုပ်လိုက်ပြီး ၊

” တောက်… ရာဇ၀င် ရိုင်းလိုက်လေ ဝေ.. တိုင်းပြည် တစ်ပြည်ကို စစ်မကြေငြာဘဲ မဆမပိုင် အငိုက်ကျုးကျော်ဝင်သိမ်းရရေလို့၊ ကဲ…အချိန်မဟိ၊ တပ်မူး ဘုရင့်လူခြုံရေး အရေးကြီးရေအဂုချက်ချင်းလာကတ်မေ”…….။

ထိုအချိန်တွင် မင်စောနှမတော် မြကြာညိုသည် အခြွေအရံတိနှင့် ရောက်ဟိလာသည်။

” မောင်ကြီး၊ မောင်ကြီး …. မြောက်ဦ ရွီးမြို့တော်ကို ဗမာတပ်တိ ၀င်သိမ်းထားပါယာ… အဂု နန်းတော်ကို ချီတက်လာနီကတ်တေ”
မြကြာညို ဆို့နစ်ငိုကြွေးလျက် ယှောက်တင်သည်။


“အေး နှမတော်.. ဘုရင်မင်းမြတ်လုံခြုံ အရေးကြီးရေ၊ မောင်ကြီး အဂုချက်ချင်းလားလိုက်မေ၊ နှမတော်လေ့ အစစ အရာရာ ဂရုစိုက်ပါ၊” မင်းစောသည် မျက်ရည်မကျမိအောင်း အားတင်းထားရသည်။ တာဝန်အရသာ လားရသည်။ သူချစ်နှမတော်နှင့် ဒေပိုင်
အန္တရာယ်တိနှင့်ကြုံတွိနီချိန်တွင် မင်းစော အတူဟိနီချင်သည်။

” မောင်ကြီး , မောင်ကြီး အစစ အရာရာ သတိထားဆောင်ရွက်တော်မူပါ၊ နှမတော် ဇာပင်ရောက်ရောက် မောင်ကြီးကို စောင့်နလီဖို့” ဆိုးနစ်ငိုကြွီးသံနှင့် အတူထွက်ပေါ်လာသော နှမတော် စကားသံ မင်းစောနား ပဲတင်ထပ်လားသည်။

မင်းစောသည် ဗမာကျူးကျော်တပ်ကို အသက်နှင့်လဲ ရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်သည်။ သူ၏မျက်နှာတွင် ရဲစိတ်ရဲမာန်တိတတ်ကြွလျက်ဟိသည်။ သူသည် သူ၏ မြင်နီကြီးကို စီးလျက် တပ်သား ၂၀၀ ခန့်ဟိသော ဘုရင်ကိုယ်ရံတော်တပ်ကို အဖပြည်တွက် အသက်ကိုစွန့်လွတ်ရန် အသံကျယ်ကြီးနှင့် အမိန့်ပီဆော်သြနီသည်။

ယင်းအချိန်တွင် သွီးရဲရဲနှင့် စစ်သားတစ်ယောက် မြင်းနီကြီးနှင့် အပြီးရောက်ဟိလာသည်။

” အသျှင်မင်းသာ၊ မြောက်ဦး ရွီးမြို့တော်ကြီး မီးဟုန်းဟုန်းတောက်နီကြောင့်ပါ၊ ရခိုင်သူ၊ရခိုင်သားတိမှာလဲ ဘေးလွတ်ရာသို့ ထွက်ပြီးနီကတ်ကြောင့်ပါ အသျှင်မင်းသား၊ အကျွန်မျိုးအား ခွင့်လွတ်တော်မူပါ”။ ယင်းသို့ ပြောကြားပြိးနောက် ထိုစစ်သားသည် မိမိ လည်ပင်းကို လျင်မြန်စွာ လှီးဖြတ်လိုက်သည်။

အသက်မဲ့ ခန္ဒာကိုယ်ကြီး မင်စော ဟြိ့အရိုးပြတ်လဲကျလားသည်။ မင်းစောသည် ထိုစစ်သားကို မြင်းထက်ကခုန်ဆင်း ဂါရသ၀ ပြုလိုက်သည်။ ယင်းနောက် မြင်းနီကြီးထက် ခုန်တက်လိုက်ပြီးနောက်

“ရခိုင်နွယ်ဖွား အမျိုးစစ်တေ ရဲမက်အပေါင်းရို. သင့်ရို.သွီးဇာလောက်ရဲလေဆိုစွာကို အဖပြည်တွက် ဒေနိ ဒေအချိန် ပြဖို့ အချိန်ရောက်ဗျယ်..။ငါ့ရို. ရခိုင်ပြည်၊ရွီနန်းတော်ကို ငါရို. အသက်နန့်လဲ ကာကွယ်မည်” မင်းစော ရာဇမာန်အပြည့်နှင့် ကြုံးဝါးလိုက်ချိန်တွင် ရဲမက် အပေါင်ရို. ပြိုင်တူလိုက်ဆိုကတ်သည်

” ငါ့ရို. ရခိုင်ပြည်၊ ငါရို.ရွီနန်းတော်ကို ငါရို. အသက်နန့်လဲ ကာကွယ်မည်”

ကြုံးဝါးသံတိ နန်းတော်တစ်ခုလုံး ဆူညံလားသည်။ မင်းစောသည် တပ်မူးတစ်ချို.နှင့် ဟြိ့က ချီတက်လျက် နန်းတော် အပြင်ဘက်တံတိုင်းအရောက်တွင် မြောက်ဦးတစ်ခုလုံး မီးဟုန်းဟုတ်းတောက်နီသည်။ ရဲမက်အချိုမျက်လုံးမှ မျက်ရည်တိ ယိုစီးကျလာသည်။

ဝမ်းနည်းအချိန်မဟိပါ။ နန်းတော်နှင့် အသျှင်အား အသက်နှင့်လဲ ကာကွယ်ရမည့်ဖြစ်သည်။ မင်းစောရို. အဟြိ့ တဂါဝုဒ်ခန့် အကွာမှ ဗမာစစ်သည်များသည် နန်းတော်သို့ချီတက်လာနီသည်။ အချိန်ကား သန်းခေါင်အချိန်။ ကွမ်းတယာအညုက်ခန့်အကြာတွင် ဗမာကျူးကျော်တပ်နှင့် ရခိုင်မင်းစောတပ်ရို. ရင်ဆိုင်တိုးသည်။ တိုက်ပွဲသည် အလွန်ပင်ပြင်းထန်လှသည်။ လူကျီးသံများ၊ မြင်းကျီးသံနှင့် ကမ္ဘာပြိုလားဟန်ဟိသည်။

မင်းစောရိုတပ်ဖွဲ့သည် ဗမာတိကိုအားမန်အပြည့်နှင့်ရင်ဆိုင်ခုခံသည်။ ရဲမက် ၂၀၀ ခန့်ဟိသော မင်းစောရို့တပ်သည် အလူးအလဲခံနီရသည်။ မင်းစောစစ်သည်များသည် အတုံးအရုံးကျဆုံးကတ်သည်။

အင်အားချင်းမမျှ၍ တစ်နာရီခန့်အကြာတွင် နန်းတွင်းအ၀င် တံခါးမကြီးလုံးဝပွင့်လားသည်။ ဗမာစစ်သည်များသည် ရွီးနန်းတော်ကြီးထဲသို့ ဒုံးစိုင်းဝင်လားချိန်တွင် နန်းတွင်းမှ ကျွကျွတ်ရိုက်သံများဆက်တိုက်ထွက်ပေါ်လာသည်။ မင်းစောသည် မျက်ရည်ကိုသုတ် ဓားနှင့်ခွတ်ရင်း ရန်သူအငုတ်ကို သျှင်းနီချိန်တွင် သူ့စစ်သည်များ အတုံးအရုံး သူဟြိ့တွင်ကျဆုံးလားသည်။

မင်းစော၏စိတ်အာရုံတွင် သူ့နှမတော် မျက်နှာ မြင်ယောင်လာသည်။ ကယ်သူမဲ့နန်းတွင်းသူ၊နန်းတွင်သားများ၏ ကျွီးသံ၊ငိုသံတိ မင်းစောကြားနီရသည်။ ယင်းနောက် ရွီနန်းတော်မှမီးခိုးလုံးကြီးတိထွက်ပေါ်လာသည်။မင်းစောသည် နန်းတွင်းထဲကိုဝင်၍ နှမတော်ကို ကယ်ထုတ်ချင်သည်။ ယေပိုင်ယေကေလေ့ ထိုအကြံသည်အလွန်ပင်နောက်ကျနီကြောင့် မင်းစော သဘောပေါ်သည်။ များပြားလှစွာသော ဗမာစစ်သည်များသည် နန်းတော်တံတိုင်း တန်းခါး ပေါက်ကြီးကိုအသီပိတ်ဆိုးလိုက်ကတ်သည်။

“အား ………… ” ယင်းသို့ တွေးတောနီစဉ်တွင် မမျော်လင့် လှံတစ်ချောင်း မင်းစော၏ လက်မောင်းတော်အောက်သို့စိုက်ဝင်လာသည်။ မင်းစောသည် နာကြင်လွန်းသောဝေဒနာ ခံစားလိုက်ရပြီး၊ သူဂေါင်းရိုင်လားသည်။ သတိတစ်ချက်ပြန်သွင်းလျက် မြင်းထက်က လူးမကျအောင် မင်းစောထိန်းလိုက်သည်။

ယင်းနောက် ထိုဗမာစစ်သည်အား မိမိ လက်စွဲတော်ဓားဟြည်ဖြင့် မင်းစော လျင်မြန်စွာခေါင်းဖြတ်သတ်လိုက်သည်။

လှံချက်ပြင်းထန်သောကြောင့် မင်းစော ဒယိန်းဒယိုင်ဖြစ်လာသည်။ သွီးစက်များ လက်မောင်းအောက်က ဒလဟော စီးချင်းလာသည်။ သူ့ရဲမက်အားလုံးနီပါးသည်သူဟြိ့တွင် အပုံပုံလဲသီလျက်…..။

” ငါ ……ဗမာလက်မှာ အသီမခံနိုင်”

မင်းစောစိတ်တင်းလိုက်သည်။ ယင်းနောက် ထိုတိုက်ပွဲအတွင်းမှ မင်စော အောင်မြင်စွာဆုတ်ခွာလိုက်သည်။မင်းသားမင်းစောသည် ကြွီကွဲ မျက်ရည်ယိုစီးလျက် မြင်းနီကြီးနှင့် နန်းတော် အဟြိ့ဘက်သို့ ဒုန်းစိုင်းပြီးလာသည်။

လမ်းတစ်လျောက်လုံးတွင် အနိဌာရုံတိ ဆီးကြိုသည်။ မီးလောင်နီသော ဘုရားပုထိုးများ၊ သွီးအိုင်များလဲကျသီဆုံနီသော လူတိအလောင်းများ၊ ကယ်သူမိ ပြီးလွားနီကတ်သော အဖပြည်သူများ၊ အချေ ငိုကျွီးသံများ …..။

သူ့နှမတော်နှင့် ပန်းအတူခူးခသော တောပုတ်နားတွင် မင်းစော မြင်းနီကြီးကိုတန်လျက် ပန်းတဆုပ်ခူးလိုက်သည်။ ယင်းနောက် ကိုးသောင်းပုထိုးတော်ကြီးထဲသို့မင်းစော ဒုန်းစိုင်းဝင်လိုက်သည်။

လိုက်ဂှုကြီးအထဲမှ မြတ်စွာဘုရားဆင်းတုတော်ကြီးတိဟြိ့တွင်မင်းစောဒူးထောက်လိုက်သည်။

“အသျှင်ဘုရား ဘ၀ ဘ၀ ဆိုက်တိုက် ဆက်တိုက်မှာ တပည့်တော် နှမတော်နန့် တပည့်တော် ဆုံတွိရပါလို၏။”

မင်းစောမျက်နှာမှမျက်ရည်တိမိုးရွာရေပိုင် စီးကျလာသည်။ ယင်းနောက် မင်းစောသည် သွီးတိနှင့် စည်းနီသောသူ၏လက်စွဲတော်ဓားကို
အထက်သို့မြောက်လိုက်ပြီး မိမိ ရင်ဘက်ထဲကို ထိုးစိုက်လိုက်သည်။ နှလုံးထဲမှ သွီးတိ ဒလယောစီးချင်းလာပြီး မင်းစောအာရုံတွင် အမှောင်ထုသည်ဖုံးလွှမ်းလားသည်။ ၀ိညဉ်လွင့်လားသော မင်းစော၏အသက်မိကိုယ်ခန္ဒာကြီး ကိုးတော်ပုထိုးတော်ကြီးထဲတွင် အထီးကျန်လျက်….။



တစ်လခန့် ကြာပြီးနောက်………………………..။



မင်းသမီးချေ မြကြာညိုသည်အလွန်ပင်ပိန်ခန်းလားသည်။ သူမသည်အဖပြည်နှင့်သူ့မောင်ကြီးကို
လွမ်းရသောစိတ်တိနှင့်ဒုက္ခဆင်းရဲရောက် လျက်ဟိသည်။ မောင်ကြီးမင်းစောတစ်ယောက် သီလို့ဟိလီလာ၊ဟြင်လို့ဟိလီလာ မြကြာညိုသတင်းအစအနပင်မရပါ။ ရခိုင်ပြည်စစ်သျှုံး၍ရခိုင်ဘုရင်နှင့်ဘုရင်မအပါအ၀င် နန်းတွင်သူ နန်းတော်သားတိကို အင်းဝသို့ ဖမ်းဆီးခေါ်ဆေင်ခခါက မင်းသမီးချေ မြကြာညိုပါ ပါလာသည်။

သူမသည် ဗမာထမင်းကိုမသီအောင်စားလျက် အဖရခိုင်ပြည်နှင့်မြောက်ဦးရွီမြို့တော်အကြောင်းကို ကဗျာစာတိ ရွီးလျက် အချိန်တိကိုကျော်ဖြတ်လျက်ဟိသည်။ စကားမတူ၊ စရိုက်မတူ၊အသွင်မတူသောလူရပ် လူပြည်၌အသက်ဟြန်သန်နီရခြင်းကို မြကြာညို စိတ်ပျက်လျက်ဟိသည်။

တစ်လခန့်အကြာမှာပင် သတင်းအစအနပျောက်နီသောသူမမောင်ကြီးတွက် ငိုရသည့်ရက်တိ မရွီနိုင်တော့ပါ။မင်းသမီးချေ မျက်လုံးတွင်မျက်ရည်များပင်ခန့်ခြောက်လီသည်။ သူမမောင်ကြီးတွက် မျော်လင့်ချက်တိ ကုန်ခန်းလာသည်။

“အသျှင်မဘုရား၊အသျှင်မဘုရား၊” သူမအဆောင်အခန်းတော်မှ အပြင်ကိုငေးနီစဉ်တွင် အခြွေရံမချေတစ်ယောက်ငိုယိုပြီးဝင်လာသည်။

“ဟေ… အညို,……….နင် ဇာဖြစ်လေ ငါ့ကို အဂု လျှောက်တင်စမ်” မြကြာညို စိုးရိမ်စိတ်နှင့်မီးလိုက်လေသည်။ ” အသျှင်မဘုရား ……..အကျွန်မျိုးရို. အသျှင် မုနိသျှင်တော်မြတ်ကို ဗမာပြည်ကို ယူဆောင်လာဖို့ ၊ ဘုရင်က အမိန့်တော်ချလိုက် ပါယာဘုရား…….”

မြကြာညို နဖူးကသွီး ခြီမတက်လျက် မျက်ရည်မိုးတိရွာကျလာသည်။ ရင်ထဲမှလည် အလွန်မှနာကြင်သောဝေဒနာတစ်ရပ်ခံစားလိုက်ရသည်။

“တောက်………., ရိုင်းလိုက်လေ.. အညို…….လူကြားလို့မကောင်း……. ငရို.ပြည်ကိုမတရားသိမ်း……ငရိုလူမျိုးတိကိုသတ်..အဂုငါရို.အသျှင်ကို မတရားယူပြန်ယာ မလားဂု……..” မြကြာညိုတတ်သီးခေါက်သံ အခြွေအရံတိ ဆို့နစ်ငိုသံတိနှင့် ရောထွီးလားသည်။………………….

မြကြာညို အဆောင်ဟြိ့တွင် နန်းတွင်းတိနန်းတွင်းသားတိ ကျကျိတ်တိုးနီသည်။ “ရခိုင်..မင်းသမီးလေး….မြကြာညို…..သနားပါတယ်” စသည့်အသံတိ ထွက်ပေါ်လာသည်။ ” အသျှင်မ….အသျှင်မ…ဟီး..ဟီးး..အကျွန်မျိုးမ ရို.ကို ထားခယာလာ….ထကြည့်ပါ..အဖပြည်ကို တနိပြန်ဖို့ဆို….ဟီး..ဟီးး…” စသည့် ဆို့နစ်ငိုကြွီးသံတိကြားထဲတွင် မင်းသမီးချေ မြကြာညို ၀ိညဉ်ကင်းမဲ့လျက်…….။
။---------------------------------။

အားလုံးက မင်းပါရာဝေ


ငါ ဇာပိုင်ဝင်ခံရဖို့လဲချစ်သူ...။
နှလုံးသားတိ မောပန်းယင်း မင်းမျက်ဝန်းမှာကျဆုံး
နစ်မျောနီရရေလေ...။ ဘဝ၏အရေးအကြီးဆုံး
လိုအပ်ချက်တခုအဖြစ်နန့် ငါက မင်းကို
အဂင့်ဂင့် ချစ်နီစွာပါ...။ အချစ်လို့ စ,နားလည်
ကတည်းက ငါ့ဘဝမှာ မျှော်လင့်ချက်တိ
မဟိနိုင်မှန်းကို ရင်ထဲကအလိုလိုသိနီကေလေ့
မင်းတယောက်တည်း ကိုမှရာချစ်မိနီရေ
ငါ့ စိတ်ကို တားဆီးလို့မှမရစွာကို....။
ကင်းလွတ်ခွင့်မရရေ ဒေအလွမ်းတိနန့်ရာ
မင်း၏ အပြုံးပုံရိပ်တိကို တမ်းတတပ်မက်နီဆဲပါ
ချစ်သူ...။

ကိုယ်စားချန်လို့မရနိုင်ရေ မင်းရဲ့မျက်ဝန်းထဲမှာ
ငါ့၏နှလုံးသားတိကိုလည်း တဘဝလုံးမြှုပ်နှံ
အပ်ထားလိုက်ပြီးပါဗျာယ်ချစ်သူ...။ ရာသီနှင့်အတူ
မပြောင်းလဲတတ်သောအချစ်တိ ငါရဲ့ရင်ထဲမှာ
ထာဝရရှင်သန်နီမြဲပါ...။ တစ်ဘဝလုံး ပိုင်ဆိုင်ခသမျှ
အရာတိနန့် နှိုင်းယှဉ်လို့မရရေ အချစ်အတွက်
ခါးသီးစူးယှရေ အိပ်ပျက်ညည့်များစွာထက်မှာ
မင်း၏ အရိပ်တိက ငါ့ဘဝတခုလုံးကိုစိုးမိုး
လိုက်ပါဗျာယ် ချစ်သူ...။

ခမ်းခြောက်လုနီးပါးဖြစ်နှီရေ ငါ့၏အားအင်တိကို
မင်းက ဖြည့်ဆည်းပီးခရေချစ်သူ...။ငါ့ဘဝ၏ ပြဒါးမဲ့ကြေးမုံမှာ
မင်းအပြုံးများစွာ ထင်ကျန်နီယင်း ညှိုးရောနီရေ ငါ့၏
ပင်စည်တွင်းကို ရီကြည်တိ ဖြန်းပက်ပီးခသူဆိုစွာလည်း
မင်းပါ ချစ်သူ...။ အစားထိုးနှိုင်းယှဉ်မရရေ
မင်း၏အကြောင်းတိက ငါ့ဘဝအတွက် တသက်လုံး
မမိ့နိုင်စရာ အမှတ်တရတိ ပါချစ်သူ...။

အသျှင်ဦးဥတ္တမ ကိုယ်ရေးအကျဉ်း



အသျှင် ဦးဥတ္တမ"Sir Reginald Craddock Get Out"

ဟူသောစကားကို ရဲရဲဝံ့ဝံ့ မိန့်ကြားခဲ့သူမှာ
ရခိုင်သူရဲကောင်း ဆရာတော်အရှင်ဦးဥတ္တမ ဖြစ်ပေသည်။

မြန်မာ့လွတ်လပ်ရေးလမ်းပြ မီးရှုးတန်ဆောင် ၊ အာရှတိုက်၏ ထွန်းသစ်ကြယ်အရှင်ဦးဥတ္တမကို ရခိုင်ပြည်နယ် စစ်တွေမြို့ ၊ ရူပရပ် ၊ ချောင်းနားတန်းတွင် ဖခင် ဦးမြသာဦး၊ မိခင်ဒေါ်အောင်ကျော့ဖြူ တို့မှ (၁၈၈၀)ပြည့်နှစ် ဒီဇင်ဘာ(၂၈)ရက်တွင် မွေးဖွားခဲ့သော သားကြီးဖြစ်သည်။ငယ်မည်မှာ ပေါ်ထွန်းအောင် ဖြစ်သည်။ ဦးဥတ္တမတွင် ညီကျော်ထွန်းအောင်(ကိုရင်ကြီးအရှင်အရိယ)နှင့် ညီမ မအိမ်စိုးတို့ နှစ်ဦးရှိသည်။ရှင်ဥတ္တမ(ပေါ်ထွန်းအောင်)နှင့် ညီဖြစ်သူကျော်ထွန်းအောင်တို့ကို မိဘများက ကျွန်ပညာအင်္ဂလိပ်စာကို သင်ကြားမပေးလိုသော်လည်း တိုင်းရင်းသား ဘာသာကျောင်းတွင် ပညာသင်ပေးခဲ့ရာ ဦးဥတ္တမ ( ပေါ်ထွန်းအောင်) သည် ဆဌမတန်းအထိ သင်ကြားခဲ့သည်။မိခင်က ကျောင်းမှ နှုတ်ထားသည့်တိုင်အောင် ပေါ်ထွန်းအောင်က နိုင်ငံ ရပ်ခြားကိုသွားရောက် ပညာသင်ရန် မလျှော့သောလုံ့လဖြင့် အမျိုးမျိုးကြိုးစားသည်။ အသက်(၁၃)နှစ်အရွယ်တွင် စစ်တွေမြို့၌ ပရိယတ္တိသင်ကြားရာတွင် အကျော်တစောရှိသော ရွှေစေတီကျောင်းဆရာတော်ဘုရားထံ ဗုဒ္ဓ၏ အခြေခံစာပေများကို လေ့လာသင်ယူသည်။ (၁၅) နှစ်အရွယ်တွင် ပေါ်ထွန်းအောင်နှင့် ညီငယ်ကျော်ထွန်းအောင် ရှင်သာမဏေအဖြစ် သင်္ကန်းစည်းကြသည်။ ရှင်ဥတ္တမနှင့် ရှင်အရိယဟူသော ဘွဲ့ နာမများရရှိခံယူကြသည်။ထို့နောက် အရှင်ဦးဥတ္တမရဟန်းဝတ်ဖြင့် ရန်ကုန်၊ မအူပင်၊ ပဲခူး၊ တောင်ငူ ၊ မန္တလေးနှင့် ပခုက္ကူမြို့ များတွင် လှည့်လည်နေထိုင်ပညာသင်ယူခဲ့သည်။ဗုဒ္ဓစာပေကျမ်းဂန်များကိုလည်း အပတ်တကုတ် လေ့လာ ကြိုးပမ်း ဆည်းပူးခဲ့သည်။တောင်ငူမြို့ တွင်ရှိစဉ် ရှင်သာမဏေစာပြန်ပွဲတစ်ခုကို ၀င်ရောက်ဖြေဆိုရာ ပထမရသည်။ တောင်ငူမြို့ မှ ရှမ်းမကြီးတစ်ဦးက သားအဖြစ်မွေးစားလိုကြောင်းပြော၍ မွေးစားလိုလျှင် ကာလကတ္တားကို ပညာသင်လွှတ်မလားဟု တောင်းဆိုရာ ထိုအမျိုးသမီးကြီး၏ အထောက်အပံ့ဖြင့် လူဝတ်လဲကာ အသက်(၁၇) နှစ်အရွယ်တွင် ကာလကတ္တား၌ အင်္ဂလိပ်စာနှင့် ခေတ်ပညာများကို သင်ယူပြီး (၁၀)တန်း စာမေးပွဲကို အလွတ်ပညာသင်အဖြစ် ဖြေဆို အောင်မြင် ခဲ့သည်။ထိုနှစ်မှာပင် ကာလကတ္တားမှပြန်လာပြီး ရှင်ဝတ်ဖြင့် ဗုဒ္ဓဘာသာစာပေကျမ်းဂန်များကို သင်ယူသည်။ ထိုစဉ် ဘုံဘေဘားမားကုမ္ပဏီ ကိုယ်စားလှယ် ဦးထွန်းအောင်ကျော်က ရဟန်းဒါယကာပြု၍ အသက်(၂၀)အရွယ်တွင် ရဟန်းအဖြစ်ခံယူသည်။အရှင်ဥတ္တမသည် ရဟန်းအဖြစ်ခံယူပြီးနောက် ရန်ကုန်သို့ ဆင်းလာပြီး အိန္ဒိယနိုင်ငံ ကာလကတ္တား သို့ ပြန်သွားလေသည်။ ထိုအချိန်တွင် အိန္ဒိယတွင် လွတ်လပ်ရေးအတွက်နိုးကြားထကြွလျက်ရှိသည်။ ၁၉၀၄-ခုနှစ်တွင် အိန္ဒိယဘုရင်ခံချုပ်က ဘင်္ဂလားနယ်ကိုအရှေ့နှင့် အနောက်နှစ်ပိုင်းခွဲခြားလိုက်ရာ ဒေါက်တာရာဘင်ဒြာနတ်တဂိုးနှင့် စီအာဒတ်စ်ဆိုသော ပညာရှိပုဂ္ဂိုလ်ကြီးနှစ်ဦးက ဦးဆောင်ကန့်ကွက်ရာမှ ဆူပူကန့်ကွက်မူများ အကြီးအကျယ် ဖြစ်ပွားကျယ်ပြန့်လာသည်။ထိုပုဂ္ဂိုလ်များနှင့် တွဲမိသောဦးဥတ္တမ ဆရာတော်သည် အိန္ဒိယနိုင်ငံရေးနှင့် အကျွမ်း တ၀င် ဖြစ်လာပြီး မြန်မာပြည်လွတ်မြောက်ရေးအတွက် စိတ်ဝင်စားတက်ကြွလာခဲ့သည်။ အိုင်စီအက်စ်(I.C.S) ရာထူးမှ နုတ်ထွက်ပြီး အမျိုးသားကောလိပ်ကို တည်ထောင်သော ဗင်နိုဂို့ရှ်၏ ကောလိပ်တွင် အရှင်ဥတ္တမက ပါဠိနှင့် ဗုဒ္ဓ ဘာသာစာပေတို့ကို ကူညီပို့ချ ပေးလေသည်။တဖက်တွင်လည်း သက္ကတစသော ရှေးဟောင်းဟိန္ဒူစာပေကျမ်းများကို သင်ယူဆည်းပူးသည်။ထိုအချိန်မှာ မြန်မာပြည်တွင်လည်း နိုင်ငံရေးကိုတက်ကြွစွာ လှုပ်ရှားဆောင်ရွက်ခြင်းမပြုကြသေးသော်လည်း ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (Y.M.B.A=young men's buddhists associations)ကို တက္ကသိုလ်ပညာတတ် များဖြစ်သော ဦးဘဖေ(ဘကြီးဘဖေ) ၊ ဦးမောင်ကြီး(အမ်အေ) ၊ ဦးစိန်လှအောင်တို့က စတင်ဖွဲ့စည်းထုထောင်ပြီး အမျိုး ဘာသာ၊ သာသနာ၊ ပညာဟူသော ဆောင်ပုဒ်ဖြင့် စတင်လှုပ်ရှားလာကြသည်။ အရှင်ဥတ္တမကိုယ်တော်တိုင်အိန္ဒိယမှ ပြန်ရောက်လာပြီး ၀ိုင်အမ်ဘီအေလှုပ်ရှားမှုကို တက်ကြွစွာ ဦးဆောင်ခဲ့သည်။၁၉၀၇-ခုနှစ် ၊ ဇန်န၀ါရီလ-၁ရက်တွင် ဂျပန်နိုင်ငံသို့ ထွက်ခွာသွားသည်။ဂျပန်နိုင်ငံတွင် အနောက် ဟွန်ဂွန်ဂျီ ဘုရားကျောင်းအကြီးအမှုး(Abbot of Western Hongonji Temple) မင်းသားကြီး ကိုဇင်အိုတာရီနှင့်အတူနေပြီး ကစ်စတိုမြို့ရှိ နိရှိဟွန်မွန်ဂျီ အမည်ရှိ ဗုဒ္ဓဘာသာတက္ကသိုလ်တွင် ပါဠိပါမောက္ခအဖြစ်ဆောင်ရွက်ခဲ့သည်။ထိုစဉ် ဂျပန်စာ၊ စကား ၊ အယူဝါဒ ၊ ဓလေ့ထုံးစံတို့ကို ကိုယ်တိုင်သင်ယူပြီး တစ်နှစ်အကြာစာမေးပွဲ ဖြေဆိုအောင်မြင်သည်။ ဆရာတော်သည် မြန်မာစာပေကျမ်းဂန်တို့အပြင် ပါဠိ ၊ ဘင်္ဂါလီ ၊ နာဂရီ ၊ သက္ကဋ၊ အင်္ဂလိပ်၊ တိဘက် ၊ ဂျပန် ၊ ပြင်သစ် ဘာသာစကားကိုးမျိုးကိုတတ်မြောက်သည်။ ဆရာတော်အရှင်ဦးဥတ္တမသည် ဂျပန်ပြည်တွင် နေထိုင်စဉ် ဂျပန်ပြည်သို့ လာရောက် တိမ်းရှောင်နေသူ ဒေါက်တာဆွန်ယက်ဆင်နှင့် အကြိမ်ကြိမ်တွေ့ဆုံပြီး ပြည်တွင်းနှင့် နိုင်ငံတကာ နိုင်ငံရေးကိစ္စများကို ညှိနိုင်းဆွေးနွေးခဲ့သည်။၁၉၁၁-ခုနှစ် ၊ ဂျပန်မှ ပထမအကြိမ်ပြန်လာသောအခါ ကိုရီးယားပြည် ၊ တရုတ်ပြည် ၊ ပြင်သစ်ပိုင်အင်ဒိုချိုင်းနား(ယခု ဗီယက်နမ် ၊ ကမ္ဘောဒီးယား ၊ လာအို သုံးနိုင်ငံ)သို့ ၀င်ရောက် ပြီး ဆိုင်ဂုံမြို့(ယခု ဟိုချီမင်းမြို့တော်)တွင် မြန်မာ့နန်းတွင်းအရေးတော်ပုံ အရေးနိမ့်ပြီး ပြည်ပသို့တိမ်းရှောင် နေရသော မြင်ကွန်း မင်းသားကြီင်္းနှင့် ၄င်း၏သားတော်တို့၏ ဆွမ်းအလှုကိုလက်ခံပြီး မြန်မာ့နိုင်ငံရေး အခြေ အနေများကို ဆွေးနွေးခဲ့သည်။ ထိုမှတဆင့် ကမ္ဘောဒီးယားနှင့် ယိုးဒယား(ထိုင်းနိုင်ငံ)တို့သို့ ၀င်ရောက်လေ့လာခဲ့သည်။ထိုမှ အိန္ဒိယနိုင်ငံ မဒရပ်မြို့သို့ ပြန်လာခဲ့သည်။မဒရပ်မြို့မှ တဆင့် ဘုံဘေမြို့သို့ သွားရောက် ပြီး ရတနာဂီရိရှိ မြန်မာနန်းကျဘုရင်သီပေါမင်းနှင့် တွေ့ဆုံနိုင်ရန် စီစဉ်ခဲ့သည်။သို့သော် မအောင်မြင်ခဲ့ပေ။ ၁၉၁၁-ခုနှစ်တွင် မြန်မာပြည်သို့ပြန်လာခဲ့သည်။မြန်မာပြည်သို့ ပြန်ရောက်ပြီးနောက် ၀ိုင်အမ်ဘီင်္အေအသင်းကို ဦးဆောင်နေသော ၀တ်လုံတော်ရ ဦးမေအောင် (ရခိုင်) ၊ ဦးအုံး(ပညာဝန်) ၊ ဦးဘဖေတို့၏ စည်းရုံးလှုပ်ရှားမူများလည်း တပြည်လုံးတွင် ကျယ်ပြန်လျက်ရှိသည်။ မန္တလေးတွင် မြန်မာ့သတင်းစာဆရာတစ်ဦးဖြစ်သော '' မြန်မာ့တာရာ'' သတင်းစာ ပိုင်ရှင် ဦးကျော်ရန်တို့နှင့်လက်တွဲပြီး မြန်မာ့နိုင်ငံရေးနိုးကြားရေးများကို ဟောပြောသည့်အပြင် ရန်ကုန်မြို့ တွင်ထုတ်ဝေနေသော ''သူရိယ''သတင်းစာတွင် လည်း အမျိုး ၊ ဘာသာ ၊ သာသနာကို စောင့်ရှောက်ရေး နှင့် ကျွန်ဘ၀မှ လွတ်မြောက်ရေးတို့ကို လှုံ့ဆော် ရေးသားခဲ့ သည်။ အများဆုံးရေးသားတိုက်တွန်းချက်များမှာ ၀ံသာနုရက္ခိတတရားများနှင့် မြန်မာပြည်တွင်းဖြစ် ပင်နီနှင့် ယောလုံချည်ဝတ်ဆင်ရေး ၊ နိုင်ငံခြား အ၀တ်အထည်များ သပိတ်မှောက်ရေးဖြစ်သည်။၁၉၁၂-ခုနှစ်တွင် ဂျပန်ပြည်သို့ ဒုတိယအကြိမ်ပြန်လည်ကြွချီသည်။ ထိုခရီးတွင် ညီမရင်းဖြစ်သူ မအိမ်စိုးနှင့် လူငယ်သုံးဦးကို ဂျပန်တွင်ပညာသင်ရန်ခေါ်ဆောင်သွားခဲ့သည်။တစ်နှစ်ကြာနေထိုင်ခဲ့ပြီး နောက်ပြန်လာခဲ့သည်။ ၁၉၁၄-ခုနှစ်တွင်တတိယအကြိမ်အဖြစ်ဂျပန်ပြည်သို့သွားရောက်ခဲ့ပြန်သည်။ဂျပန်မှ အပြန်တွင် အမေရိကန် ၊ သြစတြေးလျနှင့် ဂျဗားကျွန်းများ (ယခု အင်ဒိုနီးရှား)တို့သို့ သွားရောက်လေ့လာ ခဲ့ပြီးမှ မြန်မာပြည်သို့ ပြန်လာခဲ့သည်။ ဆရာတော်အရှင်ဥတ္တမကိုယ်တော်ကြီးသည် စောစောပိုင်းနှစ်များ ကလည်း ပြင်သစ်နှင့်အင်္ဂလန်နိုင်ငံတို့သို့ သွား ရောက်ခဲ့သေးသည်။ရှင်ဥတ္တမဂျပန်တွင်ရှိစဉ် ဂျပန်ပြည်အတ္ထုပတ္တိစာအုပ်ကို ရေးသားခဲ့ပြီး အပြန်တွင် သူရိယသတင်း စာတိုက်မှ ရိုက်နှိပ်ထုတ်ဝေခဲ့ရာ အလွန်ရောင်းအားကောင်းခဲ့သည်။ ၁၉၁၁-ခုနှစ်နောက်ပိုင်းတွင် ကိုလိုနီ နယ်ချဲ့ဆန့်ကျင်ရေး မြန်မာ့လွတ်လပ်ရေးအတွက် ထိုစဉ်ကစကားအတိုင်း ဟုမ်းမ်ရှုး(Home Rule) ရရှိ ရေးအတွက် စည်းရုံးလှုံ့ဆော် တရားများဟောခဲ့သည်။''အာဂါရာအနာဂါစ ၊ ဥဘော ၊ အညောညနိဿတာ ၊ အရဒ္ဒယန္တိသဒ္ဒမံ ၊ ယောဂက္မေမံမနုတ္တရံ''ဟူသော ဗုဒ္ဓ္ဓ မြတ်စွာဘုရား၏ ပါဠိတော်လာနှင့်အညီ ဘုန်းကြီးရဟန်းတို့အား နိုင်ငံရေးကိုခြေစုံပစ်လျက် ၀င်အောင်လှုံ့ဆော်ခဲ့သည်။ ရဟန်းရှင်လူတို့ကို ထိုသို့စည်းရုံးခဲ့ပြီး ၁၉၂၀-ခုနှစ်တွင် ထိုစဉ်က မြန်မာပြည် ဘုရင်ခံဆာရယ်ဂျီနယ်ကရက်ဒေါက် မြန်မာပြည်မှ ထွက်သွားလိုက်ပါဟူသော စာတစ်စောင်ကို ရေးသားပေးပို့လိုက်သည်။ထိုစာကို သူရိယသတင်းစာက ဖော်ပြလိုက်ရာ အထူးအရေးပါသောလှုံ့ဆော် ချက်ဖြစ်သည်။ဆရာတော်ဦးဥတ္တမသည် နိုင်ငံရေးတရားများကို မြို့ကြီး ၊ မြို့နယ်များတွင်သာမက တောလက်ကျေးရွာများ တိုင်အောင် ဟောပြောခဲ့သည်။၁၉၂၁-ခုနှစ်တွင် ဒေးဒရဲမြို့နယ် ၊ ဆူးကလပ်နှင့် တမာတကောကျေးရွာတို့တွင် ဦးဥတ္တမဟောပြောခဲ့သော နိုင်ငံရေးတရားများသည် ဥပဒေကို ချိုးဖောက် သည်ဟုဆိုကာ အိန္ဒိယရာဇသတ်ကြီး ပုဒ်မ-၁၂၄(က)နှင့် ၁၅၃(က) တို့ဖြင့် ဖမ်းဆီးပြီး မအူပင်ခရိုင်တရား ရုံးတွင် အမှုစစ်ပြီး ထောင်ဒဏ်(၁)နှစ်နှင့် (၈)လအလုပ်မဲ့ ထောင်ဒဏ် ချမှတ်ခြင်းခံရသည်။တစ်ပြည်လုံးရှိ ရဟန်းသံဃာတော်များစုစည်းပြီး ဦးဥတ္တမကဲ့သို့ တိုင်းပြည်နှင့် လူမျိုးအကျိုး ထမ်းဆောင်ရန်အတွက် သံဃာ့သမဂ္ဂီအဖွဲ့များကို ဖွဲ့စည်းထူထောင်လာကြသည်။အမျိုးသမီးများ၏ ကုမ္မာရီ အဖွဲ့များလည်းပေါ်လာခဲ့ သည်။အရှင်ဦးဥတ္တမသည် နိုင်ငံရေးကို ဆောင်ရွက်နေစဉ်ကာလအတွင်း အိန္ဒိယနှင့် မြန်မာပြည်ကို ကူးချီ သွားချီလုပ်နေခဲ့သည်။၁၉၂၀-ခုနှစ် ပထမတက္ကသိုလ်သပိတ်ကြီးဆင်နွဲချိန်တွင် ကာလကတ္တားကို ရောက်နေခဲ့သည်။ရန်ကုန်တွင် တက္ကသိုလ်ကျောင်းသားများ သပိတ်တိုက်ပွဲဆင်နွဲကြောင်း ကြေးနန်းစာရသောအခါ များစွာကြေနပ်ဝမ်းသာဖြစ်ပြီး ရန်ကုန်သို့ ချက်ချင်းပြန်လာကာ ၀ိုင်အမ်ဘီအေခေါင်းဆောင်များနှင့် တိုင်ပင်၍ျှ် သပိတ် တိုက်ပွဲကို အားပေးကူညီပြီး သခင်ပညာရေးအတွက် အမျိုးသားကျောင်းများ ထူထောင်ရေးကို စည်းရုံးသည်။ အမျိုးသားကျောင်းများ ပေါ်ပေါက်လာခဲ့သည်။၁၉၂၀-ခုနှစ်တွင် တပြည်လုံးရှိ ၀ိုင်အမ်ဘီအေအသင်းများ ညီလာခံမှစပြီး ဂျီစီဘီအေနိုင်ငံရေးအသင်းချုပ်( General Council of Burmese Associations )ကို ဖွဲ့စည်းထူထောင်လိုက်သည်။ ၀တ်လုံတော်ရ ဦးချစ်လှိုင်ကို ဥက္ကဌအဖြစ် တင်မြှောက်ခဲ့ကြသည်။ပြည်သူများလုံးဝလွတ်လပ်ရေး(Home Rule)ကို အပြင်အထန်တောင်းဆိုလာကြ သည်။၁၉၂၃-ခုနှစ် ဇွန်လဆန်းမှစ၍ အင်္ဂလန် ၊ ထိုမှတဆင့် ပြင်သစ် ၊ စပိန် ၊ ဆွစ်ဇာလန် ၊ ဆွီဒင် ၊ ပေါ်တူဂီ ၊ နော်ဝေးစသော ဥရောပတိုက်ရှိ နိုင်ငံများစွာကို လှည့်လည်ပြီး နိုင်ငံရေး လှုပ်ရှားမှု များကို လေ့လာခဲ့သည်။ထိုအချိန် မြန်မာပြည်တွင် အင်္ဂလိပ်နယ်ချဲ့အစိုးရက ပြည်သူတို့၏ အုံကြွဆန့်ကျင်မှုကြောင့် ၀ှိုက်ကော်မရှင်ဖွဲ့ပြီး စုံစမ်းစစ်ဆေးမှုဖြစ်သည်။Home Rule ကိုယ်ပိုင်အုပ်ချုပ်ရေးအစား ဒိုင်အာခီခေါ် အင်္ဂလိပ် ဘုရင်ခံနှင့် ပြည်သူ့ကိုယ်စားလှယ်များ ပူးတွဲအုပ်ချုပ်ရေးစနစ်ကိုသာပေးပြီး အင်္ဂလိပ်နယ်ချဲ့ တို့က တဖက်လှည့် ကြိုးကိုင်အုပ်ချုပ်ခြင်းဖြစ်သည်။ဒိုင်အာခီနှင့်ဟုမ်းမ်ရူးသဘောထားကွဲပြီး ဂျီစီဘီအေလည်း နှစ်ခြမ်းကွဲလေသည်။ ဦးချစ်လှိုင်က ဒိုင်အာခီဆနှ့်ကျင်ရေး ဂျီစီဘီအေအသင်းခွဲ၏ ဥက္ကဌအဖြစ် ဆောင်ရွက်သည်။ဒိုင်အာခီနှင့်ပူးပေါင်း ဆောင်ရွက်သည့် (၂၁)ဦးအဖွဲ့ကို ဦးမောင်ကြီး(အမ်အေ)၊ ဆာဂျေ အေ မောင်ကြီးစသူတို့ ဦးဆောင်ပြီး ဒိုင်အာခီ အစိုးရတွင် ပူးပေါင်းပါဝင်ခဲ့ကြသည်။၁၉၂၄-ခုနှစ် ရန်ကုန်မြို့တွင် ကျင်းပသည့် လူထုအစည်းအဝေးကြီးတစ်ခုတွင် ဦးဥတ္တမသည် အခွန်မပေးရေး လှုံ့ဆော်ခဲ့ရာ ဥပဒေကို ကျူးလွန်သည်ဆိုကာ အစိုးရကို အကြည်အညိုပျက်စေသည့် ပုဒ်မ-၁၂၄(က)ဖြင့် တရားစွဲပြီး ရန်ကုန်ခရိုင်တရားသူကြီးက ၁၉၂၄-ခုနှစ် အောက်တိုဘာလတွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ်(၃)နှစ် အပြစ်ပေးလိုက်သည်။ထောင်မှလွတ်ပြီး ရန်ကုန်မြို့ဗိုလ်တထောင် ဘုရားဝင်းအတွင်း တရားပွဲတွင် သင်္ကန်းချွတ်ပြီး အတွင်းတွင်ဝတ်ထားသော ထောင်ဝတ်စုံကို ပြလိုက်ရာ တရားပွဲလာ ပြည်သူတရပ်လုံး မခံမရပ်နိုင်ဖြစ်ကြလေသည်။၁၉၃၀-ခုနှစ်နောက်ပိုင်းတွင် အိန္ဒိယနှင့် မြန်မာပြည်ကို ခွဲခြမ်းအုပ်ချုပ်ရေး ပြဿနာပေါ်လာပြန်သည်။ ဦးဥတ္တမက နယ်ချဲ့အင်္ဂလိပ်ကို ပူးတွဲတိုက်မှ အောင်မြင်မည်ဟူသော သဘောတရားဖြင့် တွဲရေးအတွက် လှုံ့ဆော် သည်။၁၉၃၂-ခုနှစ် ဒီဇင်ဘာလတွင် တွဲရေး ၊ ခွဲရေးကို လူထုဆန္ဒမဲကောက်ယူရာ တွဲရေး ဘက်မှ မဲ(၅)သိန်းကျော်ပို၍ အပြတ်အသတ်နိုင်သော်လည်း အမတ်များအစည်းအဝေးတွင် ခွဲရေးဖြစ်သွားပြီး အိန္ဒိုယနှင့်ခွဲရေးဖြစ်သွားသည်။ ထိုသို့ဖြင့် ၁၉၅၃-ခုနှစ် မြန်မာနိုင်ငံဥပဒေဖြင့် (၉၁)ဌာနအုပ်ချုပ်ရေးဖြစ်လာသည်။ဆရာတော်ဦးဥတ္တမသည် အိန္ဒိယခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီ၏ နည်းလမ်းအတိုင်း မပူးပေါင်းရေး မူဝါဒ (Non-Co.opration)(ထိုစဉ်က နန်းကိုအော်ပရေးရှင်း ဟုပင်သုံးသည်။)နှင့် အကြမ်းမဖက်ရေး (Non Violence)ကို လိုက်နာကျင့်သုံးခဲ့သည်။ဆရာတော်ဦးဥတ္တမအိန္ဒိယ၏ ဟိန္ဒူမဟာဆဗ္ဗအသင်းကြီး၏ ဥက္ကဌအဖြစ် ယှဉ်ပြိုင် အရွေး ခံရသည်။ကွန်ဂရက်ပါတီတွင်လည်း ဦးဆောင်ခဲ့သည်။အရှင်ဦးဥတ္တမကို အိန္ဒိယတစ်ပြည်လုံး၏ ခေါင်းဆောင် ကြီး အဖြစ်အသိအမှတ်ပြုခြင်း ဖြစ်သည်။မဟတ္တမဂန္ဒီကြီး၏ စကြာဂြဟ အဖွဲ့ (SaKaGraHa)နှင့် နယ်ချဲ့ဆန့်ကျင် ရေးအဖွဲ့၏ သရာဇပါတီ (Swaraj Party)တို့တွင်လည်း ပါဝင်ဦးဆောင်လှုပ်ရှားခဲ့သည်။ဆရာတော်ဦးဥတ္တမသည် မြန်မာ့နိုင်ငံရေး၏ ဦးဆောင်လမ်းပြကြယ်ဖြစ်ပြီး ဦးဆောင်ခဲ့သော်လည်း ဒိုင်အာခီ လက်ခံလိုက်ကြပြီး ရာထူးယူကာ အမျိုးသားနိုင်ငံရေး ဦးတည်ချက် မှေးမှိန်ခဲ့ရသည်။ထို့နောက်(၉၁)ဌာနအုပ်ချုပ်ရေး ဖြစ်လာသောအခါ ဆရာတော်၏ တပည့်များ ငါးထောင်စားရာထူးကို လက်ခံပြီး ဆရာတော်ကို ပစ်ပယ်လာကြပြီး နယ်ချဲ့အလိုတော်ရိများဖြစ်လာကြသည်။၁၉၃၅-ခုနှစ်များ နောက်ပိုင်း ရန်ကုန်တက္ကသိုလ်ကျောင်းသား ခေတ်ပညာတတ် လူငယ်များ ဦးဆောင်သည့် ဒို့ဗမာ အစည်းအရုံး(သခင်ပါတီ) ပေါ်ပေါက်လာသောအခါ ဆရာတော်ဦးဥတ္တမက သခင်များကို အားပေးအားမြှောက် ပြုခဲ့သည်။နယ်ချဲ့အင်္ဂလိပ် ကိုလိုနီစနစ်ဆန့်ကျင်ရေး ၊ အမျိုးသားနိုင်ငံရေး လှုပ်ရှားမှု ခရီးတလျှောက် ၀ိုင္အမ္ဘီၤေအ ၊ ဂျီစီဘီအေ ၊ ၀ံသာနု ၊ ကုမ္မာရီအသင်းအဖွဲ့များ ခေတ်မှသည် ဒို့ဗမာအစည်းအရုံးတိုင်အောင် ဆရာတော်ဦးဥတ္တမသည် မှန်ကန်သော ဦးဆောင်လမ်းညွှန်မူကို ပေးခဲ့သည်။ ထို့ကြောင့် ဆရာတော်ကြီး၏ ရည်မှန်းခဲ့သော လုံးဝလွတ်လပ်ရေးကို မြန်မာ ပြည်သူတို့ ရရှိခြင်းဖြစ်သည်။၁၉၃၅-ခုနှစ် မြန်မာပြည်အုပ်ချုပ်ရေးဥပဒေ(The Goverment of Burma Act,1935)အရ (၉၁) ဌာန အုပ်ချုပ်ရေးပုံစံဖြင့်အုပ်ချုပ်ကြသည်။ထိုအခါ အရှင်ဦးဥတ္တမ၏ နိုင်ငံရေးတပည့်များဖြစ်ကြသော ပုဂ္ဂိုလ်များ နန်းရင်းဝန်(၀န်ကြီးချုပ်) ၊ ၀န်ကြီး ၊ အတွင်းဝန် ၊ မင်းတိုင်ပင်အမတ်များ ဖြစ်လာကြသော်လည်း ဆရာတော်ဦးဥတ္တမကို လုံးဝပစ်ပယ်ထားကြသည်။ဆရာတော်မှာ အသက်အရွယ်ကြီးလာပြီး သွေးတိုးရောဂါ ၊ ဆီးချိုရောဂါတို့ ဖိစီးလာသည်။ ဆရာတော်သည် ဟောင်းနွမ်းစုတ်ပြတ်ညစ်ထေးသော သင်္ကန်းကိုရုံကာ လွယ်အိတ်တစ်လုံးလွယ်ပြီး ဖိနပ်မပါ ၊ ထီးမပါဖြင့် ရန်ကုန်မြို့လမ်းမများပေါ်တွင် လျှောက်သွားလျက်ရှိသည်။သတင်းစာတိုက်များကိုမြင်လျှင် သတင်းစာများ တောင်းပြီး ကြုံရာနေရာတွင် ထိုင်ဖတ်သည်။ကိုယ်ခန္ဓာကြုံလှီပိန်ချုံးပြီး အသွားအလာယဲ့ယဲ့ဖြစ်နေသည်။ စိတ်အင်အား လည်း ချို့ယွင်းလာသည်။လမ်းပေါ်တွင် မူးလဲခြင်းများဖြစ်လာသည်။ ဆရာတော်ကို ကြည်ညိုသူများက တည်းခိုနေထိုင် ရာ ကျောင်းတိုက်သို့ ပို့ပေးရသည်။ဆရာတော်ကြီးအား ပြုစုသူကင်းလာရာ အခြေအနေဆိုးရွားလာသောအခါ ၁၉၃၉ ခုနှစ် သြဂုတ်လ ၇ ရက် နေ့တွင် ရန်ကုန်မြို့၌ ရခိုင်ရဟန်းတော်များအသင်း စတုတ္ထအကြိမ်အစည်းအဝေးက ဆရာတော်ဦးဥတ္တမအား စောင့်ရှောက်ရန် ဆုံးဖြတ်သည်။ ငါးပွင့်ဆိုင်အဖွဲ့ကို ရှုတ်ချပြစ်တင်ကြောင်းလည်း ဖော်ပြသည်။ ရခိုင်ရဟန်းတော် များက ဆရာတော်ဦးဥတ္တမအား ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ကုသပေးကြသည်။ သူရိယသတင်းစာမှ ဦးဘကလေး၊ မြို့တော်ဝန်ဦးဘ၀င်း၊ ကပ္ပတိန်ဘဖူးတို့နှင့် ဆရာတော်အား လေးစားသူတို့ ဆေးရုံသို့ သွားရောက်အားပေး ကူညီ ကြသည်။ ဆရာဝန်များ၏ စစ်ဆေးချက်အရ ခြေထောက်တစ်ဖက်ဖြတ်ရမည်ဟု ပြောလာသောအခါ ဆရာတော်က အကုသမခံဘဲ ဆေးရုံမှ ဇွတ်ဆင်းပြီး (၄၆)လမ်းရှိ အရိယာဆမတ်အသင်းတိုက်တွင် နေထိုင်သည်။ထို့နောက်ပိုင်းတွင် ဆရာတော်သည် ပြန်လည် နာလန်မထူနိုင်တော့ဘဲ ၁၉၃၉-ခုနှစ် စက်တင်ဘာလ (၉)ရက်တွင် ပျံလွန်တော်မူသည်။ဆရာတော်ကွယ်လွန်ပြီး နှစ်ရက်အကြာ၁၉၃၉-ခုနှစ် စက်တင်ဘာလ (၁၁)ရက် ၊ တနင်္လာနေ့တွင် ကျင်းပသည့် အောက်လွှတ်တော်အစည်းအဝေး၌ မင်းတိုင်ပင်အမတ်များက ဆရာတော်ဦးဥတ္တမ ပျံလွန်တော်မူခြင်းအတွက် ၀မ်းနည်းကြောင်းနှင့် ကျန်ရစ်သူ မိသားစုထံ ၀မ်းနည်းသ၀ဏ်လွှာပို့ရန် ၊ ၀မ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် လွှတ်တော်အား ငါးမိနစ်ရွှေ့ဆိုင်းရန် အဆိုကို ဟံသာဝတီမြေ၏ မင်းတိုင်ပင်အမတ် ဦးသင်းမောင်က တင်သွင်းပြီး လွှတ်တော်တက်ရောက်သူ မင်းတိုင်ပင်အမတ်အားလုံးက တညီတညွှတ်တည်း အတည်ပြုကြသည်။ဦးဥတ္တမ၏ ဂုဏ်သိက္ခာတို့ကိုလည်း ချီးကျူးပြောကြားကြသည်။ဆရာတော်ဦးဥတ္တမ ပျံလွန်တော်မူခြင်းမှာ ၀မ်းနည်း ကြေကွဲဖွယ်ဖြစ်ကြောင်း ၊ မြန်မာပြည်အတွက် နိုင်ငံရေးမျက်စိကို ပထမဦးဆုံး ဖွင့်ပေးသူဖြစ်ကြောင်း ၊ ကိုယ်ကျိုးမငဲ့ အနစ်နာခံသူဖြစ်ကြောင်း ၊ ဆရာတော်ကြီးနာမကျန်းဖြစ်လာသောအခါ ကျေကျေပွန်ပွန် မပြုစု ၊ မစောင့်ရှောက်သည့်အတွက် ၀မ်းနည်းကြောင်း စသည်တို့ကို မင်းတိုင်ပင်အမတ်များက ဖော်ပြကြပြီး ၀မ်းနည်း မှတ်တမ်းတင်ကြသည်။ဆရာတော်ဦးဥတ္တမကို အာဏာရူးနိုင်ငံရေးသမား ၊ ၀န်ကြီး ၊ အတွင်းဝန်စသူတို့က အလေးမထားကြသော် လည်း ဒို့ဗမာအစည်းအရုံးဝင်သခင်လူငယ်များက အလေးထားပြီး အရှင်ဦးဥတ္တမကွယ်လွန်ချိန်မှ အစပြု၍ ဦးဥတ္တမနေ့ကို နှစ်စဉ်ကျင်းပခဲ့သည်။ဒုတိယကမ္ဘာစစ်အတွင်းဂျပန်တို့ အုပ်စိုးသည့်ကာလ မြန်မာပြည်တွင် ဂျပန် စာသင်ကျောင်းများ ဖွင့်လှစ်သောအခါ ဆရာတော်ဦးဥတ္တမ၏ အထ္ထုပ္ပတ္တိကို ပြဌာန်းသင်ကြား ပေးခဲ့သည်။

မန္တလေး မဟာမြတ်မုနိ

ဂေါတမဗုဒ္ဓ သက်တော်ထင်ရှားရှိစဉ် စစ်မှန်သော ဗုဒ၏ကိုယ်ပွားသာလျှင် ဖြစ်တန်ရာ၏ဟု ရခိုင်လူမျိုးများ အယုံအကြည်ရှိသော မဟာမုနိရုပ်ရှင်တော်မြတ်ကြီးသည် ရခိုင်လူမျိုးတို့သမိုင်း မှတ်တမ်းအားလုံး၏ ကိုးကားချက်ဖြစ်သည်။ ထိုသမိုင်းမှတ်တမ်းများသည် ထေရ၀ါဒဗုဒ္ဓဘာသာရှိခဲ့ပြီးနောက် မျက်မှောက်ထုံးတမ်းစဉ်များကို ထည့်သွင်းထားရှိသည်။ သီရိလင်္ကာ၏ ပါဠိစာပေမှ ကျယ်ကျယ်ပြန့်ပြန့် ဆင်းသက်ကြီးထွားလာမှုရှိပြီး ပုဂံ၏ လွှမ်းမိုးမှုအောက်မှာ ကိုးကွယ်မှု ဘာသာအယူဝါဒအဆင့်ဆင့်ထိ ကျယ်ပြန့်လာပါသည်။
စန္ဒသူရိယ ဘုရင်မင်းမြတ် ရခိုင်ပြည်ကို အုပ်ချုပ်ခဲ့သည်အချိန်အခါက ဗုဒ္ဓရုပ်ထုတော်ကို သွန်းလုပ်သည်ဟု ရိုးရာဓလေ့ ထုံးတမ်းစဉ်လာယုံကြည်မှု ထားရှိကြသည်။ စန္ဒသူရိယဘုရင်မင်းမြတ်သည် ဗုဒ္ဓ၏ ဟောကြားပြသမှုတို့၏ သတင်းကို ကြားသိရပြီး ဗုဒ္ဓကိုရိုသေကိုးကွယ်ရန် ဆန္ဒပြင်းပြလာသည်ဟု အဆိုရှိလေသည်။ အိန္ဒိယနိုင်ငံ သာဝတ္ထိပြည်တွင် သီတင်းသုံးနေထိုင်တော်မူသော ဂေါတမဗုဒ္ဓသည် ထိုအကြောင်းအရာကို သိရှိလာသောကြောင့် ဗုဒ္ဓက သူ၏သာဝက အာနန္ဒာအား ပြောပြလေသည်မှာ “ကြောက်မက်ဖွယ်ကောင်းသော ရေနဂါးများ အုပ်ချုပ်ထားသော ကြီးမားကျယ်ပြန့်သော မြစ်ပင်လယ်သမုဒ္ဒရာကို ဖြတ်ကျော်လာရမည်ဖြစ်၍ ဤကဲ့သို့သော ခက်ခဲကြမ်းတမ်းသောခရီးသည် စန္ဒသူရိယဘုရင်မင်းမြတ်အတွက် အလွန်အန္တရာယ်ရှိလိမ့်မည်။ ထို့ကြောင့် တပည့်ရဟန္တာ (၅၀၀) နှင့်အတူ ဂေါတမဗုဒ္ဓသည် ကောင်းကင်ခရီးဖြင့် ကြွရောက်လာပြီး ကျောက်တော်မြို့၏ တဖက်ကမ်းရှိ မောရပဗ္ဗတတောင်၌ ဆင်းသက်ရပ်နားတော်မူခဲ့လေသည်။ ဤတွင် ဗုဒ္ဓ၏ ရှေးရှေးဘ၀ပေါင်းများစွာက ကျင်လည်တော်မူခဲ့သောနေရာတို့တွင် ဗုဒ္ဓ၏ ဓါတ်တော်များကို ဌာပနာထည့်၍ ဘုရားပုထိုးများစွာတို့ကို တိုင်းပြည်အနှံ့ တည်ထားကိုးကွယ်လာကြလိမ့်မည်ဟု ကြိုတင်ဟောကိန်းထုတ် ဗျာဒိတ်တော်ပေးလေသည်။ဤကဲ့သို့ဗုဒ္ဓ၏ ဗျာဒိတ်ပေးချိန်တွင် မဟာပထ၀ီမြေကြီးသည် တုန်လှုပ်ပြီး ပင်လယ်သမုဒ္ဒရာတို့သည် ရေနွေးအိုးဆူသကဲ့သို့ ဆူပွက်လေသည်။ စန္ဒသူရိယဘုရင်မင်းမြတ်သည် ဤနိမိတ်ဆောင်သော လက္ခဏာများ၏ ဆိုလိုရင်းကို သူ၏ဗေဒင်ဆရာ၊ ဟူးရားတတ်တို့အား မေးမြန်းစုံစမ်းလျှက် တုန်လှုပ်ထိတ်လန့်ရခြင်းဖြစ်လေသည်။ ဂေါတမဗုဒ္ဓ ရခိုင်ပြည်ကို ရောက်ရှိလာသည့်အကြောင်းကို ဘုရင်မင်းမြတ်သိရှိတော်မူသောအခါ ရာပေါင်းများစွာသော အခြွေအရံတို့နှင့်အတူ သူ၏မိဖုရားခေါင်ကြီး စန္ဒရမာလာ၊ သူ၏မှုးမတ် တိုင်းသူပြည်သားတို့နှင့်အတူ ပဗ္ဗတတောင်ပေါ်သို့ သွားရောက်ကြလေသည်။ ဘုရင်မင်းမြတ်သည် ဂေါတမဗုဒ္ဓအား အရိုအသေပေးပြီးနောက် ဗုဒ္ဓက သူ့အား ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းတရားတော်ကို ဟောကြားသင်ပြခဲ့လေသည်။ ယင်းပြီးနောက် မြို့တော်တွင်(၇) ရက်ကြာ သီတင်းသုံးနေထိုင်မူမည်ကို ဗုဒ္ဓကသဘောတူလက်ခံလေသည်။ မြို့တော်မှ ဗုဒ္ဓမထွက်ခွာမှီ ဗုဒ္ဓပရိနိဗ္ဗာန် ပြုတော်မူပြီးနောက် နှစ်ပေါင်း (၅၀၀၀)တိုင်တိုင် ကြည်ရိုလေးစားမှုခံရမည်ဖြစ်သော ဆံတော်ဓါတ်နှင့် ဗုဒ္ဓ၏ရုပ်ထုကိုယ်ပွားတော်တစ်ဆူထားခဲ့မည်ဟု ဗုဒ္ဓသဘောတူလက်ခံလေသည်။
နန်းတော်ရာ၏ အရှေ့မြောက်ဘက် သီရိဂုတ္တတောင်ကုန်းပေါ်တွင် အလေးအမြတ်ထားရှိသော ဗုဒ္ဓရုပ်ထုတော်ကို ကောင်းကင်ဘုံ ဗိသုကာပညာရှင် နတ်များ၏ဘုရင် သိကြားမင်းနှင့်အတူ စန္ဒသူရိယဘုရင်မင်းမြတ်အပါအ၀င် တိုင်းသူပြည်သားတို့က တည်ထားကိုးကွယ်ကြလေသည်။ ရုပ်ထုတော်အတွင်းပိုင်သို့ ဂေါတမဗုဒ္ဓ၏ ရင်ငွေ့တော်ဓါတ်ထည့်လိုက်သောအခါ ဂေါတမဗုဒ္ဓနှစ်ဆူရှိလာသကဲ့သို့ ဖြစ်ပေါ်လာလေသည်။ အံ့သြကြည်ညိုစရာကောင်းလှသော လက္ခဏာရပ်များ ပေါ်ထွက်လာလေသည်။ မဟာပထ၀ီမြေကြီး တုန်လှုပ်လာပြီး ရုပ်ထုတော်သည် တဖြည်းဖြည်း အသက်ရှိသကဲ့သို့ သူ၏ နောင်တော် ဂေါတမဗုဒ္ဓအား ကြိုဆိုသည့်အနေအထားနှင့် မတ်တပ်ထရပ်လေသည်။ ထို့နောက် ဂေါတမဗုဒ္ဓသည် သူ၏သာဝက ဗုဒ္ဓရဟန်းတော်များနှင့်အတူ သံတွဲဘက်သို့ ကောင်းကင်ခရီးဖြင့် ကြွသွားလေသည်။ ယင်းအချိန်အတွင်း ဘုရင် စန္ဒသူရိယမင်းမြတ်သည် သူ၏ မူးမတ်သေနာပတိတို့နှင့်အတူ အကြောင်းကိစ္စတို့ကို တိုင်ပင်ပြီးနောက် ဗုဒ္ဓ၏စစ်မှန်သော ရုပ်ထုတော်အား ကိုးကွယ်ဆည်းကပ်ပြီး ပွဲလမ်းသဘင်များ ကျင်းပလေသည်။ ရုပ်ထုတော်၏ ထူးခြားချက်များမှာ ရောင်ခြည်တော်ခြောက်သွယ် ထွက်ရှိလေသည်။ ရိုသေကိုင်းရှိုင်းသူများမှာ အနီးကပ်ဖူးမျှော်လာသောအခါ ရောင်ခြည်တော်များ ထွက်ရှိပြီး အယုံအကြည်မရှိသူများ ဖူးမျှော်သောအခါ ရောင်ခြည်တော်များ မှေးမှိန်သွားလေ့ရှိသည်ဟု အဆိုရှိလေသည်။ ရုပ်ထုတော်တည်ရှိသော နေရာ၏ပတ်ဝန်းကျင် အရပ်လေးမျက်နှာတို့တွင် အစောင့်အရှောက်အဖြစ် ကျောက်ရုပ်ထုများထားရှိပြီး မကောင်းသော အကြံအစည်ရည်ရွယ်ချက်တို့နှင့် ဗုဒ္ဓရုပ်ပွားတော်အနီးသို့ လာရောက်သူတို့အား အဝေးသို့ ရှောင်ရှားသွားစေသည်။
ဝေသာလီခေတ်မှ ပထမဘုရင်တိုင်အောင် ဗုဒ္ဓရုပ်ထုတော်အတွက် ကျောက်ပလ္လင်တစ်ခုတည်ဆောက်ပြီး သိမ်တော်ကို ပြန်လည်တည်ဆောက်သည်ဟု အဆိုမှတပါး အခြားမည်သည့်အကြောင်းအရာကိုမှ မှတ်တမ်းတင်ထားခြင်း မရှိခဲ့ပေ။ ဝေသာလီမှ ပထမဆုံးဘုရင်၏ အရိုက်အရာကို ဆက်ခံသူသည် မဟာမုနိသိမ်တော်အား ပြန်လည်မွမ်းမံပြင်ဆင်မှု ပြုလုပ်လေသည်။ သီရိလင်္ကာနှင့် ပုဂံမှ ဘုန်းတော်ကြီးများသည် ရုပ်ထုတော်အားကိုးကွယ်ဆည်းကမ်ရန် ရောက်ရှိလာခဲ့ကြသည်။ ပျူ-ဗမာနှင့် မွန်ဘုရင်များက မဟာမုနိ သိမ်တော်ကြီးအတွင်း အလေးအမြတ်ထားသော ဗုဒ္ဓရုပ်ထုတော်အား ပိုင်ဆိုင်လိုသော ရည်ရွယ်ချက်များနှင့် ရခိုင်ပြည်ကိုကျူးကျော်ဝင်ရောက်လာခဲ့ကြသည်ဟု အဆိုရှိလေသည်။ သို့သော်လည်း မည်သည့်ဘုရင်တစ်ပါးမှ အောင်မြင်မှု မရှိခဲ့ပေ။ တချို့သည် သိမ်တော်ကြီးအား ပြန်လည်ပြုပြင် မွမ်းမံရန် ကတိက၀တ်ပြုကြလေသည်။ (၁၂) ရာစုအချိန်တွင် သိမ်တော်နှင့် ဗုဒ္ဓရုပ်ထုတော် ပျောက်ဆုံးလေသည်။ သို့သော်လည်း လေးမြို့ခေတ်မှ ဘုရင်တပါး၏ အရိုက်အရာဆက်ခံသူများသည် ယုံကြည်မှုကို ဆက်လက်ထောက်ခံခြင်းဖြင့် ရုပ်ထုတော်နှင့် သိမ်တော်ကြီးတို့ကို ပြန်လည်ရှာဖွေတွေ့ရှိပြီး သိမ်တော်အား ပြန်လည်တောက်ဆောက်ခဲ့ကြလေသည်။
မြောက်ဦးမင်းဆက်ကို တည်ထောင်သူ ဘုရင်မင်းစောမွန်သည် သူ၏မြို့တော်မှ မဟာမုနိသို့ လမ်းတခုဖောက်လုပ်တည်ဆောက်ပြီး မင်းမျိုးမင်းနွယ်တို့၏ ရိုးရာထုံးတမ်းစဉ်လာ ဘုရားဖူးခရီးတစ်ခုစတင်ခဲ့လေသည်။ (၁၆) ရာစုတွင် ဘုရင်းမင်းဗာသည် မြောက်ဦးမြို့မှ သျှစ်သောင်းဘုရားအပါအ၀င် တိုင်းပြည်အနှံ့တွင် တည်ရှိနေသော ဘုရားကျောင်းအဆောက်အဦး အများအပြားတို့အတွင်း မူရင်းနှင့် ဆင်တူဖြစ်သော မရေမတွက်နိုင်သည့် မဟာမုနိရုပ်ပွားတော်များကို ထုလုပ်ထားရှိရန် အမိန့်တော်ချမှတ်ခဲ့လေသည်။
၁၇၈၄-ခု တွင် မြန်မာဘုရင် ဘိုးတောင်ဘုရားသည် ရခိုင်ပြည်ကို သိမ်းပိုက်လေသည်။ ထို့နောက် မဟာမုနိရုပ်ရှင်တော်မြတ်အား မန္တလေးသို့ သယ်ယူသွားခဲ့သည်။ ထိုရုပ်ရှင်တော်မြတ်ကြီးအား မြန်မာပြည်တွင် ယနေ့ထိတိုင် အလေးမြတ်ဆုံးထားသော ရုပ်ထုတော်အဖြစ် ဆက်လက်မှတ်ယူထားကြဆဲဖြစ်သည်။ ဆုံးရှုံးသွားသော အမွေအနှစ်ကြောင့် ရခိုင်ပြည်သူတို့အား နက်နက်နဲနဲ စိတ်ထိခိုက်စေခဲ့သည်။ ဆက်လက်ပြီး မကြာမီ ဗြိတိသျှတို့၏ အုပ်ချုပ်မှုကို ရခိုင်ပြည်သူတို့ ဆက်လက်ခံရလေသည်။ (၁၈၆၇) ခုနှစ်တွင် မဟာမုနိသိမ်တော်ရာ အနီးပတ်ဝန်းကျင်မှ တွေ့ရှိသော ကျောက်ရုပ်ထုတော်တစ်ဆူအတွက် ဘုရားသိမ်တော်ကိုတည်ဆောက်ခဲ့ကြသည်။
လွန်ခဲ့သော နှစ်(၈၀)အတွင်းက နဂိုမူရင်းအတိုင်း သိမ်တော်ကြီးကို ပြန်လည်ပြင်ဆင်မွမ်းမံမှုတို့ကို လုပ်ဆောင်ခဲ့သည်။ ယင်းအချိန်တွင် အောက်ရင်ပြင်များကို ပြန်လည်ထိမ်းသိမ်းပေးပြီး မန္တလေး၌ရှိသော မူရင်းမဟာမုနိ ထိုင်တော်မူပုံစံ ကြေးရုပ်ထုတော်အသစ်တစ်ဆူကို သွန်းလုပ်ခဲ့ကြသည်။ ယနေ့အခါမှာ မဟာမုနိဘုရားသိမ်တော်နေရာသည် ပြည်တွင်း၊ ပြည်ပ ဘုရားဖူးတို့၏ အရေးကြီးသော ဗဟိုအချက်အချာ တစ်ခုအဖြစ် ပြန်လည်စည်ကားလာပါသည်။
မဟာမုနိသိမ်တော်သည် နန်းတော်ရာကုန်း၏ အရှေ့မြောက်ထောင့်၌ရှိသော တောင်ပူစာတစ်ခုကို လွှမ်းခြုံပြုလုပ်ထားသော နေရာတစ်ခုဖြစ်သည်။ ရှေးနှစ်ပေါင်း ရာစုများစွာကပင် မဟာမုနိဘုရားသိမ်တော်တွင် ဘုရားဖူးခရီးသည်များ စည်ကားသိုက်မြိုက်နေသော ဗဟိုအချက်အချာလည်းဖြစ်ပြီး ကျူးကျော်ဝင်ရောက်သူများ လက်အောက် ရခိုင်ပြည်ကျရောက်ပြီး ရခိုင်ပြည်သူပြည်သားများ ဆင်းရဲဒုက္ခခံစားခဲ့ရလေသောအခါ ယာယီအားဖြင့် ဘုရားဖူးခရီးသည်များ နည်းပါးမှုရှိခဲ့လေသည်။ မူရင်းအဆောက်အဦး၏အကြွင်းအကျန် လုံးဝမရှိခဲ့သော်လည်း ယင်း၏ မူရင်းပုံစံတစ်ခုဖြစ်သည်ကို ကောင်းကင်ဓါတ်ပုံများတွင် တွေ့မြင်နိုင်သည်။ ဘုရားသိမ်တော်ကို ထောင့်မှန်စတုဂံနံရံနှစ်ဆင့်က ၀ိုင်းရံထားရှိပြီး သိမ်တော်၏အရှေ့ဘက် အနောက်ဘက်တောင်ဘက်နှင့် မြောက်ဘက်တို့တွင် ၀င်ပေါက်လေးပေါက် ဖောက်ထားပြီး အရှေ့ဘက်ဝင်ပေါက်ကိုအဓိက ၀င်ပေါက်အဖြစ် ထားရှိသည်။ ပထမဆုံး ရင်ပြင်၏ အရှေ့တောင်ထောင့်နှင့် အရှေ့မြောက်ထောင့်တို့တွင် ဗုဒရုပ်ထုတော်ကြီးအား ရိုးရာဓလေ့ထုံးတမ်းစဉ်လာအရ ကိုယ်လက်သန့်စင်ရန်အတွက် အသုံးပြုရန် ရေကန်ကြီးနှစ်ခု ထားရှိပါသည်။ အိန္ဒိယအရှေ့မြောက်ပိုင်း နာလန္ဒ၌ရှိသော ထင်ရှားကျော်ကြားသော ဗုဒ္ဓဘာသာဝင်ဘုန်းတော်ကြီးများ စုဝေးနေထိုင်သော နေရာတစ်ခုဖြစ်ပြီး ရှေး (၆) ရာစုမှပင် အဆင့်ဆင့်ပြောင်းလဲ တိုးတက်လာသော အဓိက ဂူဘုရားကျောင်းတော်တွင် ယခင်မူရင်းနည်းတူ အနီးစပ်ဆုံး ပုံစံဖြစ်သော ဘုရားကျောင်းဆောင်ကို တွေ့ရှိနိုင်လေသည်။

ရခိုင်ဝေသာလီခေတ်နှင့် မြန်မာစာပီ

ရခိုင်မှာ စာမဟိဆိုသောစကားမှာ မြန်မာများ တွင်တွင်ကျယ်ကျယ်ပြောဆိုနီသောစကားဖြစ်ပါသည်။ ပဇာကြောင့်ဆိုသော် ရခိုင်မဂ္ဂဇင်းပါ ဆောင်းပါး ၀တ္ထု ကဗျာများမှာ အားလုံးနီးပါး မြန်မာ (ဗမာ) စကားဖြင့် ရွီးနီကြသောကြောင့်ဖြစ်ပါသည်။ ထိုသူများမှာ အားလုံးဖတ်၍နားလည်အောင် မြန်မာကဲ့သို့ မြန်မာပိုင် ရွီးသားရခြင်းဖြစ်ပါသည်ဟု ဆင်ခြီပီးလေ့ဟိပါသည်။ ကြာလာသောအခါ ယုတ္တိယုတ္တာနည်းပါးလာပါသည်။ ဥပမာအားဖြင့် ရခိုင်ပြည်ကြီးလွတ်လပ်ရေးအတွက် တိုက်ပွဲဝင်နီသူများ အပြန်အလှန်ပီးစားများကို ဖတ်ရပါသည်။ ထိုပီးစာများသည် အားလုံးသူဖတ်၍နားလည်နိုင်အောင် ရွီးသားသော ထုတ်ပြန်ချက်များမဟုတ်ပါ။ ဤနီရာတွင် (လူအများဖတ်၍နားလည်အောင်) ဆိုသော ဆင်ခြီစောတကမှာ လုံးဝယုတ္တိမဟိပါ။ ရခိုင်ပြည်သီးခြားလွတ်မြောက်ရေးပါတီမှ အဖွဲ့ဝင်တဦး ပါတီက နှုတ်ထွက်သောအခါ လိပ်မူရွီးသားသောစာမှာ (ဥက္ကကြီးခင်ဗျား) ဟု သုံးနှုံးထားသည်ကို တွိရပါသည်။ ရခိုင်မှာ (ခင်ဗျား) မဟိပါ။ တလောက ဥရောပ ရခိုင်လူငယ်များဟု လိပ်မူတပ်ထားသော ANC သို့ ပီးစာတစောင်ထွက်ပေါ်လာပါသည်။ ရခိုင်အချင်းချင်းပီးစာကို မြန်မာ (ဗမာ) စကားဖြင့် ရွီးသားထားသည်ကို တွိရပါသည်။ ဤအချက်သည် (ရခိုင်မှာ စာမဟိ) ဆိုသောအချက်ကို ပို၍ပီပြင်စီပါသည်။

ရခိုင်စာပီသမိုင်းကို ပြန်ကြည့်သောအခါတွင်လည်း သုဝဏ္ဏဒေ၀ီ၏သျွှန်းလိုက်ရတုဟုခေါ်သော (သိန်ကန်မိန်တွင်) အစချီရတုကို ရခိုင်များက ဝေသာလီခေတ်ကပင် ရွီးသည်ဟု ၀ါကြွားလေ့ဟိပါသည်။ ၄င်းရတုအပြည့်အစုံကို မဆလခေတ်တွင် ရခိုင်စာပီပညာသျှင်ကြီးများရွီးသားပြုစုသော ပြည်နယ်ဖြစ်စဉ်သမိုင်း (စာပီ) ကဏ္ဍတွင် အပြည့်အစုံ ဖတ်ရှုလေ့လာနိုင်ပါသည်။ တပိုဒ်ကို ကောက်နှုတ်ပြရမည်ဆိုလျှင် --

(တောင်ညာမဟေရင်သွေး၊ နှစ်ပါးမောင်စုံ၊ ဘုန်းရိပ်လှုံသည်၊ ပဒုံကြာနံ့မွှေး၏၊ ချစ်ကြွေးမတင်ခင်၊ ဆဲ့သုံးနှစ်ဝယ်၊ ငယ်ရွယ်တုန်းကပင်တည်း၊ ဘနတ်ရှင်လောင်းဘုရား၊ ခြားဝမ်းမကွာ၊ ရင်းချာမောင်မယ်နှစ်ပါးကို၊ ပေးမြားစုလျားတင်၊ လက်ထပ်ရေသွန်း၊ ဆဲ့နှစ်ခန်းမူ၊ ထူးဆန်းသဘင်ဆင်၍၊ ချစ်ကြိုးမျှင်ခွေရစ်ပတ်၊ န၀ရတ်စီ၊ သိင်ဂီအိမ်ရှေ့နတ်နှင့်၊ စိန်ချယ်သတ်အလယ်တွင်) ဟု တွိရပါသည်။

ဤကဗျာကို လေ့လာထောက်ရှုခြင်းအားဖြင့် ဝေသာလီခေတ်ရခိုင်သားများသည် မြန်မာစကားပြောသည်ကို ထူးဆန်းဖွယ်အံ့ဖွယ်လားတွိရပါသည်။ ဥပမာ။ ။ (သွေး) (မွှေး) (ကြွေး) (ပေး) (ရေ) (ခွေ) (ရှေ့) ဆိုသောဝေါဟာရများမှာ မြန်မာဝေါဟာရများဖြစ်ကြပါသည်။ ရခိုင်စကားတွင် ၄င်းဝေါဟာရများကို (သွီး) (မွှီး) (ကြွီး) (ပီး) (ရီ) (ခွီ) (ရှိ) ဟူပြောဆိုသုံးနှုံးပါသည်။ သို့သော် ၄င်းရတုတွင် ရခိုင်ဝေါဟာရများကို လုံးဝမတွိရဘဲ မြန်မာဝေါဟာရများကိုရာ လားတွိပါသဖြင့် ဝေသာလီခေတ်ရခိုင်သားများသည် မြန်မာစကားကို ပြောဆိုသုံးနှုံးသည်ကို တထစ်ချက်ကောက်ချချ၍ဖြစ်ပါသည်။ မြန်မာစာပီသည် ရခိုင်ပြည်သို့လာရောက်၍ ဝေသာလီခေတ်ကတည်းကပင် ထွန်းကားနီသည်ကို အံ့သြဖွယ်တွိမြင်ရပါသည်။