http://www.lovearakan.marayu.com မာ လူကြိုက်များယေ ကဗျာချေတိ

နားလည်သင့်ဗျာယ် သဇင်နွယ်


ချစ်တေဆိုရေစကားထက်
လေးနက်တေအသုံးအနုန်း
ဟိဖို့ဆိုကေ
ပြောလိုက်ချင်ပါရေ။
မာနတိကိုဖယ်ရှားပြီးကေ
အချစ်တစ်ခုတည်းနန့်
သန့်သန့်သျှေရပ်တည်ချင်စွာ၊
အခုအခါ ကျားဆိုစွာကိုမှ
ကစားပွဲပိုင် ကစားချင်ရေသူ။
ကဝေပျိုကြောင့်
သစ္စာ၊မိတ္တာ။ဥပိက္ခာတိ
အရောင်ပြောင်းလားဖို့စွာကို
စိုးရိမ်မိပါယင့် သဇင်နွယ်။
လမိုက်ည ငိုညဉ်းသံတိကြားမှာ
မျှော်လင့်ချက်တိ အရောင်မှိန်လားခအောင်
မလှည့်စားချင်ပါကေ့။
ယောင်္ကျားတစ်ယောက်အတွက်
နားလည်မုပီးဖို့ဆိုစွာ
နင်သိဖို့ကောင်းပါရေ သဇင်နွယ်။
ရှိုက်သံမိန့် မျက်ရည်တိ
မြစ်တစ်စင်းဖြစ်နိန်စွာတောင်
ငါ ဆိုရေအကောင်က လိုင်စင်းပီးဖို့
ကျန်သိ့ရေဆိုအတွေးတိနန့်
အသက်ရှူဖို့မိန့်လျော့နိန်ခရေ။
တန်ဖိုးဆိုစွာ
လိုအပ်သူအတွက်
ဇီးကောင်းဖြစ်နိုင်ကေလေ့
အရှိုင်းတစ်ကောင်းအသည်းဖို့
လက်နှီးစုတ်အောင် လုပ်စွာမျိုးလာ
သဇင်နွယ်။
ပြုံးရီနီရေ နင့်ရဲ့
အပျော်တိ ပျောက်ဖို့ကို
ငါ့အသက်ပျောက်ဖို့စွာထက်
ပိုပြီးကေစိုးရိန်မိခလို့
အသဲခွဲတမ်းကစားစွာကို
ကျေးဇူးပြုပြီးကေရပ်လိုက်ပါဖိ့။
နှလုံးသွီးနန့် ပြည့်လျှံနိန်ရေ
အသည်းကိုတောင်မှ
အရုပ်လုပ်တမ်းကစား
ချင်နီရေ
ဆက်ကပ်သမရဲ့
ဝိညာဉ်ကိန်းအောင်နီရေ
နင့်ကိုရာ လမ်းမခွဲဘဲ
အသည်းခင်းပီးဖို့
ဝိုင်တစ်ခွက်နန့်
အသင့်စောင့်နိန်ခစွာ
တော်ရုံပြင်ဆင်မူ
မဟုတ်မဟုတ်မှန်းကို
နားလည်ကေလေ့
ခွင့်လွတ်ဖို့ ငါ့ရင်ဘတ်ထဲက
အသင့်အတင့်နန့်
စောင့်နိန်ယင်းပါ သဇင်နွယ်။…
*****************************

မြတ်သည့်အမင် ကျေးဇူးသျှင်


ဘ၀မှာ တုနှိုင်းစရာ
ဇာအရာက ဖြစ်နိုင်စွာ
ဗုဒ္ဓမြတ်ဘုရား လေးနက်ထား
ဟောကြားခ မေတ္တာအနန္ဒ
အနှိုင်းမဟိရေ ကျေးဇူးသျှင်
အော်....အမင်...။
"ယောက်ျား ဘောင်စီး မိန်းမ သားမွီး"
တုနှိုင်းပြ ဥပမာ ရှေးစိုဉ်လာ
အခက်ခဲကြား အမှုမထား
ရင်သွီးသားကို
ကိုးလလွန်မြောက် ဆယ်လရောက်ကေ
သန့်စင်မွှီးဖွား အမင်စွမ်းအား
နှိုင်းစရာ ရှာမရ ကျေးဇူးအနန္ဒ
အော်.... အမင်ဆိုရေ လမင်းက...။
ကဗျာချေဆို အိပ်ရီးဝစီ
ခြင် ယင် မကိုက် ကျန်းမာစီဖို့
အိပ်ရီးပျက်ခံ ပီတိဖြန်းလို့
သွီးဖြူတိုက်ကျွေး လူလားမြောက်အောင်
အော်.... တုနှိုင်းစရာမမြင် မေတ္တာသျှင်...။
ပညာသင်ချိန်ရောက်လာလီခါ
အမင်ဆုံးမ သြ၀ါဒကြောင့်
သိတတ်နာခံ မြတ်ဆရာထံ
ယေစွာသည်ပင်
လက်ဦးဆရာ မည်ထိုက်ပါရေ
မြတ်သည့်အမင် ကျေးဇူးသျှင်...။
ဆင်းရဲနွမ်းပါး ရှိသော်ငြား
ပြုံးမပျက်တည်ငြိမ် လောကလယ်
စိတ်ပျက်စရာ ကြုံလာငြားလည်း
ကူးစပ်မပီး သားသ္မီးသို့
ခံနိုင်စွမ်းအား မေတ္တာများ
တုနှိုင်းစရာ နတ္တိ များသူသိ...။
အချိန်ကြာညောင်း ဇရာအိုထောင်း
အမင်အပြုံး ဇာခါမပြောင်း
အပီးဟိလို့ ပြန်ယူမဟိ
အမင့်စိတ်က စေတနာပို
သားသ္မီးအပေါ် မေတ္တာများ
တုနှိုင်းစရာ လွန်ရှားပါး
အမင် မေတ္တာအား....။
သားသ္မီးမိုက်များ
ကျူးလွန်ထင်မှား ကျေးဇူးများကို
မိဖနီရာ ကိုယ်တိုင်ကြုံတွိ ရောက်လာခါမှ
မွှီးသည့်အမင် ကျေးဇူးသျှင်အား
ကိုယ်တိုင်သိမြင် မြတ်စိတ်မြင်လို့
မျက်ရည်စိုမိ စဉ်းစားမိယင်း
ဝမ်းနည်းမနိန် ရောက်သည်ရပ်မှ
တုန့်ပြန်ပီးဆပ် ကျေကျေနပ်နပ်...။

ခိုင်နီလ (လခြမ်းမြေ)
***********************************

ရက္ခမြီမှာ................


ငါ့လက်က
ဖေါင်တိန်မှင်စက်
ရခိုင့်စာပီ ထွန်းကားရေးအတွက်
ရီကြိုင်ချေတစက် ဖြစ်ခကေ

ငါ့ဂေါင်းထဲက
စိတ်ကူးစိတ်သန်းချေတိ
ရခိုင်ပြည်သူတိအတွက် ဖြစ်ခကေ

ငါ့ရင်ဘတ်ထဲက
အသည်းနှစ်လုံးတိ
ရခိုင်ပြည်သူတိကို ချစ်ခကေ

ငါ့ခန္ဓာကိုယ်က
ချွဲစက်၊ သွီးစက်
ရခိုင်ပြည်သူတိ လုံချုံဘဲကင်းရေးအတွက်
တပ်ထရံချေက တပ်တိုင်ချေတချောင်း ဖြစ်ခကေ

ငါ့ခန္ဓာ
အချိန်တန်လို့ ပုတ်ပျော့လားခါ
လခြမ်းမြီရိုးမအတွက်
မြီဆီမြီသြဇာရာ ဖြစ်ခကေ

သဂြိုင်္ဟ်လိုက်.......ငါ့ကို
ရက္ခမြီမှာ......................။


ခိုင်မြသိန်း (ချောင်းသာကြီး)http://kmrathein.blogspot.com/
၁၄၊ ၁၂၊ ၂၀၁၀

***********************************

မကြောက်သင့်ရေ ခရီး


ပြတ်သားရေ ဆုံးဖြတ်ချက်တွက်
ကြမ်းတမ်းရေ ဤခရီးထဲ
ေ၀၀ါးရေ လမ်းမှောင်ကြားမှာ
အမှန်တရားကို ခြေဆန့်ရှာရင်း
ကျဆုံးခန်းရောက်ဖို့ဆိုလေ့
ကြောက်စိတ်နန့် နောက်ပြန်လှည့်ဖို့
ဆုံးဖြတ်ချက် ငါ့စိတ်ထားက ရှုံးခွင့်မပြု...။
တည်ငြိမ်ရေအတွေး၊ ဆုံးဖြတ်ချက်နန့်
ယုံကြည်ရေခရီးသို့လားချိန်
မရေရာရေ ဖြစ်ရပ်တခုကို
လှောင်ပြောင်တတ်တေ လောက ကလှည့်စား
ငါအား အရှုံးပီးလဲကျစီကေလေ့
ကြောက်စိတ်ကိုဖေါက်ဖွား
ဦးတည်ရာ ယောက်ယှက်ခတ်လို့
ထွက်ပြီးဖို့အရေးကို
တည်ငြိမ်ရေ ငါ့အတွေးနန့် ဆုံးဖြတ်ချက်က
ခွင့်လွတ်မှု မပီးနိုင်...။
ဇာသူ ဇာပြော
မညီညာရေ လူ့လောကမှာ
နိမ့်တခါ မြင့်တလှည့်
ရှုံးတခါ နိုင်တလှည့်
ငိုတခါ ရယ်တလှည့်
မှိုင်တခါ ပျော်တလှည့်
ဝီးတခါ နီးတလှည့်
ပူတခါ အီးတလှည့်
အဆိုးအကောင်း အမှန်အမှား
ပြတ်သားမှု မပြတ်သားမှု
ရောထွေးနီရေ သံသရာထဲ
အတွေးလွန် စိတ်တိပျက်ကေ
နီးရာတိဝီး ၀ီးရာကိုမှန်းမျှော်
မျှော်သည့်အရာသည်ပင်
ပျောက်ကွယ်လားမေ....။
အရာရာအတွက် သတိလက်မလွတ်
အီးစက်စက်အပြုအမှုတိကို လွှင့်ပစ်
အကြောက်တရားကို ခ၀ါချလို့
ရှိဆက်မေ အားမာန်အပြည့်နန့်
မလိုက်ကေ့လို့လည်း တားမရ
လိုက်ပါလို့လဲ ဆွဲမခေါ်နိုင်
အရာရာကို သိတတ်နားလည်ကေ
လောကစာမျက်နှာသစ်အတွက်
သူငယ်ချင်း မင်းအတွက်က ဇာပိုင်လဲ....
ငါ့အတွက်ကတော့ သူငယ်ချင်း
ဘ၀ရေးကို
တည်ငြိမ်စွာ ကြောက်စိတ်ဖျောက်လို့
ရဲရင့်စွာနန့် ရှိဆက်ဖို့....ဝေ..။
FRANK NAI (လခြမ်းမြီ)
၉.၁၂.၂၀၁၀

                                            ***********************************

ပြန်ဆုံခွင့်ပီးပါ..........


အဆိပ်တက်နိန်ရေ အချစ်
အိပ်ပျက်ဥာဉ်ဆိုးချေ
ရူးမိုက်နိန်ရေလို့ မပြောလိုက်ပါကေ့ဝေ
ဒေရင်မှာ တမ်းတနိန်မိလို့.........


မိန့်ဖျောက်ချင်ကေလည်း
စိုးမိုးရေ အသဲကို
လွမ်းလို့နိန်သူမို့
ခမ်းဖို့ဗျာလ် မျက်ရည်
ဒေလူကို ဖမ်းစားခသူချေ.......
ရူးရူးမူးမူး စွဲလန်းနိန်မိလို့
တမ်းတမ်းတတ သတိရနိန်မိရေ.....
မရေရာမှန်း သိခကေလည်း
တွယ်တာမှု ဆင့်ကဲပိုပနာ ....လွမ်းရေ...


အိပ်လို့နိန်ကေလည်း 
စွဲလို့နိန်တုန်းပါ
အပြုံးတိ မြင်ယောင်လို့
လန့်နိုးလာမိခါ
အိပ်စက်ဖို့ ဇာပိုင်လည်း မဖြစ်နိုင်
ညဉ့်တိ ဆက်ဗျာလ်လာ.
တခါခါ ထလို့ အော်မိရေ......
ရူးရဖို့ဗျာလ် ဝေ......


ဆွဲနှုတ်လို့မရ စိုက်မိရေ မြှားတစ်ချောင်း
နနုညညံ့ချေ နှိပ်စက်ခံရလို့
ပူလောင်စီရေ ဒေအသဲနုချေကို
ပိုမကွဲရအောင်လေ.......
ဒါဏ်ရာတိမပြင်းခင်လေ......
ပြန်ဆုံခွင့်ပီး ပါ.........။

**********************************************

ခရီးလမ်း ဆုဆောင်း


အချိန်တိကြာ တပြည်ရွာမှာ
ပညာမရှာ ပျင်းရိစွာနန့်
ကြောင်းရှာမရ ရမေပြဖို့
ဘ၀အောင်ပွဲ ဧကန်လွဲလို့…။
ငယ်ကမသိ အမှားဟိလည်း
မသိဘာသာ နီနိုင်ပါသိ
ဂုခါငါမှာ ကြီးရင့်လာလည်း
မှားစွာဇာလဲ အဖြေလွဲ ယင်း…။
သူသူငါငါ ခရီးမှာကား
ဝမ်းစာရရေး အောင်မြင်ရေးကို
လိုလားတောင်းတ ရှိကတ်ပါလည်း
စိတ်မှာမှိုင်တွယ် ပျင်းရိနွယ်ရစ်
ကျန်ရစ်နောက်က နောင်တမရ…။
ရက်ခြားမကြာ ဇ၀ီဇ၀ါ
တွေးခါလီလီ ဖြေသိစီဖို့
မညီလမ်းမှာ ယိမ်းယိုင်စွာနန့်
လားလာမှုကို ရပ်တန့်လီအောင်
စီစစ်ဆုံးဖြတ် ရပ်တည်ချက်တွက်
တွက်ချက်မှန်စီ အောင်နိုင်စီ
ခရီးလမ်းလား သူငါအများ
အမှားနည်းနိုင် ဂတ်ပါစီ..

************************************

အေဘ၀ကို လွန်ဖို့



တောတောင်စိမ်းလန်း ပြည်တ၀န်း
သာဘာဝထွက်ကုန် သုံးမကုန်
မြင်သာမြင်ရ မပိုင်ရ
ရက္ခိတနာမ အသုံးမရ
အို ရခိုင်ရို့ဘ၀ ဇောက်ထိုးကျ
ညီညွတ်ကတ်ဖို့က အပြောနန့်မရ
လက်ရှိဘ၀ ဒုက္ခကျ...။
ပင်လယ်ချောင်းမြောင်း များပြားကြောင်း
လူတိုင်းအတွက် အသုံးကောင်း
ခရီးလည်းတွင် သားငါးစုံလွင်
တန်ဖိုးဖြတ်မရ သာဘာဝ
ထုတ်ကုန်ပြန့်ဖြူး တချို့ပြုံး (စီးပွားရေးသမားတိ)
များပြည်သူမှာ မတတ်သာ
ချောင်းထဲးဆင်းပင် အခွန်ဆောင်
မြင်သာမြင်ရ မသုံးရ
ပိုင်ဆိုင်နိုင်ရေး ဟိုးးးးးအ၀ီး
ရခိုင်သာဘ၀ ရခိုင်မရ
ရခိုင်ရို့ဘ၀ ဇောက်ထိုးကျ
ညီညွတ်ကတ်ဖို့ အပြောနန့်မရ
လက်ရှိဘ၀ အစိုးမရ...။
ရခိုင်မြေပြင် ဘုံမိတင်
စိုက်သမျှဖြစ်ရ ဗျာဒိတ်ကျ
သစ်သီးစုံညီ ရက္ခမြေ
ဆန်စပါးထွက်ကောင်း မြေသြဇာကြောင့်
အစားအစာများပြား ပြည်တလွှား
အံ့သြစရာ တစ်ခုမှာ
ရခိုင်ပြည်တလွှား များသူမှာ
စားစရမရှိ များသူသိ
ထိုစားစရာ ဖြစ်ရပ်မှာ
မြင်သာမြင်ရ ၀မ်းမဝ
ပိုင်ဆိုင်ဖို့ရေး မတွေးရဲးးးးးးးးး
ရက္ခိတဘ၀ အစိုးမရ
ခိုင်မြဲဖို့က အပြောနန့်မရ
လက်ရှိဘ၀ ရက္ခိတ...။
ညီညာတက်ကြွ ဖက်စုံမှ
အပြောမှအလုပ် ပြောင်းကတ်ဖို့
သူငါမခြား ဆင်ခြင်အား
ပုဂ္ဂ္ဂိုလ်ရေးအမှား ဘေးဖယ်ထား
ငတ်မွတ်ပြည်သူ ၀ိုင်းဝန်းကူ
ရခိုင်ပြည်ပျက် ပြန်တည်ကတ်ခါ
နိုင်ရာကိုယ်စီ ပီးဆပ်နိုင်အောင်..။
************************

ချစ်စကားထက် သာသော

အချစ်တစ်ခုအတွက်
စုန်ဆန်စိတ်ကူး အပျော်နန့်ရူးဖို့အချိန်မဟိ
အေ စကားအတွက် မချစ်တတ်သူအဖြစ်
သမုဒ်ခံ ရင်နာစီကေ့လေ့ အပြစ်မမြင်ပါ
ဘ၀အတွက်စေတနာ နှစ်ဦးနှစ်ဖက်
နားလည်ပနာ တန်ဖိုးထားလို့
အမုန်းကင်းကေ ကျီပါယာ...။

အချစ်တစ်ခုကိုရဖို့
ဇ၀ီဇ၀ါဖြစ်စီအောင်
သူ့အကြိုက်ကိုမှန်းဆ
သနားတတ်အောင်ပြောပြ
ဝေတနာကို မျှဝီလိုပါရေ
မုဒ်သားနန့်အမှန်ကိုဖုံးတတ်
ဇီဇာကြောင်သူထဲးမှာ
မပါသူက ငါ
ဇာအတွက် အရာရာထက်
ဘ၀ကတန်ဖိုးကြီးစွာ ငါမသိဘဲ နိန်ဖို့လဲ...။
ဘ၀စာမျက်နှာတူလို့
ကြင်နာတတ်တေ တခုတွက်နန့်
ရှေ့နောက်မစိုင်းစား
အနာဂါတ်မှာ ဖြစ်ချင်ရာဖြစ်
တဇွတ်ထိုးချစ်မိခကေ
ဘ၀အတွက် အခက်တွိကေ
မင်းအတွက်ရာ နစ်နာမေ
ဘ၀ကိုတန်ဖိုးထားကေ အချစ်ကို မကစပ်ကေ့
စိတ်အလိုကို မလိုက်ပါကေ့..။

ဘ၀ခရီးတွက် သေချာတွက်ကြည့်ခါ
သူ့ဖက်ကိုယ့်ဖက် လိုအပ်ချက်က
မပါမဖြစ် မသိလို့မရ
ဖွင့်လင်းခါမှ စိတ်တူကိုယ်မကွာ
အရာရာကို ရင်ဆိုင်,နိုင်ရ
ပျော်စရာလမ်းပြ ဝေဒနာ နိန်ရာမရ
လိုရာခရီး ဖြောင့်ဖြူးရမေ...။

အော် ကိုယ်တန်ဖိုးထားရေသူ
တခြားသူကို တန်ဖိုးထားမိကေလေ့
ဖြေသိမ့်ပနာ တိုးတက်စီဖို့ ဆုတောင်ပီးမေ
ကိုယ့်ဘ၀ကိုတန်ဖိုးထားကေ
သူရို့ဘ၀တိလည်း တန်ဖိုးဟိစွာ မမိရ..။

အပြန်အလှန်မြတ်နိုးစိတ်နန့်
ခရီးတခုကို စိတ်နန့်ကိုယ် တူပေါင်းဖက်
နှစ်ဖက်လိုအပ်ချက်
ပွင့်လင်းစွာထိုးအပ် သိစေကတ်ပနာ
ခိုင်မာရေဘ၀တခုအတွက်
တန်ဖိုးထားပေါင်းဖက်ရကေ အချစ်ဆိုစွာ ပြောစရာလား..။

ပိုင်ဆိုင်ချင်စွာ ခန္ဓာမဟုတ်
ခိုင်မာမှုအာမခံနန့် ဘ၀အတွက်
တန်ဖိုးထားရဖို့ ခရီးတစ်ခုရာ
ပွင့်လင်းမှုကိုအရင်းတည်
သစ္စာကိုအလေထား
အပြန်အလှန်နားလည်ကတ်တေ အချစ်ဆိုစွာ ပြောစရာလား...။

ဖရန့်ခ် (လခြမ်းမြေ)
၂၁.၁၂.၂၀၁၀

********************

နှင်းစက်ပါမှ သဇင်လှ


သဇင်ပွင့်ဖို့ နှင်းစက်လို
သဇင်ဆိုရေ ပန်းအကြောင်းကို
ရခိုင်ဆိုရေ အကျွန့်ရို့အကြား
နားမဆန့်အောင်တင်စား
ပြောပြလိုက်မေ အမှန်တရား
သဇင်ဆိုရေပန်းမြတ် ပွင့်လန်းဖို့အရေး
ငွေမြူနှင်းစက် မလိုအပ်လား....။
တစ်ရက် တစ်လ တစ်နှစ်ဆိုပိုင်
ခေတ်အလီလီမပြတ်
သူသူငါငါ နှုတ်ထွက်
သဇင်ဆိုစွာ မြတ်တေအမျိုး
ပင်မြင့်မှာမှ ပွင့်ရေဆိုလည်း
မီးကြည့်ချင်ရေ ပန်းသဇင်, သဘောကြောင်း
ဇာမှာပွင့်ပွင့် အရေးမဟုတ်
မြူနှင်းမခို ပင်မြင့်မမှီ
မပွင့်နိုင်ရေ ပန်းရာမလား...။
သူ့ခေတ်သူ့ခါ တင်စားပါလည်း
ခေတ်သစ်မှာ ရခိုင်မျိုးရို့
စီစစ်ကတ်မေ ရခိုင်ပြည်အတွက်
စည်းလုံးမှုအတွက် စစ်တမ်းကောက်ကေ
နီရာကိုယ်စီ ရွီးကတ်ရခါ
သဇင်အဖြစ် ဂုဏ်ဝင့်ဖို့လား
နှင်းစက်အဖြစ် အကျိုးပြုဖို့လား....။
သဇင်ရာတစ်ခိုင်းတည်းဆိုကေ
ရခိုင်လည်း "တစ်ခိုင်"တည်းအဖြစ်တည်ရဖို့..
သဇင်ကိုအားသစ်လောင်းဖို့ ဇာသူကအဓိကကျ
အဖြေကအတိကျ
နှင်းစက်တိရာ ရှောင်လွဲမရ...။
သဇင်ကိုမြတ်နိုးကေ ရခိုင်ပြည်ကို မမိသင့်ရေ....
ရခိုင်ကိုမမိနိုင်ကေ နှင်းစက်ဖြစ်တေ အကျွန့်ရို့
ရောက်တေအရပ်က အကျိုးဆောင်ကတ်မေ...။
Frank Nai (လခြမ်းမြီ)
၈.၁၂.၂၀၁၀
***********************

မင်းမိကေလေ့



မတူညီရေ ရပ်တည်မှုနန့်
ခရီးလမ်းမှာ သူသူငါငါ
လိုရာလားခါ
အောင်မြင်သည်ဖြစ်ဖြစ်
မအောင်မြင်သည်ဖြစ်ဖြစ်
အတိတ်ဆိုရေ ဖြစ်ပျက်ချေတိကို
မိတတ်တေသဘောက
သူသူငါငါ ရှိတတ်စွာက
ပြောဖို့မလိုရေ လောကဖြစ်ရပ်တခု....။

ယေကေလေ့သော့....
မင်းနန့်ငါကြား အေစကားကို
အရေးတကြီး ပြောကတ်ရသိ...။

အဝေ သူငယ်ချင်း
ငယ်ချေကပင်
လက်ချင်းတွဲဆက် ပျော်တိဆက်ပနာ
လားတူ စားတူ အိပ်အတူ
အေကြောင့်တိပင် မင်းနန့်ငါမှာ
ရည်ရွယ်ချက်နန့် နာဂါတ်တိက
မ၀ီးချိန်တိ တူညီခလို့.... ကျေနပ်တေ...။

FRANK NAI (လခြမ်းမြီ
**************************************


ရန်ကြွီး ကျောက်စာ


အနိန်ဝီးလို့ သဘောကွဲဗျာယ်
ဦးတည်ရာပြောင်း မပြောကောင်းလေ့
ပြောပြလိုက်မေ တစ်ခွန်းချေ
အသားထဲးလောက်ထွက် နှုတ်ကအဆိပ်ထွက်တေ
မင်းအာဏာစက် မိစ္ဆာစိတ်ကို
တွိကေမစိုင်း စိစိကြိုက်လို့ ငါနှုတ်ယူမေ....။

အချိန်ကျလို့ မျက်နှာဆိုင်ကေ
ပြည်ကိုမချစ် မျိုးရိုးဖျက်တေ
သွီးညစ်စီးဝင် စိတ်ထင်စိုင်းရေ
သွီးရင်းညီကို ဖြစ်နီကေလေ့
ငါကမတွန့် အသက်ထွက်တိုင်
ပြုံးနန်းခြီဖျက် မင်းအသက်ကို
အသားကျီးစာ အရိုးခွီးစာ
အေ ကဗျာသည် ရသမမြောက်
လင်္ကာပျော့ကေလေ့
ငါတွက်တော့ခါ သားထွက်လောက် တွက်
ရန်ကြွီးကျောက်စာ တသက်စာ...
မင်းတွိချိန်မှာ မြင်နိုင်ခကေ
မျက်တောင်မခတ် ဖတ်နိုင်စီ...။

FRANK NAI (လခြမ်းမြီ)
၁၅.၉.၂၀၁၀
************************

တိုင်တည်ခြင်း


အို့ .....အသျှင်
အသျှင့်မြေကို
အသျှင်တခေါက်
လာကြည့်လတ်ချက်။။

ပျော်ရွှင်မှုကင်း
သောကတွင်းက
ကိုလိုနီခေတ်သစ်ဘဝ။။

အို့ .....အသျှင်
အသျှင့်မွီးရပ်
ဇာတိရပ်က
သယံဇါတ
ပေါကြွယ်ဝလည်း
ဗမာ့ခေတ်သစ်
နယ်ချဲ့စနစ်ကြောင့်
မီးရောင်ဗလာ
ညဥ့်မှောင်မှောင်မှာ
စမ်းလျှောက်နိန်ရရေ အသျှင်။။

အို့ ....အသျှင်
တခါတလီလေ......
အသျှင်မြွားကြား
မိန့်ခွန်းတိနန့်
အသျှင်ဟစ်ကြွေး
ဆန့်ကျင်တေးလည်း
ကိုယ့်လူမျိုးအတွက် ...မဟုတ်
ဗမာနယ်ချဲ့တိအတွက်ရာလား ထင်မိရေ။။

အို့ ....အာဂအသျှင်
အသျှင်ရေ နီဝန်းတမျှ
ပီးဆပ်ခလည်း
အသျှင့်ကျေးဇူး
ဗမာမသိဖူး။
အသျှင်အတွက့်
တစ်နီရာချေတောင်
သူရို့ မပီးဖူး။။

တိုင်းရင်းသားတိ
သွီးချွှေးခင်းဗျလ်
တိုက်ခရေ လွတ်လပ်ရေး
နောက်ဆုံးမှာ
ဗမာ့လွတ်လပ်ရေး-.......

အို့....အသျှင်
'နောက်ဆုံးမှာ မှန်ကန်ရေ
တရားရာ အောင်နိုင်စမြဲရာ'
..... ... .... လားယေ။။

***************************************


မွီးရပ်မြီအလွမ်း


တောင်ဇိုင် တောင်တန်း
ရိုးမတောင် စည်းခြား
ရီပြင်ကျယ် ပင်လယ်ပြာနန့်
အုန်းတောက စစီ ရရီ
သောင်ပြင်မှာခရုကောက်လို့
ကဇက်ခ ငယ်ကျွမ်းဆွေကို
အ၀ီးကနိန် လွမ်း..
.......................
မိဖဆွေသဟာ
ဆရာနန့်သူငယ်ချင်း
နိန်ကောင်းဖို့တောင်းဆုခြွီ
ဝီးချိန်မှတမ်းတ
အောက်မိ အခါခါ
စဉ်းစားလို့ ကြည်နူး
မွီးရပ်မြီ မှာ နိန်ချင်ပါကေလေ့
လွမ်းရေးထက် ၀မ်းရေးခက်နိန်လို့
အိမ်ပြန်ချိန် မရောက်နိုင်....
...............................
စစ်တွေက ပွိုင့်အလှ
ဘုရားကြီးနန့် သလုံးတော်
ကျောက်တော်မှာ ရှင်မုနိ
မင်းပြားက ကျိမ်းတောင်
ဦးရာဇ်တောင် ပုဏ္ဏာကျွန်း
ဓါတ်တော် မွီ အလီလီနန့်
ငါ့ဇာတိ ငါ့ဌာနီမှာ
ဘုရား ပုထိုး ပေါများ
ရှစ်သောင်း နန့် ဒုက္ကသိမ်
တန်ခိုးရှင် မာန်ငါးပါး
နန်းတော်ရာ ကျုံးမြို့ရိုးနန့်
ရွှေမြောက်ဦးလို့ ထင်ရှားခ
တခေတ်ကဓည၀တီ
လေးမြို့နန့် လောင်းကြက်
အောက်မိခဝေသာလီ
.....................
အတွေးနန့် နယ်ချဲ့
စေတီတော်အဆူဆူကို
ကြိမ်ဖန်များစွာဖူးရစီချင် //

*************

ရခိုင့်သဇင်



စိမ်းဖန့်ဖန့် ပွင့်ချပ်
အရင်းမှာ ၀ါရောင်သန်းရေ
ရိုးတံမွာ သြယ္လ်
သဇင်ခိုင် ညှာတံလှသျှေနန့်
သင်းပျံ့တကြိုင်ကြိုင်......
................................
ပင်မြင့်မှာပွင့်လန်း
ပန်းလှသဇင်ခိုင်
မြီမှာကြွီမခဘဲ
ပင်မြင့်စံ ရွှေခိုင်ပန်းကို
ဆွတ်ခူးဖို့ အလှမ်း..........
...............................
အင်ကြင်း၊မာလာ ပန်းတကာအလှ
တစ်တောလုံး ကြိုင်ကာသင်းနိန်လေ့
ငါ့ရင်မှာဖြိုက်တည်
ပန်းသဇင်ကိုရာတန်ဖိုးထားသူမို့
မမှီနိုင်ဂုဏ်ရောင်တင့်ကေလေ့
အ၀ီးကရာမျှော်မှန်း........
................................
မိပျောက်ဖို့မလွယ်နိုင်
အဖိုးတန်သဇင်မျိုး
ဂုဏ်ရှိသူပန်ဆင်ဖို့
မျိုးသုန်းမပျောက်ကွယ်
အမျိုးမှန်အဖိုးတန်သူ
ရခိုင်သူသျှေ ပန်ဆင်ထား
ဆံထက်ကပန်းသဇင်
ဇာပန်းက တုပြိုင်နိုင်လီဖို့
အလှမှာ အယဉ်ဆင့်ရေ
မြင်သူမှာရင်အီး
စိတ်နှလုံးကြည်ရွှင်
ဒေလူ ရင်သောကမီးကိုငြိမ်းချမ်းလို့အီး....။ ။

*******************

၂၂၆ နှစ်ပြည့် ရခိုင်ဘုရင့် နိုင်ငံတော်ကျဆုံးရေ နိန့်သို့ တပ်လှန့်ခြင်းသလွှင်


ပန်းတိုင်သို့
မျိုးချစ် ရဲဖော်ရို့-----
တော်လှန်ရေးလမ်းတစ်လျှောက်
အမှန်တရား မပျောက်အောင်
ဟန်ဆောင်နိန်မှု၏ အပြင်ဖတ်
ရုန်းထွက်နိုင်အောင် ကြိုးစား
လွတ်လပ်မှုတရား အတွက်
ဝံသာနုရက္ခိတ စိတ်ဓါတ်နန့်
ခရီးဆက်ကပ်မေ လယ်----။ ။
         ဇာတိမာန်
အဖိနှိပ်ခံ ဘ၀ကျွန်
တွန်းလှန်ဖယ်သျှား နယ်ချဲ့များကို
စွန်းအားပြောင်ပြောင် မျိုးဂုဏ်ဆောင်
အမှောင်ကိုခွင်း ရန်စွယ်သျှင်း
ထွန်းလင်းဂုဏ်ရောက် ပြန်တည်ဆောက်
နန်းပျောက်မခံ အာရ်ကန်---။   ။   ။