ရခိုင်ဝေသာလီခေတ်နှင့် မြန်မာစာပီ

ရခိုင်မှာ စာမဟိဆိုသောစကားမှာ မြန်မာများ တွင်တွင်ကျယ်ကျယ်ပြောဆိုနီသောစကားဖြစ်ပါသည်။ ပဇာကြောင့်ဆိုသော် ရခိုင်မဂ္ဂဇင်းပါ ဆောင်းပါး ၀တ္ထု ကဗျာများမှာ အားလုံးနီးပါး မြန်မာ (ဗမာ) စကားဖြင့် ရွီးနီကြသောကြောင့်ဖြစ်ပါသည်။ ထိုသူများမှာ အားလုံးဖတ်၍နားလည်အောင် မြန်မာကဲ့သို့ မြန်မာပိုင် ရွီးသားရခြင်းဖြစ်ပါသည်ဟု ဆင်ခြီပီးလေ့ဟိပါသည်။ ကြာလာသောအခါ ယုတ္တိယုတ္တာနည်းပါးလာပါသည်။ ဥပမာအားဖြင့် ရခိုင်ပြည်ကြီးလွတ်လပ်ရေးအတွက် တိုက်ပွဲဝင်နီသူများ အပြန်အလှန်ပီးစားများကို ဖတ်ရပါသည်။ ထိုပီးစာများသည် အားလုံးသူဖတ်၍နားလည်နိုင်အောင် ရွီးသားသော ထုတ်ပြန်ချက်များမဟုတ်ပါ။ ဤနီရာတွင် (လူအများဖတ်၍နားလည်အောင်) ဆိုသော ဆင်ခြီစောတကမှာ လုံးဝယုတ္တိမဟိပါ။ ရခိုင်ပြည်သီးခြားလွတ်မြောက်ရေးပါတီမှ အဖွဲ့ဝင်တဦး ပါတီက နှုတ်ထွက်သောအခါ လိပ်မူရွီးသားသောစာမှာ (ဥက္ကကြီးခင်ဗျား) ဟု သုံးနှုံးထားသည်ကို တွိရပါသည်။ ရခိုင်မှာ (ခင်ဗျား) မဟိပါ။ တလောက ဥရောပ ရခိုင်လူငယ်များဟု လိပ်မူတပ်ထားသော ANC သို့ ပီးစာတစောင်ထွက်ပေါ်လာပါသည်။ ရခိုင်အချင်းချင်းပီးစာကို မြန်မာ (ဗမာ) စကားဖြင့် ရွီးသားထားသည်ကို တွိရပါသည်။ ဤအချက်သည် (ရခိုင်မှာ စာမဟိ) ဆိုသောအချက်ကို ပို၍ပီပြင်စီပါသည်။

ရခိုင်စာပီသမိုင်းကို ပြန်ကြည့်သောအခါတွင်လည်း သုဝဏ္ဏဒေ၀ီ၏သျွှန်းလိုက်ရတုဟုခေါ်သော (သိန်ကန်မိန်တွင်) အစချီရတုကို ရခိုင်များက ဝေသာလီခေတ်ကပင် ရွီးသည်ဟု ၀ါကြွားလေ့ဟိပါသည်။ ၄င်းရတုအပြည့်အစုံကို မဆလခေတ်တွင် ရခိုင်စာပီပညာသျှင်ကြီးများရွီးသားပြုစုသော ပြည်နယ်ဖြစ်စဉ်သမိုင်း (စာပီ) ကဏ္ဍတွင် အပြည့်အစုံ ဖတ်ရှုလေ့လာနိုင်ပါသည်။ တပိုဒ်ကို ကောက်နှုတ်ပြရမည်ဆိုလျှင် --

(တောင်ညာမဟေရင်သွေး၊ နှစ်ပါးမောင်စုံ၊ ဘုန်းရိပ်လှုံသည်၊ ပဒုံကြာနံ့မွှေး၏၊ ချစ်ကြွေးမတင်ခင်၊ ဆဲ့သုံးနှစ်ဝယ်၊ ငယ်ရွယ်တုန်းကပင်တည်း၊ ဘနတ်ရှင်လောင်းဘုရား၊ ခြားဝမ်းမကွာ၊ ရင်းချာမောင်မယ်နှစ်ပါးကို၊ ပေးမြားစုလျားတင်၊ လက်ထပ်ရေသွန်း၊ ဆဲ့နှစ်ခန်းမူ၊ ထူးဆန်းသဘင်ဆင်၍၊ ချစ်ကြိုးမျှင်ခွေရစ်ပတ်၊ န၀ရတ်စီ၊ သိင်ဂီအိမ်ရှေ့နတ်နှင့်၊ စိန်ချယ်သတ်အလယ်တွင်) ဟု တွိရပါသည်။

ဤကဗျာကို လေ့လာထောက်ရှုခြင်းအားဖြင့် ဝေသာလီခေတ်ရခိုင်သားများသည် မြန်မာစကားပြောသည်ကို ထူးဆန်းဖွယ်အံ့ဖွယ်လားတွိရပါသည်။ ဥပမာ။ ။ (သွေး) (မွှေး) (ကြွေး) (ပေး) (ရေ) (ခွေ) (ရှေ့) ဆိုသောဝေါဟာရများမှာ မြန်မာဝေါဟာရများဖြစ်ကြပါသည်။ ရခိုင်စကားတွင် ၄င်းဝေါဟာရများကို (သွီး) (မွှီး) (ကြွီး) (ပီး) (ရီ) (ခွီ) (ရှိ) ဟူပြောဆိုသုံးနှုံးပါသည်။ သို့သော် ၄င်းရတုတွင် ရခိုင်ဝေါဟာရများကို လုံးဝမတွိရဘဲ မြန်မာဝေါဟာရများကိုရာ လားတွိပါသဖြင့် ဝေသာလီခေတ်ရခိုင်သားများသည် မြန်မာစကားကို ပြောဆိုသုံးနှုံးသည်ကို တထစ်ချက်ကောက်ချချ၍ဖြစ်ပါသည်။ မြန်မာစာပီသည် ရခိုင်ပြည်သို့လာရောက်၍ ဝေသာလီခေတ်ကတည်းကပင် ထွန်းကားနီသည်ကို အံ့သြဖွယ်တွိမြင်ရပါသည်။